အိမ်သာ(သို့)ရေချိုးခန်းသုံးကုလားထိုင်ကို သန့်ရှင်းရေးလုပ်ခြင်းနဲ့ ကြည့်ရှုစောင့်ရှောက်ခြင်း
လူတစ်ဦးနှင့် ၎င်းတို့၏ ပြုစုစောင့်ရှောက်သူ (သို့)မိသားစုအား သင့်လျော်သောနေရာတွင် ၎င်းတို့၏ အိမ်သာ(သို့)ရေချိုးခန်းသုံးကုလားထိုင်ကို မည်ကဲ့သို့ ဂရုစိုက်ရမည်ကို သင်ကြားပေးပါ။ ယင်းက ကုလားထိုင်ကို ကောင်းမွန်သောအခြေအနေတွင် ဆက်ရှိနေစေပြီးကြာရှည်တည်တံ့စေပါလိမ့်မည်။
အိမ်သာ(သို့)ရေချိုးခန်းသုံးကုလားထိုင်ကို သန့်ရှင်းရေးလုပ်ပုံ-
- အိမ်သာသုံးကုလားထိုင်တစ်လုံးရဲ့ ဖယ်ထုတ်လို့ရတဲ့ပုံးကို ဆပ်ပြာနဲ့ သန့်စင်ပေးသင့်တယ်။
- အိမ်သာ(သို့)ရေချိုးခန်းသုံးကုလားထိုင်များကို နူးညံ့သော သန့်ရှင်းရေးလုပ်သည့်ပစ္စည်းဖြင့် မှန်မှန်သန့်ရှင်းသင့်သည်။ အဆင့်တစ်ဆင့်ခြင်းပြုလုပ်ပါ။ သန့်ရှင်းရေးအတွက် ဖယ်ရှားလို့ရတဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားပြီး နောက်မှပြန်တပ်ဆင်ပါ။ အထူးသဖြင့် ထိုင်ခုံ၏အောက်ဘက်ကိုမမေ့ပါနဲ့။
- ကုလားထိုင်ကိုခြောက်သွေ့တဲ့နေရာမှာ သိမ်းထားပါ။
အိမ်သာ(သို့)ရေချိုးခန်းသုံးကုလားထိုင်ကို အိမ်အပြင်ဖက်မိုးရေထဲမှာ ဘယ်တော့မှ မထားပါနဲ့!
အိမ်သာ(သို့)ရေချိုးခန်းသုံးကုလားထိုင်ကို သန့်ရှင်းရေးလုပ်သည့်အပြင် မည်သည့်လက္ခဏာကိုမဆို မှန်မှန်စစ်ဆေးရန် အရေးကြီးသည်–
- သံချေး
- ဘောင်တွင်အက်ကြောင်းများ
- ဝက်အူများချောင်နေခြင်း
- ဘရိတ်များလျော့ နေခြင်း
- ထိုင်ခုံပေါ်မှာ အက်ကြောင်းများ(သို့)စုတ်ပြဲခြင်း
- ဖယ်ထုတ်လို့ရတဲ့ပုံးထဲက အက်ကြောင်းများ
ရက်ချိန်းလာပြချိန်တွင်ဒီလက္ခဏာတွေထဲက တစ်ခုခုကို တွေ့ရရင် ဘာလုပ်ရမလဲဆိုတာကို ဆက်ဖတ်ကြည့်ပါ။
သင်သည် သင်ခန်းစာ၄ကို ပြီးစီးခဲ့ပြီ
မေးခွန်းတွေ (သို့)မှတ်ချက်များ ရှိမယ်ဆိုရင် ဆွေးနွေးပွဲ ဖိုရမ်မှာ တင်ထားပါ။