ပါဝင်သူများ၏အချက်အလက်စာရွက်

အထောက်အကူပြုပစ္စည်းများအကြောင်းသင်တန်း(TAP) မှကြိုဆိုပါတယ်။

TAP၏အချက်အလက်များ: TAP သည်အွန်လိုင်း မှသင်ယူနိုင်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး အောက်ဖော်ပြပါဝန်ဆောင်မှုပေးသူ များအတွက်ရည်ရွယ်ပါသည်-

  • အထောက်အကူပြုပစ္စည်းလိုအပ်သူများကိုခွဲခြားသတ်မှတ်ပေးသူများ
  • ရိုးရှင်းသော အထောက်အကူပစ္စည်းတွေကို ပံ့ပိုးပေးသူများ
  • အထောက်အကူပစ္စည်းလိုအပ်သူများအတွက်ပိုမိုလက်လှမ်းမှီစေရန်ထောက်ပံ့ရန် စိတ်ဝင်စားသူများ

TAPကို ကွန်ပျူတာ၊ တက်ဘလက် (သို့) စမတ်ဖုန်းကိုသုံးပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

TAP ဒေတာစုဆောင်းခြင်း -TAPသည်(သင်အပါအဝင်)သင်ယူသူများ၏အချက်အလက်များကို TAP မှတ်ပုံတင်ခြင်းနှင့် ပြန်လည်သုံးသပ်လေ့လာခြင်းစစ်တမ်းများမှတစ်ဆင့် ရရှိသည်။ ဆွေးနွေး ပွဲ ဖိုရမ် တွင် လည်း သင်ယူ သူ များ ထံ မှ စိတ်ဝင်စားမှုအပိုင်းများ နှင့် မေးခွန်း များ ကို မှတ်တမ်းတင် ထား သည် ။ မော်ဂျူးများမှဉာဏ်စမ်း ရမှတ်များကိုလည်း စုဆောင်းထားပါသည်။

လေ့လာသူများ၏အချက်အလက်ကို အသုံးမပြုမီ နာမည်နှင့် ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်အလက်ကို သီးခြားဖယ်ရှားထားမည်ဖြစ်သည်။ဤနည်းဖြင့်အချက်အလက်များကိုကြည့်ရှုသူမည်သူမဆို ကိုယ်ရေးအသေးစိတ်အချက်အလက်များကို သိရှိနိုင်မည်မဟုတ်ပါ။

  • TAP ကိုစိတ်ဝင်စားမှု ဘယ်လောက်ရှိသလဲ (ဥပမာအားဖြင့် TAPရောက်ရှိနိုင်သည့်နိုင်ငံအရေအတွက်)၊
  • TAPကဘယ်လိုကောင်းကောင်းအလုပ်လုပ်နေသလဲနှင့်မည်ကဲ့သို့တိုးတက်လာနိုင်သနည်း
  • မည်သည့်TAP၏သင်ခန်းစာအစိတ်အပိုင်းကိုလူများကစိတ်ဝင်စားသနည်းနှင့်၎င်းတို့မှTAPအားမည်ကဲ့သို့အသုံးပြုမည်နည်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းသည် မဖော်ပြထားသောအချက်အလက်ကို လုံခြုံစွာ ထိန်းသိမ်းထားသည်။ ယင်းကို အခြားTAP စီမံကိန်းများမှ ဒေတာများနှင့် ပေါင်းစပ်ပြီး စီမံကိန်း လုပ်ဖော်ကိုင်ဖက်များ၊ အလှူရှင်များနှင့် သုတေသီများအား မျှဝေသွားမည်ဖြစ်သည်။