အထောက်အကူပြုပစ္စည်းများကိုအသုံးပြုသူများ
လူအများစုသည် အထောက်အကူပစ္စည်းများကို အသုံးပြုကြသည်။ ၎င်းတွင် -
- ကလေးများ၊ လူကြီးများနှင့် သက်ကြီးရွယ်အိုများ
- မသန်စွမ်းသူများ
- ကျန်းမာရေးမကောင်းသူများ
လူတို့သည် အထောက်အကူပြုပစ္စည်းတစ်ခုထက်မက လိုအပ်လေ့ရှိသည်။ ဥပမာအားဖြင့်:
- လှုပ်ရှားမှုခက်ခဲပြီး အမြင်အာရုံချို့တဲ့သည့် ကလေးတစ်ယောက်သည် ဘီးတပ်ကုလားထိုင်ကိုသုံးပြီး မျက်မှန်ကိုအသုံးပြုခြင်းဖြင့် လွယ်ကူစွာသွားလာနိုင်သည်။
- သက်ကြီးရွယ်အိုတစ်ဦးသည် ခြေထောက်ဒဏ်ရာမရစေရန် တုတ်ကောက်များ၊ နားကြားကိရိယာများနှင့်ကျန်းမာရေးအထောက်အကူပြုဖိနပ်များ အသုံးပြုနိုင်သည်။
ဂျူနှင့်တွေ့ဆုံခြင်း
ဂျူတွင်လှုပ်ရှားမှုနှင့် စကားပြောခြင်းကို ထိခိုက်စေသည့် သူငယ်နာအကြော ရောဂါရှိ သည် ။ ရွေ့လျားသွားလာရန်နှင့်မတ်မတ်ထိုင်ရန် ဘီးတပ်ကုလားထိုင်ကိုသုံးသည်။ သူမ၏ မိတ်ဆွေများ၊ မိသားစုနှင့် ဆက်သွယ်ရန်၊ ကျောင်းတွင်အသုံးပြုရန်စာဖြင့်ဆက်သွယ်ရန် စာအုပ်များနှင့်ကဒ်ပြားများကိုအသုံးပြုသည်။
မက်သီယပ်စ်နှင့်တွေ့ဆုံခြင်း
မက်သီယပ်စ်သည်သူ့ဇနီးနှင့်အတူအိမ်တွင်နေသည်။ သူ့တွင် ဆီးချိုရောဂါရှိပြီး သွားလာရန်ခက်ခဲသည့်အတွက်အိမ်နှင့်ဥယျာဉ်အတွင်းလမ်းလျှောက်ရန်ဘီး၄ဘီးပါသော လမ်းလျှောက်လက်ကိုင်တွန်းလှည်းကို အသုံးပြုသည်။
မက်သီယပ်စ်သည် ဆီးမထိန်းနိုင်သဖြင့် ရပ်ကွက်ထဲသွားသည့်အခါအညစ်အကြေးထိန်းပေးသည့်စုပ်ယူနိုင်သောပစ္စည်းများကို အသုံးပြုခြင်းဖြင့်ယုံကြည်စိတ်ချစွာသွားလာနိုင်သည်။
စမြူးနှင့်တွေ့ဆုံခြင်း
စမြူးသည်ဒေါင်းရောဂါရှိသည့်ဆယ်ကျော်သက်တစ်ယောက်ဖြစ်သည်။ သူသည်ဆရာဝန်ညွှန်းသည့် အထူးပြုလုပ်ထားသောမျက်မှန်နှင့် နားကြားကိရိယာကိုအသုံးပြုသည်။ သူသည်မကြာခဏ စိတ်ပျံ့လွင့် တတ်သဖြင့် မှတ်မိစေရန် အိမ်ရှိသင်ပုန်းအဖြူနှင့် မိုဘိုင်းဖုန်းပရိုဂရမ်ကိုအသုံးပြုသည်။
ဆွေးနွေးပွဲ ဖိုရမ်တွင်ပါဝင်ပါ
- မိမိကိုယ်ကို နှင့်မည်သည့်နေရာမှလာကြောင်းမိတ်ဆက်ပါ။
- အထောက်အကူပြုပစ္စည်းများကို ကိုယ်တိုင်အသုံးပြုသလား၊ (သို့) ဤမော်ဂျူးကို ဘာကြောင့် ပြီးစီးအောင်လုပ်နေတာလဲဆိုတာဝေမျှပါ။
သင်သည်သင်ခန်းစာ၁ပြီးစီးပြီဖြစ်ပါသည်။