အဆင့်၃ - အသုံးပြုခြင်း
အထောက်အကူပြုပစ္စည်းများ၏ အသုံးပြုပုံကိုသင်ကြားပေး ခြင်းသည်လူနာများအားဘေးကင်း လုံခြုံ မှု ရှိကြောင်းသေချာစေပြီး အကျိုး ကျေးဇူးအများ ဆုံး ရရှိ ပါ လိမ့်မည် ။
TAPအထောက်အကူပြုပစ္စည်းတိုင်းတွင်လူအများကိုအသုံးပြု ရန် နှင့် ကြည့်ရှုစောင့်ရှောက် ရန် မည်သို့ သင်ကြား ရ မည်ဟူသောသတင်း အချက်အလက် များ ပါဝင် သည် ။
လူတစ်ဦးအားကျွမ်းကျင်မှုအသစ်တစ်ခု သင်ပေးရာတွင် အထောက်အကူပြုနိုင်သည့် အဆင့်သုံးဆင့်ကို အောက်တွင်ဖတ်ပါ။
အထောက်အကူပြုပစ္စည်းကို မည်သို့အသုံးပြုပြီး ကြည့်ရှုစောင့်ရှောက်ရမည်ကို အဆင့်သုံးဆင့်ဖြင့်လေ့ကျင့်နိုင်သည်။
- ရှင်းပြခြင်း
- သရုပ်ပြခြင်း
- လက်တွေ့လေ့ကျင့်ခြင်း
မိုက်ကယ်ကို မှတ်မိပါသလား
မိုက်ကယ်သည် မျက်မမြင်လမ်းလျှောက်တုတ်ကိုရရှိသောအခါ မည်သို့အသုံးပြုရမည်ကို ထောက်ပံ့သူကသင်ပေးခဲ့သည်။
သူတို့သည် အိမ်၊ စာသင်ခန်းနှင့် ကစားကွင်းတို့တွင် အတူတကွ လေ့ကျင့်ခဲ့ကြသည်။ ယုံကြည်စိတ်ချရသောအခါ ကျောင်းသို့ လမ်းလျှောက်သွားကြသည်။ ယခုအခါမိုက်ကယ်သည်လမ်းလျှောက်ခြင်းကိုသူကိုယ်တိုင် နှင့် သူ ၏သူငယ်ချင်းများနှင့်အတူတကွ ပြုလုပ် နိုင် ပါ သည် ။
ထောက်ပံ့ ပေး သူက မိုက်ကယ် နှင့်မိဘ များ ကို မျက်မမြင်လမ်းလျှောက်တုတ်အား မည်သို့ ထိန်းသိမ်း ရ မည် ကို လည်း ပြသ ခဲ့ ပြီးပြဿနာ ရှိလာလျှင် စင်တာ ကို မည်သည့် အချိန် တွင် ဆက်သွယ် ရ မည် ကို လည်း ပြောပြ ခဲ့ သည် ။
စမြူကိုမှတ်မိပါ သလား
စမြူသည် သင်ပုန်းအဖြူနဲ့ ဖုန်းကိုသုံးပြီး ပြုလုပ်ရမည့်ကိစ္စရပ်များကိုသတိရစေသည်။ စမြူသည်နေ့စဉ်အထောက်အကူပစ္စည်းတွေကိုမည်သို့အသုံးပြုရမည်ကိုစီစဉ်ရန် သူ၏မိသားစုနှင့်အတူ အချိန်ယူခဲ့ရသည်။ ထို့နောက် သူသည်လုပ်ငန်းဆောင်တာများကို ဝန်ဆောင်မှုထောက်ပံ့ပေးသူနှင့်မိသားစု၏ထောက်ပံ့မှုဖြင့် လက်တွေ့လေ့ကျင့်ခဲ့သည်။