TAPတွင်ပါဝင်သောမိမိကိုယ်ကိုပြုစုစောင့်ရှောက်နိုင်သောအကူပစ္စည်းကိရိယာများ
TAP မော်ဂျူးများတွင် အသုံးအများဆုံး မိမိကိုယ်ကိုပြုစုစောင့်ရှောက်နိုင်သောအကူပစ္စည်းကိရိယာများ ပါဝင်သည် -
- ရေချိုးရန်သုံးသောကုလားထိုင်များ
- အိမ်သာသုံးကုလားထိုင်များ
- အညစ်အကြေးထိန်းပေးသည့်စုပ်ယူနိုင်သောစ္စည်း
- ဆီးပိုက်များ
- အဝတ်အစားဝတ်ရန်အကူပစ္စည်းများ
- စားသောက်ရန်အကူပစ္စည်းများ။
ဒီထုတ်ကုန်ပစ္စည်းတွေကို အတိုချုပ်မိတ်ဆက်ဖို့ ဖတ်ကြည့်ပါ။
ရေချိုးရန်သုံးသောကုလားထိုင်များ
ရေချိုးခန်းသုံးကုလားထိုင်များကိုရေချိုးနေစဉ်လူတစ်ဦးထိုင်နိုင်ရန်ရေချိုးခန်း (သို့)ရေချိုးရန်နေရာတွင်ထားရှိသည်။
ရေချိုးချိန်တွင်မိမိကိုယ်ကိုမတ်တတ်မရပ်နိုင်သောသူ၊ဟန်ချက်မထိန်းနိုင်သောလူများအတွက်ရေချိုးခန်းသုံးကုလားထိုင်များသည်အသုံးဝင်သည်
ပီတာကို မှတ်မိပါသလား
သူ့မှာ ကျောရိုးရှိပင်မအာရုံကြောဒဏ်ရာရပြီး ခါးအောက်ပိုင်းမလှုပ်ရှားနိုင်ပါ။ သူက ဘီးတပ်ကုလားထိုင်ကိုသုံးပြီးသွားတယ်။ သူ၏ရေချိုးခန်းတွင် ရေချိုးခန်းသုံးကုလားထိုင်ရှိသည်။ သူက ရေချိုးခန်းထဲကို ဘီးတပ်ကုလားထိုင်ဖြင့်သွားပြီး ရေချိုးခန်းသုံးကုလားထိုင်ဆီ လွှဲပြောင်းထိုင်တယ်။ ထို့နောက်ဘီးတပ်ကုလားထိုင်ကို ရေစိုရာမှတွန်းထုတ်ပြီးရေချိုးလိုက်တယ်။
ဘီးငယ်များပါသော ရေချိုးခန်းသုံးကုလားထိုင်များသည် ရေချိုးသည့်အခါထိုင်ရန် လိုအပ်ပြီး ရေချိုးခန်း (သို့)ရေချိုးရန်နေရာသို့ဝင်ထွက်ရန်ခက်ခဲနေသူများအတွက် အသုံးဝင်ပါသည်။
ရော် နင် ကို မှတ်မိ ပါ သလား
မတော်တဆမှုမှခြေထောက်နှင့် လက်ကျိုးသွားသောအချိန်တွင်ဘီးများပါသော ရေချိုးခန်းသုံးကုလားထိုင်ကို အသုံးပြုနေပါသည်။ကုလားထိုင်ကို သူ့အိပ်ရာဘေးမှာ ထားထားပြီး သူ့မိဘတွေက သူ့ကို (ရွှေ့)ပြောင်းပေးဖို့ ကူညီပေးတယ်။ထို့နောက် သူ့အားရေချိုးပေးရန် ရေချိုးခန်းထဲသို့ ကုလားထိုင်ဖြင့် တွန်းပို့ပေးသည်။
ရေချိုးခန်းသုံးကုလားထိုင်များအကြောင်းနှင့် ၎င်းတို့ကို ပံ့ပိုးပေးပုံအကြောင်း နောက်ထပ်အချက်အလက်များအတွက်၊ TAP ရေချိုးခန်းနှင့် အိမ်သာသုံးကုလားထိုင်များ မော်ဂျူးကိုပြည့်စုံစွာဖတ်ပါ.
အိမ်သာသုံးကုလားထိုင်များ
အိမ်သာသုံးကုလားထိုင်တွေမှာ ထိုင်ခုံ၊ လက်တင်တွေနဲ့ ဖယ်ထုတ်လို့ရတဲ့ပုံးတွေ ရှိတယ်။ အချို့မှာလည်းနောက်ခံအမှီရှိကြသည်။
သူတို့အသုံးပြုနိုင်ပါသည်-
- အိမ်သာပေါ်မှာ (ဖယ်ထုတ်လို့ရတဲ့ ပုံးမပါဘဲ) (သို့) အိမ်သာနဲ့ သီးခြား
- သီးသန့်နေရာတွေမှာ (ဖယ်ထုတ်လို့ရတဲ့ပုံးနဲ့) ။
အိမ်သာသုံးကုလားထိုင်များသည် ပုံမှန်အိမ်သာထက် ထိုင်ချခြင်း၊ ထိုင်ခြင်း၊ မတ်တတ်ရပ်ခြင်းအတွက် ပိုမိုအထောက်အပံ့ပေးပါသည်။
တချို့အိမ်သာသုံးကုလားထိုင်တွေမှာ ဘီးတွေရှိတယ်။
အိမ်သာသုံးကုလားထိုင်များသည် အောက်ပါလူများအတွက် အသုံးဝင်နိုင်သည်
- အိမ်သာနှင့်/(သို့) သွားရန်အခက်အခဲရှိသူ။
- အိမ်သာအတက်အဆင်းအခက်အခဲရှိနေသူများ
- အိမ်သာသုံးခြင်းကျွမ်းကျင်မှုစွမ်းရည်များ (အိမ်သာလေ့ကျင့်ရေး) ကို သင်ယူနေစဉ် သက်သောင့်သက်သာထိုင်ရန် အကူအညီလိုအပ်သူ
ဒေါ်အေးကို မှတ်မိပါသလား
သူမ လေဖြတ်ပြီးနောက်အိုင်ဒါသည် အိမ်သာသို့ ဝင်ရန်၊ ထိုင်ရန်နှင့်မတ်တပ်ရပ်ရန် ပိုခက်ခဲလာသည် ။။
သူမသည်အခုတော့ ဖယ်ထုတ်လို့ရတဲ့ ပုံးတစ်လုံးနဲ့ အိမ်သာသုံးကုလားထိုင်ကို သုံးနေပြီ။
နေ့အချိန်တွင်ပုံးကို ဖယ်ထုတ်လိုက်ပြီး ကုလားထိုင်ကို အိမ်သာပေါ်တင်ထားသည်။
အိမ်သာထိုင်ခုံက ပိုမြင့်ပြီး ကိုင်ဖို့ လက်တင်ခုံရှိတာကြောင့်ဒေါ် အေးအတွက် အိမ်သာအဝင်အထွက်ကပိုလွယ်ပါတယ်။သူ့သမီးက အိမ်သာအသွားအပြန် လမ်းလျှောက်ရာမှာ ကူညီပေးတယ်။
ညအချိန်မှာ အိမ်သာသုံးကုလားထိုင်ကို ပုံးတပ်ထားပြီးဒေါ် အေးရဲ့ ခုတင်ဘေးမှာနေရာချထားတယ်။
သမီးကိုနှိုးဖို့မလိုဘဲ အိမ်သာသုံးကုလားထိုင်ပေါ် သူ့ကိုယ်သူ လွှဲပြောင်းရွှေ့နိုင်တယ်။ ပုံးကို နံနက်ပိုင်းမှာ သွန်ပစ်လိုက်တယ်။
အိမ်သာသုံးကုလားထိုင်များအကြောင်းနှင့် ၎င်းတို့ကို ပံ့ပိုးပေးပုံအကြောင်း နောက်ထပ်အချက်အလက်များအတွက်၊ TAP ရေချိုးခန်းနှင့် အိမ်သာသုံးကုလားထိုင် မော်ဂျူးကိုပြည့်စုံစွာဖတ်ပါ။
အညစ်အကြေးထိန်းပေးသည့်စုပ်ယူနိုင်သောစ္စည်း
TAP တွင် ပါဝင်သော အညစ်အကြေးထိန်းပေးသည့်စုပ်ယူနိုင်သောစ္စည်းများသည် လူတစ်ဦးမှ ဝတ်ဆင်ထားသော ပစ္စည်းများဖြစ်သည်။။ ဒီထုတ်ကုန်တွေကတော့
- ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ အရွယ်အစားအမျိုးမျိုးနဲ့ လာပါတယ်
- ယောက်ျားလေးတွေ၊ မိန်းကလေးတွေ၊ အမျိုးသားနဲ့ အမျိုးသမီးတွေ အသုံးပြုနိုင်ပါတယ်
- အနည်းငယ်၊တော်သင့်ရုံ (သို့) များပြားတဲ့ ယိုစိမ့်မှုများအတွက်သင့်တော် သောထုတ်ကုန်များပါဝင်ပါတယ်
- လျှော်ပြီး ပြန်သုံးနိုင်သည် (သို့)တစ်ကြိမ်အသုံးပြု၍ စွန့်ပစ်နိုင်သည် (တစ်ခါသုံး)။
အညစ်အကြေးထိန်းပေးသည့် စုပ်ယူပစ္စည်းသည် ဆီးဝမ်းမထိန်းသောလူတွေအတွက် အသုံးဝင်နိုင်ပါတယ်။ ၎င်းတို့တွင် ဆီးနှင့်/(သို့) မစင်များ ယိုစိမ့်မှုများ ပါ၀င်ပြီး လူတစ်ဦး၏ အရေပြားနှင့် အဝတ်အစားများကို ကာကွယ်ပေးပြီးသူတို့ရဲ့နေ့စဉ်ဘဝတွေကို ရှေ့ဆက်စေပါသည်။
အလီရှာကို မှတ်မိပါသလား
အလီရှာမှာ သူငယ်နာအကြောရောဂါ ရှိသဖြင့်သူမရဲ့ လှုပ်ရှားမှုတွေကို ညှိနှိုင်းဆောင်ရွက်ဖို့နဲ့ ထိန်းချုပ်ဖို့ အခက်တွေ့နေပါတယ်။ သူမသည်အိမ်သာသွားဖို့လိုတဲ့အခါ ခံစားရနိုင်ပြီး သူ့အမေကအိမ်သာသွားဖို့ကူညီပေးတယ်။
သို့ရာတွင် တစ်ခါတစ်ရံ သူမ၏ ဆီးနှင့် ဝမ်းကို မထိန်းချုပ်နိုင်ပါ။အလီရှာသည်ကျောင်တက်နေချိန်တွင်အလွယ်တကူဝတ်/ချွတ်လို့ရတဲ့အညစ်အကြေးထိန်းပေးသည့် စုပ်ယူပစ္စည်းဝတ်ထားတယ်။အဲဒါတွေက ဆီး(သို့)ဝမ်းယိုစိမ့်မှုတွေကိုစီမံခန့်ခွဲရာမှာကူညီပေးပါတယ်။
အညစ်အကြေးထိန်းပေးသည့်စုပ်ယူနိုင်သောစ္စည်းများနှင့် ၎င်းတို့ကို ပံ့ပိုးပေးပုံအကြောင်း နောက်ထပ်အချက်အလက်များအတွက် TAPအညစ်အကြေးထိန်းပေးသည့်စုပ်ယူနိုင်သောပစ္စည်းများမော်ဂျူးကိုပြည့်စုံအောင်ဖတ်ပါ။
ဆီးပိုက်များ
ဆီးပိုက် သည် ဆီးအိမ်မှ ဆီးကို စွန့်ထုတ်ပေးသော ပျေ့ာပြောင်းသော ပြွန်တစ်ခုဖြစ်သည်။။
ဆီးစွန့်ထုတ်ရန် ခက်ခဲနေသူများအတွက်ဆီးပိုက်များသည် အသုံးဝင်ပါသည်။။
အဓိက ဆီးပိုက်အမျိုးအစား နှစ်မျိုးရှိပါတယ်။
- အချိန်ပိုင်းသုံး(nelaton ဆီးပိုက်များ)
- အမြဲတမ်းသုံး ( foley ဆီးပိုက်များ)
အချိန်ပိုင်းသုံး(nelaton) ဆီးပိုက်များ
Nelatonဆီးပိုက် တွေကို ဆီးစွန့်ရန်ဆီးအိမ်ထဲကို ထည့်ပြီး နောက်ဖယ်ရှားပါတယ်။။
ဆီးစွန့်ရန် လိုအပ်သူတို့ တစ်နေ့တာလုံး စွန့်နိုင်သည်။
ပီတာသည်သည် သူ၏ဆီးအိမ်များကို စွန့်ရန်အတွက် အချိန်ပိုင်းသုံးဆီးပိုက်ကို အသုံးပြုသည်။နေ့စဉ်ပုံမှန်အချိန်များတွင်ပီတာသည် အိမ်သာထဲသို့ဆီးအိမ်မှ ဆီးစွန့်ရန်အတွက် ဆီးပိုက်ကိုအသုံးပြုသည်။။
အမြဲတမ်းသုံး (foley)ဆီးပိုက်များ
၎င်းတို့ကို ဆီးအိမ်ထဲသို့ ထည့်သွင်းပြီး ဆယ့်နှစ်ပတ်အထိ နေရာတွင် ထားနိုင်သည်။ ဆီးပိုက်သည် ဆီးကိုဆီးအိတ်ထဲသို့စွန့်ပစ်ပြီး၎င်းအား ပုံမှန်သွန်ပစ်သည်။
ဆီးထိန်းသော အခြားထုတ်ကုန်များနှင့် သင့်လျော်မှုမရှိပါက ဆီးမထိန်းနိုင်သူများကို ကူညီရန် အမြဲတမ်းသုံးဆီးပိုက်များကို အသုံးပြုနိုင်သည်။း။
Meet Maria
မာရီယာ တွင် ဦးနှောက် နှင့် ကျောရိုးအာရုံကြော များ ကို ထိခိုက် စေ သည့် အခြေအနေ တစ် ခု ဖြစ် သည့် ၊ နာတာရှည် အာရုံကြောရောဂါ ရှိ သည် ။ သူက ဘီးတပ်ကုလားထိုင်ကိုသုံးပြီး သွားလာနေပြီး လက်တွေကို အကန့်အသတ်နဲ့ အသုံးပြုနိုင်တယ်။ မာရီယာမှာမိမိကိုယ်ကိုပြုစုစောင့်ရှောက်ရန်ကူညီပေးဖို့ စောင့်ရှောက်မှုပေးသူရှိတယ်။
မာရီယာသည် သူမ၏ ဆီးကို စွန့်ထုတ်ရန် ဆီးပိုက် လိုအပ်ပြီး အမြဲတမ်းတပ်ထားရန်ဆီးပိုက်ကို အသုံးပြုရန် ရွေးချယ်ခဲ့သည်။
Sheath (uridome)
Sheaths များသည် ဆီးယိုစိမ့်သောအမျိုးသားများသုံးရန် (စုပ်ယူနိုင်သောပစ္စည်းများ)အစားရွေးချယ်စရာနောက်တစ်မျိုးဖြစ်သည်။သူတို့သည်လိင်တံနှင့်တွဲပြီး အဆုံးတွင် ပျေ့ာပြောင်းသောပြွန်တိုတစ်ခုနှင့် ချိတ်ဆက်ထားကြသည်။ထို့နောက် ပြွန်ကို ဆီးအိတ်တွင်တွဲထားသည်။
ကွဲပြားသော ဆီးပိုက်အမျိုးအစားများနှင့် ၎င်းတို့ကို ပံ့ပိုးပေးပုံအကြောင်း နောက်ထပ်အချက်အလက်များအတွက် TAP ဆီးပိုက်များမော်ဂျူးကိုပြည့်စုံစွာဖတ်ပါ။
ဝတ်စားဆင်ယင်ရာတွင် ကူညီပေးရန်မိမိကိုယ်ကိုပြုစုစောင့်ရှောက်နိုင်သော အကူပစ္စည်းကိရိယာများ
အဝတ်အစားလဲသည့်တုတ်တံ
အဝတ်အစားလဲသည့်တုတ်တံ၏ အစွန်းတစ်ဖက်မှာ 'C' ပုံချိတ်တစ်ချောင်းရှိပြီးနောက်တစ်ဖက်မှာ 'S' ပုံချိတ်ရှိပါတယ်။
၎င်းကအဝတ်အစားများကို ဝတ်ရန် (သို့)ချွတ်ရန် ကူညီပေးဖို့အသုံးပြုသည်။
အဝတ်အစားလဲသည့် တုတ်တံများသည်ရှေ့သို့ အလွယ်တကူ မကုန်းနိုင်၊ (သို့) လက်တစ်ဖက် (သို့) နှစ်ဖက်လုံးတွင်ကောင်းစွာမလှုပ်ရှားနိုင်သူများအတွက်အသုံးဝင်သည်။
ဖိနပ်ချွပ်ရန်တုတ်တံ
ဤသည်မှာလူတစ်ဦးအား ဖိနပ်စီးရန်ကူညီပေးသော ရှည်လျားသောလက်ကိုင်ပါရှိသော ဖိနပ်စီးရန်တုတ်တံဖြစ်သည်။
၎င်းသည်ရှေ့သို့ အလွယ်တကူ မကုန်းနိုင်သူများအတွက် (သို့)လက် (သို့)ခြေထောက်ကောင်းစွာမလှုပ်ရှားနိုင်သူများအတွက် အသုံးဝင်ပါသည်။
ခြေအိတ်စွပ်ရာတွင် အသုံးပြုသည့်အကူပစ္စည်း
ခြေအိတ်စွပ်ရာတွင်အသုံးပြုသည့်အကူပစ္စည်း သည် အစွန်းများတွင် ကြိုးနှစ်ချောင်းတပ်ထားသည့် ပျေ့ာပြောင်းသော ပလတ်စတစ် အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ခြေအိတ် (သို့)ခြေစွပ်တစ်ခုအား ပလတ်စတစ်၏အဆုံးတွင် ကွင်းပုံပတ်ထားပြီး၊ ထိုလူသည်ခြေကို ခြေအိတ်ထဲသို့ထည့်ပြီး ကြိုးနှစ်ချောင်းကို ဆွဲကာ ၎င်းအထောက်အကူကိုအသုံးပြု၍ ခြေအိတ်ကိုဆွဲတင်သည်။
ခြေအိတ်စွပ်ရာတွင်အသုံးပြုသည့်အကူပစ္စည်းများသည် ရှေ့သို့ လွယ်ကူစွာ မကုန်းနိုင်၊/(သို့)လက်မောင်းလှုပ်ရှားမှု အကန့်အသတ်ရှိသူများ ခြေအိတ်များ (သို့)ခြေစွပ်များကို ဆွဲရခက်နေသူများအတွက်အသုံးဝင်ပါသည်။။
ဒေါ်အေးကို မှတ်မိပါသလား
ဒေါ် အေးသည် လေဖြတ်ပြီးနောက် မိမိကိုယ်မိမိ အဝတ်၀တ်ဆင်ရန် ခက်ခဲလာသည်။သို့သော်လည်း သူမသည် အဝတ်အစားလဲသည့်တုတ်တံ၊ ခြေအိတ်စွပ်ရာတွင်အသုံးပြုသည့်အကူပစ္စည်းနှင့်ဖိနပ်ချွတ်ရန်တုတ်တံကို စတင်အသုံးပြုနေပြီဖြစ်သည်။ ဤပစ္စည်းများသည် ယခု သူမကိုယ်တိုင်အမှီအခိုကင်းစွာ ဝတ်ဆင်လာနိုင်သည်ကိုဖော်ပြသည်။
ကြယ်သီး/ဇစ်အဖြုတ်အတပ်ပြုလုပ်ရာတွင် သုံးသည့်အကူပစ္စည်း
ကြယ်သီး/ဇစ်အဖြုတ်အတပ်ပြုလုပ်ရာတွင်သုံးသည့်အကူပစ္စည်းတွင် ဇစ်ဆွဲရန် တစ်ဖက်တွင် 'c' ပုံသဏ္ဍာန်ချိတ်တစ်ခုရှိပြီး ခလုတ်အပေါက်များမှတစ်ဆင့် ခလုတ်များကိုဆွဲရန် အခြားတစ်ဖက်တွင် စိန်ပုံစံချိတ်တစ်ခု ပါရှိသည်။
သေးငယ်သောလက်လှုပ်ရှားမှုအခက်အခဲရှိသူများအတွက် အသုံးဝင်ပါသည်။
စမြူကိုမှတ်မိပါ သလား
စမြူသည် ကြယ်သီးတပ်ခြင်းနှင့် ဖိနပ်ကြိုးများချည်ခြင်းကဲ့သို့သော အသေးစိတ်ကျသောအလုပ်များကို စီမံခန့်ခွဲရန် ခက်ခဲသည်။သူသည်ဝတ်စားဆင်ယင်ဖို့ပိုလွယ်ကူစေရန်ကြယ်သီး/ဇစ်အဖြုတ်အတပ်ပြုလုပ်ရာတွင်သုံးသည့်အကူပစ္စည်း ကိုအသုံးပြုသည်။
သူ့အတွက်ဖိနပ်ကြိုးများထက်စီမံခန့်ခွဲရ ပိုလွယ်သည့်ကပ်ခွာပါရှိသည့် ဖိနပ်များကိုလည်း အသုံးပြုသည်။ ။
စားသောက်ခြင်းနှင့် သောက်သုံးခြင်းတို့တွင် ကူညီပေးရန် မိမိကိုယ်ကိုပြုစုစောင့်ရှောက်နိုင်သောအကူပစ္စည်းကိရိယာများ
အထူးပြုလုပ်ထားသောဇွန်း၊ ခရင်း
ဓား၊ ခက်ရင်း၊ ဇွန်းနှင့် တူများကဲ့သို့သော အသုံးအဆောင်ပစ္စည်းများကို စားသုံးရန် ပို၍လွယ်ကူစေရန် ပြုပြင်နိုင်သည်။
ပိုထူသောလက်ကိုင်များသည် လက်လှုပ်ရှားမှုနှင့် ခွန်အားနည်းသူများအတွက် ကိုင်ရလွယ်ကူစေပါသည်။
ဇွန်း ခရင်းကိုလက်တွင်ထိန်းနိုင်ရန် ပျော့ပျောင်းသော(သို့) ခိုင်ခံ့သော လက်ပတ်ကြိုးတစ်ချောင်းကို ထည့်သုံးနိုင်သည်။ယင်းသည်လက်ကိုလှုပ်ရှားနိုင်၊ထိန်းချုပ်နိုင်သော်လည်းမီးဖိုချောင်အသုံးအဆောင်ကိုမကိုင်နိုင်သူများအတွက် အသုံးဝင်သည်။
ပန်းကန်အကာများနှင့် အထူးပြုလုပ်ထားသော ပန်းကန် /ပန်းကန်လုံးများ
ပန်းကန်ပြားအကာသည် ပန်းကန်ပြား၏ဘေးဘက်တွင် ညှပ်ထားသော ပလပ်စတစ်စက်ဝိုင်းခြမ်းတစ်ခုဖြစ်သည်။။
အထူးပြုလုပ်ထားသောပန်းကန်ပြား (သို့)ပန်းကန်လုံးများမှာ အကာအတွက်၎င်းတို့၏တစ်ဖက်တွင်မြှင့်လုပ်ထားသည်။
ပန်းကန်အကာများနှင့် အထူးပြုလုပ်ထားသောပန်းကန်များသည် စားသုံးရန် လက်တစ်ဖက်တည်းသာ အသုံးပြုနိုင်သောသူများအတွက်အစားအစာကို ယူရန်(သို့)ခက်ရင်း၊ ဇွန်း (သို့)အခြားစားစရာအသုံးအဆောင်များဖြင့် 'ခပ်ရန်' ကူညီပေးသောကြောင့် အသုံးဝင်ပါသည်။
အထူးပြုလုပ်ထားသောခွက်များ
အထူးပြုလုပ်ထားသောခွက်များတွင် ၎င်းတို့ကို ကိုင်ရလွယ်ကူစေရန် လက်ကိုင်များ ပါရှိနိုင်ပြီး၊ နှင့်/(သို့)ယိုစိမ့်မှုမရှိဘဲ အလွယ်တကူ သောက်သုံးနိုင်စေရန် အပေါက်ငယ်တစ်ခုပါရှိနိုင်သည်။
အထူးပြုလုပ်ထားသောခွက်များသည် လက်လှုပ်ရှားမှု (သို့)အင်အားနည်းပါးသူများ (သို့)ညှိနှိုင်းမှု အားနည်းသူများအတွက် အသုံးဝင်ပါသည်။
အလီရှာကို မှတ်မိပါသလား
အလီရှာသည် သူမ၏လှုပ်ရှားမှုများကို ညှိနှိုင်းထိန်းချုပ်ရန် ခက်ခဲကြောင်း တွေ့ရှိရသည်။
သူမသည် ယိုဖိတ်ခြင်းကိုကာကွယ်ရန်နှင့် ကိုယ်တွယ်ရလွယ်ကူရန် လက်ကိုင်နှစ်ခုနှင့် အဖုံးပါသည့် အထူးပြုလုပ်ထားသောခွက်တစ်ခုကို အသုံးပြုသည်။
သူမသည် လက်ကိုင်ထူပြီး၎င်းအားထိန်းထားရန်ကွင်းပါတဲ့ ဇွန်းတစ်ချောင်းကို သုံးတယ်။