လူတွေမှာ မိမိကိုယ်ကိုပြုစုစောင့်ရှောက်ခြင်းအခက်အခဲတွေ ရှိရင် ဘာလုပ်ရမလဲ
လူများအား ၎င်းတို့၏ မိမိကိုယ်ကိုပြုစုစောင့်ရှောက်ခြင်းကို ပိုမိုလွယ်ကူစွာ စီမံခန့်ခွဲနိုင်စေရန် ကူညီခြင်းသည် လူတစ်ဦး၏ ဘဝအရည်အသွေးကို ကြီးမားစွာ ပြောင်းလဲသွားစေနိုင်သည်။ ဥပမာအားဖြင့်၊ လူများသည်-
- မိမိကိုယ်ကိုပြုစုစောင့်ရှောက်ခြင်းအချိန်ကို လျော့နည်းစေပါသည်
- ပိုပြီးလွတ်လပ်မှုရှိပါသည်
- အလုပ်အကိုင်၊ ကျောင်းနှင့် လူမှုအသိုင်းအဝိုင်းတွင် ပါဝင်နိုင်ပါသည်။
သူတို့ရဲ့ မိမိကိုယ်ကိုပြုစုစောင့်ရှောက်ပုံအကြောင်း လူတွေနဲ့ စကားပြောဖို့ အမြဲသတိရပါ။ လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲပေးနိုင်တဲ့ ဖြေရှင်းနည်းတွေကို အတူတူ အဖြေရှာနိုင်ပါလိမ့်မယ်။
မိမိကိုယ်ကို ပြုစုစောင့်ရှောက်ရန် အခက်အခဲရှိသူတစ်ဦးသည် ဤ မော်ဂျူးတွင် မိတ်ဆက်ထားသော အထောက်အကူပြု ပစ္စည်းအချို့မှ အကျိုးကျေးဇူးရရှိနိုင်ပါသည်။
အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးရန် အဆင့်လေးဆင့်ကို အမြဲသတိရပါ ။ရွေးချယ်ခြင်း၊ အံဝင်ခွင်ကျအောင်တပ်ဆင်ခြင်း၊ အသုံးပြုခြင်း ၊ ရက်ချိန်းလာပြခြင်း)
မိမိကိုယ်ကိုပြုစုစောင့်ရှောက်နိုင်သောအကူပစ္စည်းကိရိယာအချို့နှင့် အဆင့်လေးဆင့်ကို မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို TAP ထုတ်ကုန် မော်ဂျူးများတွင် ဖော်ပြထားသည် ။
အခြားထုတ်ကုန်များအတွက်၊ သင့်ဧရိယာတွင် ဝန်ဆောင်မှုတစ်ခုရှိမရှိကို ကြည့်ရှုပါ။
တစ်စုံတစ်ဦးအတွက် မိမိကိုယ်ကိုပြုစုစောင့်ရှောက်ခြင်းပိုမိုလွယ်ကူစေရန်၊ အထောက်အကူပြုပစ္စည်းများသည် ဖြေရှင်းချက်တစ်စိတ်တစ်ပိုင်းသာ ဖြစ်နိုင်ပါသည်။
မေးခွန်း
မိမိကိုယ်ကိုပြုစုစောင့်ရှောက်ရန်ပိုမိုလွယ်ကူစေမည့် နည်းလမ်းများကို အောက်တွင် ကြည့်ရှုပါ။
တစ်စုံတစ်ယောက်အတွက် မိမိကိုယ်ကိုပြုစုစောင့်ရှောက်ခြင်းပိုမိုလွယ်ကူစေရန် အထက်ပါနည်းလမ်းသုံးမျိုးစလုံး လိုအပ်ပါသည်။
သင့်အခန်းကဏ္ဍနှင့် သင်ပံ့ပိုးပေးသည့် ဝန်ဆောင်မှုအပေါ်မူတည်၍ လူများကို ၎င်းတို့၏ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ကူညီပေးနိုင်သည် (သို့) မိမိကိုယ်ကိုပြုစုစောင့်ရှောက်မှုပုံစံကို ပြောင်းလဲနိုင်သည်။
နောက်ထပ်အကူအညီအတွက် လူများကို ပြန်လည်ထူထောင်ရေး ဝန်ဆောင်မှုကဲ့သို့သော အခြားဝန်ဆောင်မှုများသို့ လွှဲပြောင်းပေးနိုင်ပါသည်။
ဆွေးနွေးခြင်း
သင့်ဒေသတွင် ဘယ်အရင်းအမြစ်တွေ (သို့) ဝန်ဆောင်မှုတွေ ရှိသလဲ။
- TAPတွင်မပါဝင်သည့်မိမိကိုယ်ကိုပြုစုစောင့်ရှောက်နိုင်သောအကူပစ္စည်းကိရိယာများထောက်ပံ့ပါသလား (ဥပမာ ဖိအားသက်သာသည့် ကူရှင်များနှင့် မွေ့ယာများ၊ ပြုပြင်ထားသော မီးဖိုချောင်သုံးပစ္စည်းများ)
- လူများအား ၎င်းတို့၏ အိမ်ပတ်ဝန်းကျင်ကို လိုက်လျောညီထွေဖြစ်အောင် ကူညီပေးပါ (ဥပမာ- ဆင်ခြေလျှောတစ်ခု ချထားခြင်း၊ ဆုပ်ကိုင်ရန်လက်ရမ်း၊ ဘားတန်း ထည့်ခြင်း၊ ရေနှင့် အဝတ်လျှော်စက်များကို ပိုမိုအသုံးပြုနိုင်စေရန်) ကူညီပေးပါသလား
- လူတွေကို သူတို့ရဲ့ မိမိကိုယ်ကိုပြုစုစောင့်ရှောက်ခြင်း၏ မတူညီတဲ့ နည်းလမ်းတွေကို လေ့လာဖို့ ကူညီပေးပါသလား။
အခု သင်ခန်းစာသုံးပြီးသွားပြီ!
မေးခွန်းများ (သို့)မှတ်ချက်များ ရှိလျှင်ဆွေးနွေးပွဲ ဖိုရမ်မှာ တင်ထားပါ။