TAPတွင်မပါဝင်သောမိမိကိုယ်ကိုပြုစုစောင့်ရှောက်နိုင်သောအကူပစ္စည်းကိရိယာများ

ခေါင်းစဉ်တိုးတက်မှု -

အချို့သော မိမိကိုယ်ကိုပြုစုစောင့်ရှောက်နိုင်သောအကူပစ္စည်းကိရိယာများသည် TAP ထုတ်ကုန် မော်ဂျူးများတွင် အကျုံးမဝင်ပါ။။
အကြောင်းမှာသူတို့သည် ထောက်ပံ့ပေးရန် လေ့ကျင့်မှုပိုလိုအပ်သောကြောင့်ဖြစ်သည်။

ဤ မိမိကိုယ်ကိုပြုစုစောင့်ရှောက်နိုင်သောအကူပစ္စည်းကိရိယာများ၏ ဥပမာတစ်ခုအကြောင်း လေ့လာရန် ဆက်လက်ဖတ်ရှုပါ။

ဖိအားဒဏ်ရာများကို ကာကွယ်ရန်မိမိကိုယ်ကိုပြုစုစောင့်ရှောက်နိုင်သောအကူပစ္စည်းကိရိယာများ

ဖိအားအနာတစ်ခုမှာ ဖိအားကြောင့်ဖြစ်ပေါ်လာသော အရေပြားပျက်စီးခြင်းဖြစ်သည်။ ၎င်းသည် အများအားဖြင့် အရိုးပေါ်တွင်အဖြစ်များပြီးခံစားမှု (သိမှု) (သို့) ရွေ့လျားခြင်းနှင့် အနေအထားပြောင်းလဲရန် ခက်ခဲနေသူများအတွက် အဖြစ်များသော ပြဿနာတစ်ခုဖြစ်သည်။

ဖိအားအနာများသည် ခံစားချက် (သို့)လှုပ်ရှားမှုနည်းသူများ၊ ဘီးတပ်ကုလားထိုင်အသုံးပြုသူများ (သို့)အချိန်အကြာကြီး လဲလျောင်းနေသူများတွင် အဖြစ်များသောပြဿနာတစ်ခုဖြစ်သည်။

ဖိအားအနာများကို ကာကွယ်ရန် မတူညီသော မိမိကိုယ်ကိုပြုစုစောင့်ရှောက်နိုင်သောအကူပစ္စည်းကိရိယာများကို အသုံးပြုနိုင်သည်။

ဘီးတပ်ကုလားထိုင်များကိုအသုံးပြုသူများနှင့်ဖိအားဒဏ်ရာရနိုင်ချေများသူများသည်၎င်းတို့၏ဘီးတပ်ကုလားထိုင်တွင် ဖိအားကိုသက်သာစေသော ကူရှင်များကိုအသုံးပြုသင့်သည်။

ထိုင်ခုံပေါ် ဖိအားဖြန့်ချနိုင်ရန် ထူထဲသောကူရှင်ဖြင့်ပုံသွင်းထားသော ဘီးတပ်ကုလားထိုင်။

ဖိအားအနာဖြစ်နိုင်ချေရှိသောသူများသည် ၎င်းတို့၏အိပ်ရာပေါ်တွင် သတ်မှတ်ပေးထားသော ဖိအားသက်သာသည့်မွေ့ရာကို အသုံးပြုသင့်သည်။

အပေါ်ထပ်တွင် အမြှုပ်တထပ်ဖြင့် ထူထဲသောမွေ့ရာ။ အခင်းတစ်ခုက မွေ့ယာတစ်ဝက်ကို ဖုံးနေတယ်။

မပျောက်ကင်းသည့် ဖိအားပေးအနာသည် ပြင်းထန်သောကျန်းမာရေးအန္တရာယ်ဖြစ်သည်။ စောလျင်စွာကုသမှုဖြင့် ပိုမိုဆိုးရွားခြင်းမှကာကွယ်ရန်အရေးကြီးသည် ။

ဖိအားအနာရှိသူ မည်သူမဆို ဆေးကုသမှုလိုအပ်သည်။

ဖိအားဒဏ်ရာတွေနဲ့ပတ်သက်တဲ့နောက်ထပ်အချက်အလက်တွေကိုTAP သွားလာလှုပ်ရှားမှုအတွက်အထောက်အကူပြု ပစ္စည်းကိရိယာများ မော်ဂျူးတွင်ကြည့်ပါ

သင်ခန်းစာ၂ပြီးပါပြီ

မေးခွန်းများ (သို့)မှတ်ချက်များ ရှိလျှင်ဆွေးနွေးပွဲ ဖိုရမ်မှာ တင်ထားပါ။

ဆွေးနွေးပွဲ ဖိုရမ်