TAP ညှိနှိုင်းရေးမှူးများ

TAP ညှိနှိုင်းရေးမှူးများသည်မည်သူနည်း။

TAP ညှိနှိုင်းရေးမှူးများသည် TAP ဝန်ဆောင်မှုများအားနိုင်ငံအတွင်းမိတ်ဆက်ခြင်းနှင့် အသုံးပြုခြင်းအတွက် တာဝန်ရှိသူများဖြစ်ကြသည်။

ညှိနှိုင်းရေးမှူးများမှာ -

  • စီမံကိန်း မန်နေဂျာများ
  • ဝန်ဆောင်မှု မန်နေဂျာများ
  • လေ့ကျင့်ရေး ညှိနှိုင်းရေးမှူးများ။

TAP ကို အကြောင်းအမျိုးမျိုးအတွက် အသုံးပြုနိုင်ပါသည်။

  • အထောက်အကူပြုပစ္စည်းများနှင့် ယင်းတို့ကို မည်သို့ထောက်ပံ့ပေးပုံတို့ကို ပိုမိုသိရှိလာစေရန်
  • အထောက်အကူပြုပစ္စည်းထောက်ပံ့ပေးမည့်သူများအားသင်တန်းပေးခြင်း
  • ကျန်းမာရေး၊ ပြန်လည်ထူထောင်ရေး သို့မဟုတ် အခြားလေ့ကျင့်ရေးသင်တန်းများတွင် အထောက်အကူပြုပစ္စည်းများအကြောင်းပါဝင်စေရန်
အမျိုးသမီးတစ်ဦးသည် Eဇယားကိုင်ထားပြီး နားထောင်သူသုံးဦးအား ရှင်းပြသည်။

သင်ဟာ TAP ညှိနှိုင်းရေးမှူး ဖြစ်မယ်ဆိုရင် ဒီစာမျက်နှာက သင့်အတွက်ပါ။

ဒီစာမျက်နှာမှာ သင့်ကို ကူညီပေးမယ့် သတင်းအချက်အလက်တွေ ရှာတွေ့နိုင်ပါမည်။

ညှိနှိုင်းရေးမှူးများအတွက် ထောက်ပံ့ပေးသော အချို့အရာများကို ယခုအချိန်တွင်အင်္ဂလိပ်ဘာသာဖြင့်သာ ရရှိနိုင်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။

TAP ပုံစံများနှင့် စာရွက်စာတမ်းများ

TAP မော်ဂျူးများတွင် ပါဝင်နိုင်သောပုံစံများနှင့် စာရွက်စာတမ်းများမှာ

  • အဓိကစကားလုံးများ
  • အဓိကသတင်းစကားများ
  • အကဲဖြတ်မှုပုံစံများ
  • လွှဲပြောင်းခြင်းပုံစံများ
  • မူလအရင်းအမြစ်စာရင်းများ

ညှိနှိုင်းရေးမှူးအနေနဲ့ တခြားစာရွက်စာတမ်းတွေကိုလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်

  • ကျွမ်းကျင်မှုစစ်ဆေးရေးစာရင်းများ
  • သင်ကြားသည့်ဆရာများ၏မှတ်စုများ

အောက်မှာဖော်ပြထားတဲ့ ခလုတ်မှတစ်ဆင့် မော်ဂျူးတစ်ခုစီအတွက် ပုံစံများကို ရှာတွေ့နိုင်ပါသည်။

TAPကို စတင်အသုံးပြုပါ

TAP ရဲ့ နောက်ခံအကြောင်းအရာများ

  • TAP အကြောင်း– TAP ရဲ့ ရည်မှန်းချက်တွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း ပိုမိုလေ့လာပါ။
  • TAPအသုံးပြုခြင်း– TAP အကြောင်းအရာဖွဲ့စည်းပုံနှင့် သင်ကြားမှုများကို  လေ့လာပါ။
  • TAP ခြုံငုံသုံးသပ်ချက်– TAP ရဲ့ ခြုံငုံသုံးသပ်ချက်အတွက် အောက်ပါတင်ပြချက်များကို လေ့လာပါ။ သင်၏စီမံကိန်းတွင် သင်နှင့်အတူ အလုပ်လုပ်နေသော အဖွဲ့ဝင်များနှင့်အတူပါဝင်သူများကို ဝေမျှပါ။

TAP လမ်းညွှန်ချက်များအတိုင်းလုပ်ဆောင်ပါ

အောက်ပါဗီဒီယိုများသည်TAP နှင့် မိတ်ဆက်ခြင်း၊ မှတ်ပုံတင်ခြင်းနှင့် သင်ယူခြင်း များကို ပြသထားပါသည်။

  1. နိဒါန်း
  2. မှတ်ပုံတင်ခြင်း
  3. ၀င်ရောက်ခြင်း
  4. စတင်လေ့လာခြင်း
  5. ဆက်လက်လေ့လာခြင်း

TAP စီမံကိန်းတစ်ခုရေးဆွဲခြင်း

TAP သည် နည်းအမျိုးမျိုးဖြင့် ပြောင်းလဲအသုံးပြုနိုင်သည့် လေ့ကျင့်ရေးတစ်ခုဖြစ်သည်။ ၎င်းအား မည်သို့အသုံးပြုမည်ကို ပါဝင်မည့်သူအားလုံး ဆွေးနွေးတိုင်ပင်ပြီး ကောင်းမွန်သောအစီအစဥ်တစ်ခုရေးဆွဲရန် အရေးကြီးပါသည်။

TAP စီမံကိန်းသည် နိုင်ငံ သို့မဟုတ် ဒေသတစ်ခုတွင် ကျန်းမာရေး ၊ ပြန်လည်ထူထောင်ရေးနှင့် အထောက်အကူပြုနည်းပညာဝန်ဆောင် မှု များ ပိုမိုတိုးတက်လာစေရန်အတွက်အစီအစဉ်ကြီးတစ်ခု ၏အစိတ်အပိုင်းဖြစ်နိုင်သည် ။

လူ ၁၁ ယောက်ရှိတဲ့ အုပ်စုတစ်စုက ဝိုင်းဖွဲ့ထိုင်နေကြသည်။ အချို့မှာ မှတ်စုစာအုပ်များနှင့်ဘောပင်များကိုင်ထားကြတယ်။ လူတစ်ချို့မှာ ပြောဆိုဆွေးနွေးနေပြီးအချို့သူများမှာ ဂရုတစိုက်နားထောင်နေကြသည်။

TAP စီမံကိန်းတစ်ခုတွင် အောက်ပါအချက်အလက်များ လိုအပ်သည်။

  • ရလဒ် - မျှော်မှန်းရလဒ်များ
  • အကြီးအကဲခေါင်းဆောင်များ - ပါဝင်မည့်သူများ ၊သူတို့ရဲ့ အခန်းကဏ္ဍနဲ့ အလှူငွေများ
  • တည်နေရာ - တည်နေရာ (ဒေသ သို့မဟုတ် နိုင်ငံ)နှင့် အထောက်အကူပြု နည်းပညာ အချက်အလက်များ
  • သင်ယူမည့်သူများ - သင်ယူသူများသည် TAPသင်တန်းပြီးလျှင် မည်သို့ပြန်လည်အသုံးပြုမည်ကိုသိရှိရန်လိုအပ်သည်။
  • မော်ဂျူးများ - မျှော်မှန်းရလဒ်ရရှိရန်မည်သည့်TAPမော်ဂျူးများ လိုအပ်မည်နည်း။
  • နည်းပြများ -သင်ယူသူများ၏ ကျွမ်းကျင်မှုတိုးတက်ရန် သင်ပြပေးသူ
  • အရင်းအမြစ်များ - TAP စီမံခန့်ခွဲရန်လိုအပ်မည့် အခြေခံအရင်းအမြစ်များ
  • အချိန်စာရင်း - အဓိကသင်ကြားရမည့် အချက်အလက်များ ပါဝင်သည့် အချိန်ဇယား
  • ဘတ်ဂျက်နှင့် ရန်ပုံငွေရင်းမြစ်များ - TAP အကောင်အထည်ဖော်ရေးအတွက် ကုန်ကျမည့်ကုန်ကျစရိတ်များနှင့် ရန်ပုံငွေရှာခြင်း
  • စောင့်ကြည့်ခြင်း၊ အကဲဖြတ်ခြင်းနှင့် သင်ယူခြင်း- အကြီးအကဲများသည် TAPစီမံကိန်းမှ နောက်ဆုံးအကဲဖြတ်မှုမေးခွန်းများကို ဖြေကြား နိုင် ရန် သင်ယူထားသည့်သတင်း အချက်အလက်များကို ‌စုဆောင်းထားရန် တာဝန်ရှိသည် ။

ဤအကြောင်းအရာတစ်ခုစီနှင့်ပတ်သက်၍ ပိုမိုသိရှိစေရန် ဖတ်ကြည့်ပါ။

ရလဒ်

TAP စီမံကိန်းကိုစတင်ရာတွင်မျှော်မှန်း ရလဒ်ကိုသတ်မှတ်၍ အကြီးအကဲများ၊ ပါဝင်နေသူများက အတူတကွလုပ်ဆောင်ရမည်။ တစ်နည်းအားဖြင့် TAP အကောင်အထည်ဖော်ခြင်းဖြင့် လူတိုင်း၏မျှော်လင့်ချက်ပြည့်ဝစေရန် ဖြစ်သည်။

မျှော်မှန်းထားသော ရလဒ် သည် အကြီးအကဲများအားလုံးမှတိကျ‌သော၊ တိုင်းတာနိုင်‌သော၊ ရှင်းလင်းပြီး သဘောတူသော ကြော်ငြာချက် တစ်ခု ဖြစ်သင့်သည်။ TAP စီမံကိန်းကြီးတစ်ခုတွင် ရလဒ်တစ်ခုထက်မက ရှိနိုင်ပါသည်။

နောက်လာမည့် TAPစီမံကိန်းသည်ပါဝင်သူများ၊မော်ဂျူးများနှင့်သင်ယူသူများ၏လိုအပ်သော အချက်အလက်များ၊ အရင်းအမြစ်များပါဝင်သည့် TAP ရလဒ်ကောင်းတစ်ခုအပေါ် မူတည်သည်။

ဥပမာ ၊

" ရွေးချယ် ထား သည့် အခြေခံ ကျန်းမာရေး စင်တာ ဆယ်ခု တွင်သူနာပြုများ သည် TAP မှတစ်ဆင့် လွယ်ကူသော အထောက်အကူပြုပစ္စည်းအချို့ကိုသူ တို့ ကိုယ်တိုင် ထောက်ပံ့ ပေး ပြီး ၊ အခြားသူများကို မည်သို့ လွှဲပြောင်းပေးရမည် ကို သိ ရှိနိုင်သည်။ "

" TAPသင်တန်းဆင်းရပ်ရွာအခြေပြုကျန်းမာရေးလုပ်သားများသည်လူအများအကျိုးခံစားနိုင်သောအထောက်အကူပြုပစ္စည်းများကိုထောက်ပံ့ပေးရာမှာ ပါဝင်သည့် အဆင့်များကို သိရှိနိုင်မည်။"

အကြီးအကဲများ

TAP စီမံကိန်းတွင်ပါဝင်လုပ်ဆောင်သောအကြီးအကဲများသည်တစ်ဦးချင်းနှင့်အဖွဲ့အစည်းများမှဖြစ်သည်။ ပါဝင်မည့် အကြီးအကဲများမှာ-

  • ကျန်းမာရေးဝန်ကြီးဌာန ၊ ပညာရေး၊ လူမှုဖူလုံရေးနှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများ
  • (DPOS/OPDs) စသော မသန်စွမ်းအဖွဲ့အစည်းများ၊ကိုယ်စားလှယ်အဖွဲ့အစည်းများ၊ အထောက်အကူပြုပစ္စည်းများအသက်ကြီးသူများနှင့် ကျန်းမာရေးချို့ယွင်းသူများ
  • အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများအပါအဝင် ကျန်းမာရေး ၊ ပြန်လည်ထူထောင် ရေး နှင့် အထောက်အကူပြုပစ္စည်း ထောက်ပံ့ပေးသူများ
  • အထောက်အကူပြုပစ္စည်းအသုံးပြုသူများကို လွှဲပြောင်းပေးရာတွင် ပါဝင်သော အဖွဲ့အစည်းများသည်လိုအပ်သူများကိုရွေးချယ်သတ်မှတ်၍သက်ဆိုင်ရာထောက်ပံ့ပေးမည့်သူများထံသို့လွှဲပြောင်းပေးရမည်။
  • လေ့ကျင့်ရေးကျောင်းများ။

အထောက်အကူပြု နည်းပညာ ထောက်ပံ့ မှု တွင် ပါဝင် သူ များ  ၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု ။ ရောင်စုံ ပုံသင်္ကေတများဖြင့် ဝန်းရံထားတဲ့ ကိုးကားချက်။

Papua New Guinea ရှိ အထောက်အကူပြုနည်းပညာ ထောက်ပံ့မှုဆိုင်ရာ အမျိုးသားလမ်းညွှန်ချက်များအတွက် ဩစတြေးလျ၏ လှုံ့ဆော်မှုဂရပ်။

အကြီးအကဲများ အားလုံးဖြင့်ဆောလျင်စွာ ခွဲခြားသိမြင်ပါ။။ TAP  ခြုံငုံ သုံးသပ်ချက် များ (pdf) TAP ခြုံငုံသုံးသပ်ချက်များကို ပါဝင်သူများနှင့် မျှဝေပါ ။ TAP အသုံးပြုရန် အတွေးအခေါ်များကို ဆက်သွယ်ဆွေးနွေးရန် နောက်ထပ်အချက်အလက်များကို ဖြည့်စွက်နိုင်ပါသည်။

အကြီးအကဲများသည်မျှော်မှန်းရလဒ်ကို သတ်မှတ်ရန်လိုအပ်သလို တစ် ဦးစီ၏အခန်း ကဏ္ဍများ နှင့် ဖြန့်ဝေသုံးစွဲခြင်းများကိုဆွေးနွေးရမည်။ ဥပမာ-

  • TAP လေ့ကျင့်မှုအတွက် အချက်အလက်များ ထောက်ပံ့ပါ။
  • အွန်လိုင်း TAP မော်ဂျူးများ လုပ်ဆောင်စဉ်နှင့် လုပ်ဆောင်ပြီးနောက် သင်ယူသူများအား လေ့ကျင့်ပေးပါ။
  • ကျွမ်းကျင်စွာအကဲဖြတ်ပါ
  • အထောက်အကူပြုပစ္စည်းများ သို့မဟုတ် အခြားဝန်ဆောင်မှုများအတွက် လွှဲပြောင်းခြင်းလမ်းကြောင်း၏တစ်စိတ်တစ်ပိုင်းဖြစ်ပါ‌သည်။

တည်နေရာ

အထောက်အကူပြု နည်းပညာ အချက်အလက် နားလည်ရန်နှင့် TAP ပရောဂျက်နှင့် ကိုက်ညီသောအစီအစဉ်ကို ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။ TAP ပရောဂျက်အစီအစဉ်များသည် အောက်ပါအချက်များနှင့် ကိုက်ညီမှုရှိရပါမည်။

  • ကျန်းမာရေးဝန်ဆောင်မှုများ၊အထောက်အကူပြုပစ္စည်းများ ဝယ်ယူမှုနှင့် ထောက်ပံ့မှုများအတွက် အမျိုးသားနည်းဗျူဟာများ ၊ မူဝါဒများ ၊ အစီအစဉ်များ ၊ ဦးစားပေးမှုများ သို့မဟုတ် စည်းမျဉ်းများ
  • ပြန်လည်ထူထောင်ရေး၊ ဆေးဝါးနှင့် အခြားဝန်ဆောင်မှုများ ရရှိနိုင်မှု
  • လေ့ကျင့်ရေး သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းများကို အကျိုးသက်ရောက်မှုရှိနိုင်သောယဉ်ကျေးမှု၊ နေရာဒေသ၊ လူမှုရေး၊ စီးပွားရေးနှင့် အခြားအကြောင်းရင်းများ

WHOAT စွမ်းရည် အကဲဖြတ်ပုံစံ (ATA-C) သည် နိုင်ငံတစ်ခု သို့မဟုတ် ပါဝင်ပတ်သက်သူများအကြား နယ်ပယ်တစ်ခုတွင် အကူအညီပေးသော နည်းပညာ အခြေအနေကို အသိပေးနားလည်မှု တိုးမြှင့်ရန် ကူညီပေးနိုင်ပါသည်။ နောက်ထပ် သတင်း အချက်အလက်များအတွက် WHO အထောက်အကူနည်းပညာအဖွဲ့ ကို [email protected]

သင်ယူမည့်သူများ

TAP စီမံကိန်းသည်ကျောင်းသား များ၊ လခစားဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအပါအဝင် မည်သူမည်ဝါ ဖြစ်သင့် သည်ကို သတ်မှတ်ရမည် ။

  • ကျောင်းသားအချက်အလက်များတွင် ၎င်းတို့လေ့လာနေသည့်အရာများနှင့် TAP သည် ၎င်းတို့၏လေ့ကျင့်ရေးတွင် အံဝင်ခွင်ကျဖြစ်သင့်သည်။
  • မိမိတို့အလုပ်လုပ် သည့် နေရာနှင့် TAP သင်ယူမှုကို အလုပ်ခွင် တွင် မည်သို့ပြန်လည်အသုံးပြုမည်တို့ ပါဝင်သင့်သည် ။

ဤအချက်အလက်များတွင်မည်သည့် TAP မော်ဂျူးများကို သင်ယူ မည်နှင့် လေ့ကျင့်မှုကာလအတွင်း နှင့် ပြီးနောက် မည်သည့် ထောက်ပံ့ မှုများ လိုအပ်မည် ကို ဆုံးဖြတ် ရန် လိုအပ် သည်။

TAPစီမံကိန်းတွင် လိုအပ်မည့် လေ့ကျင့်ရေး အချက်အလက် များနှင့် ဘတ်ဂျက် ပေါ်မူတည်ပြီးသင်ယူမည့် သူ အရေအတွက် ကိုသတ်မှတ်ရမည် ။

TAP စီမံကိန်းသည် လေ့ကျင့်ရေးဝန်ထမ်းများကို စီမံရာတွင် ဝန်ဆောင်မှု မန်နေဂျာများ ပါဝင်ရမည်။ ဝန်ဆောင် မှု မန်နေဂျာ များ သည် TAP၏ အောင်မြင်မှု နှင့် ရေရှည် အကျိုး သက်ရောက် မှု တွင် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သည်။ ၎င်းတို့သည်-

  • သင်တန်းတက်ရန်ရွေးချယ်ခြင်း၊ ခွင့်ပြုစေလွှတ်ပေးခြင်း
  • သင်တန်းသားတွေက လုပ်ငန်းခွင်ပြင်ပတွင် သင်တန်းတက်ရောက်စဉ် သူတို့ရဲ့လုပ်ငန်းတာဝန်များကို မည်သူကလုပ်ဆောင်ပေးရမယ်ဆိုတာ စီစဉ်ခြင်း
  • သင်တန်းပြီးဆုံးပြီးနောက် သင်ယူခဲ့သော ကျွမ်းကျင်မှုများကို လက်တွေ့အသုံးပြုရန် ထောက်ပံ့ပေးခြင်းနှင့်
  • သင်ယူသူများကို ထောက်ပံ့ပေးရန် လုပ်ငန်းခွင်သို့ လာရောက်လေ့လာသော အကြံပေးပုဂ္ဂိုလ်များကို ကြိုဆိုခြင်း

ဝန်ဆောင် မှု မန်နေဂျာ များ သည် လည်း AT လုပ်ဆောင်ချက်များကိုထောက်ပံ့ရန်  တာဝန်ရှိသည် ။ ဥပမာ၊ ဝန်ထမ်းများ၏ အခန်းကဏ္ဍများ၊ လုံခြုံရေးနှင့် စီမံခန့်ခွဲမှုနှင့် AT အရင်းအမြစ်များ၊ ပြန်လည်စီစဉ်ရေး အထောက်အပံ့များ၊ လွှဲအပ်ခြင်းနှင့် အခြားစနစ်များကို နေရာချပေးဖို့လိုပေမည်။

မော်ဂျူးများ

TAP သင်ယူသူ အားလုံး သည် အထောက်အကူပြုပစ္စည်းများ မိတ်ဆက်ခြင်း မော်ဂျူးကိုဦးစွာပြီးစီးသင့်သည် ။ ဤမော်ဂျူးသည် အခြားမော်ဂျူးများမစတင်ခင် သင်ယူသူများလိုအပ်သည့် အရေးကြီးသော အချက်အလက်များ ပါဝင်သည်။

အထောက်အကူပြုပစ္စည်းများ စတင်မိတ်ဆက်ပြီးနောက် TAP ကို ခေါင်းစဉ် ခြောက်ခုဖြင့် စဉ်ဖွဲ့စည်းထားသည်။ ၎င်း တို့ မှာ - အသိဥာဏ်၊ ဆက်သွယ်ပြောဆိုခြင်း၊ အကြားအာရုံ၊ သွားလာလှုပ်ရှားမှု၊ မိမိကိုယ်ကိုပြုစုစောင့်ရှောက်ခြင်း၊ အမြင်အာရုံ တို့ဖြစ်သည်

ကြီးကြပ်ရေးမှူး များ သည် TAPအသုံးပြု ခြင်း ၏ မျှော်မှန်း ရလဒ် ပေါ် မူတည် ၍ ၊ သင်ယူသူ များ အတွက် မော်ဂျူးများကို ရွေးချယ် ရန် လိုအပ်သည် ။

တချို့မော်ဂျူးများသည် ပိုမိုခက်ခဲသည်။ သင်ယူသူများသည် ၎င်းမော်ဂျူးများမှ တစ်ဆင့် သင်ကြားပေးသော ကျွမ်းကျင်မှုများတွင် အရည်အချင်းပြည့်မီလာရန် လိုအပ်သောအသိပညာ၊ အချိန်နှင့်ကြီးကြပ်မှု ပိုမိုလိုအပ်သည်။ အောက်ပါ ဂရပ်ဖ်တွင် ပို၍ရှုပ်ထွေးသော မော်ဂျူးများကိုလိမ္မော်ရောင်ဖြင့် ပြထားသည်။

TAP မော်ဂျူး တည်ဆောက်ပုံ

TAP မော်ဂျူးအားလုံး မရရှိနိုင်သေးပါ။မော်ဂျူးဖွံ့ဖြိုးရေး နှင့်ပတ်သက်သည့် အချက်အလက်များအတွက် WHO အထောက်အကူနည်းပညာအဖွဲ့နှင့် [email protected] ဆက်သွယ်ပါ

နည်းပြများ

TAP ကို ဝန်ထမ်းများ၏ကျွမ်းကျင်မှုများ တည်ဆောက်ရန် နည်းပြတစ်ဦးနှင့် လေ့ကျင့်ခြင်းသည် မရှိမဖြစ်လိုအပ်သည်။ TAPစီမံကိန်း တစ် ခု အကောင်အထည်ဖော်ရေးအတွက် အွန်လိုင်း လေ့ကျင့်ရေး ကာလ အတွင်း နှင့် အလုပ်ခွင် လေ့ကျင့်ရေးကာလအတွင်းသင်ယူသူ များ ကို ထောက်ပံ့ရန် အမှန်တကယ်ကျွမ်းကျင်သောနည်းပြများလိုအပ်သည်။

နည်းပြများသည် မော်ဂျူးများကို အသုံးပြုပုံပေါ်မူတည်၍ အကြံဉာဏ်ပေးရန် ကျွမ်းကျင်မှုအမျိုးမျိုး လိုအပ်သည်။ ဥပမာ၊ အမြင်အာရုံ မော်ဂျူးများအတွက် အမြင်အာရုံစစ်ဆေးခြင်းနှင့် အမြင်အာရုံ အထောက်အကူပြုပစ္စည်းများအတွက် စစ်ဆေးခြင်းတို့ဖြစ်သည်။

ယူနီဖောင်းဝတ် အမျိုးသမီးတစ်ယောက်က လေးချောင်းထောက်ကိုသုံးနေတယ်. နောက်အမျိုးသမီးတစ်ဦးက သူ့လက်ကို ထောက်မပေးဖို့ ဘောင်ပေါ်မှာ လက်ကိုင်ထားပြီး အနီးကပ်စောင့်ကြည့်နေတယ်။ လူတစ်ယောက်ကလည်း ဘေးနားမှာရပ်နေတယ်။

သင်ကြားပေးသူများသည် ပြန်လည်ထူထောင်ခြင်း၊ မျက်စိရောဂါပညာ သို့မဟုတ် အသံပိုင်းဆိုင်ရာပညာ၊ လေ့ကျင့်ရေးအဖွဲ့အစည်းများ သို့မဟုတ် အစိုးရမဟုတ်သော ဝန်ဆောင်မှုလုပ်ငန်းများကဲ့သို့သော အဆင့်ဆင့် ဝန်ဆောင်မှုလုပ်ငန်းများမှ ဖြစ်နိုင်သည်။

အွန်လိုင်းနှင့် ပုဂ္ဂိုလ်ရေးအရ သင့်လျော်သောထောက်ပံ့မှုပေးရန် အကြံပေးသူများသည် ကြိုတင်ပြင်ဆင်ရန် အချိန်အလုံအလောက်လိုအပ်သည်။ ၎င်း တွင် ထောက်ပံ ပေးမည် ဖြစ် သော TAPမော်ဂျူးများ ကို ပြီးစီး ရန် အချိန် ပါဝင် သည် ။

အွန်လိုင်းလေ့ကျင့်ရေးကာလအတွင်း သင်ကြားပေးမည့်သူများ၏ အခန်းကဏ္ဍမှာ -

  • မော်ဂျူးတစ်ခုစီအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများနှင့် တခြားအချက်အလက်များ ပြင်ဆင်ခြင်း
  • သင်တန်းအတွက် အသေးစိတ် အချိန်ဇယားတစ်ခု ရေးဆွဲခြင်း 
  • သင်ယူသူများက မော်ဂျူးများကို လေ့လာစဉ် အထောက်အပံ့ပေးခြင်း၊ မေးခွန်းများကို ဖြေဆိုခြင်းနှင့် ဆွေးနွေးမှုများကို လွယ်ကူစေရန် ပြင်ဆင်ပေးခြင်း
  • လေ့ကျင့်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးကြပ်ရေးသင်တန်းများ စီစဉ်ပေးခြင်း
  • TAP ကျွမ်းကျင်မှု စစ်ဆေးရေးစာရင်းကိုအသုံးပြုပြီး ကျွမ်းကျင်မှုတွေကို စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်း။

လေ့ကျင့်ရေးအကြောင်းအရာများကို ထောက်ပံ့ပေးထားသောကြောင့် ဆရာများသည် လေ့ကျင့်မှုအတွက်ပြင်ဆင်ရန် မ လိုအပ်ပါ။ ၎င်းတို့၏ အခန်းကဏ္ဍမှာ ပြင်ဆင်ထားသော ပစ္စည်း များကို အသုံးပြု ရန်နှင့် သင်တန်းသား အသစ် များကို သင်ကြားပေးရန် ဖြစ်သည်။

လေ့ကျင့်မှုကာလအတွင်း ဆရာများသည် မိမိတို့၏ကျွမ်းကျင်မှုများ တိုးတက်လာသည်နှင့်အမျှ လွတ်လပ်စွာ ကျင့်သုံးနိုင်စွမ်းရှိမရှိ လေ့လာပြီး ထောက်ပံ့ပေးဖို့လိုသည်။ ဆရာ များ သည် သင်ယူ သူ များ ၏ တိုးတက် မှု ကို အကဲဖြတ်ရန် TAPကျွမ်းကျင် မှု စစ်ဆေးရေးစာရင်း များကို အသုံးပြု နိုင်သည် ။

အချက်အလက်များ

အရင်းအမြစ်များကို သင်ယူခြင်း

TAP ကို လောလောဆယ် အွန်လိုင်းမှသာ ရရှိနိုင်ပါသည်။ သင်ယူသူအားလုံးသည် အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန်ပျူတာ၊ Tablet သို့မဟုတ် စမတ်ဖုန်းလိုအပ်ပါသည်။မော်ဂျူးများနှင့် လေ့ကျင့်ရေးများကို သင်ယူရန်တိတ်ဆိတ်သောနေရာ (စာသင်ခန်း၊ အစည်းအဝေးခန်း) သို့မဟုတ် အခြားဆိတ်ငြိမ်သောနေရာလိုအပ်ပါသည်။

အဆောက်အအုံနှင့် လေ့ကျင့်ခန်း (များ) နှင့် ရေချိုးခန်းများအပါအဝင် နေရာအားလုံးကို ဝင်ရောက်ကြည့်ရှုရန် သင်ယူသူများဝင်ရောက်ရန်လိုအပ်သောအရာများကို အမြဲစဉ်းစားသုံးသပ်ပါ။

မော်ဂျူး အရင်းအမြစ်များ

မော်ဂျူး အရင်းအမြစ်များကို မော်ဂျူးတစ်ခုစီ၏ အစတွင် စာရင်းပြုစုထားပြီး အကြံပေးသူများ၏မှတ်စုများတွင်လည်း စာရင်းပြုစုထားသည်။ မော်ဂျူးတစ်ခုစီအပေါ်မူတည်၍ လိုအပ်သော အရင်းအမြစ်များတွင် -

  • နမူနာအထောက်အကူပစ္စည်းများ (pdf)  အလုပ်ခွင်တွင် သင်ယူနိုင်မည့် အထောက်အကူပြုပစ္စည်းများအမျိုးမျိုးသည်စုဆောင်းရန် အပိုအစိတ်အပိုင်းများနှင့် အခြေခံကိရိယာများအပြင် ၎င်းတို့အားအသေးစားပြုပြင်မှုများကို ဆောင်ရွက်ရန် အပိုအစိတ်အပိုင်းများနှင့် အခြေခံကိရိယာများလည်း ပါဝင်သည်။
  • TAP ပုံစံများနှင့် စာရွက်စာတမ်းများသည်ဖိုင်တွဲတစ်ခုတွင် သင်ယူသူများအတွက် ပုံနှိပ်ပြီး၎င်းစာရွက်စာတမ်းများတွင် အထောက်အကူပစ္စည်းအမျိုးမျိုးအတွက် စုံစမ်းစစ်ဆေးခြင်းနှင့် အကဲဖြတ်နည်းများအပြင် အဓိကစကားလုံးများနှင့် အဓိကသတင်းအချက်အလက်များပါဝင်သည်။ ယင်းတို့ကို မော်ဂျူးများတစ်လျှောက်လုံး အသုံးပြုကြသည်။ သင်ယူသူများသည် မော်ဂျူးတစ်ခုစီမှ ဤပုံစံများကို မိတ္တူကူးရန်လိုသည်။ လေ့ကျင့်မှုပြီးနောက် ဝန်ဆောင်မှုများသည် မိမိတို့၏သတ်မှတ်အခြေအနေနှင့် ကိုက်ညီရန် ဤပုံစံများကို အလိုက်သင့်ပြုပြင်ပြောင်းလဲပေးနိုင်သည်။
စာရွက်စာတမ်းတချို့ကို TAP တံဆိပ်တပ်ထားတဲ့ ဖိုင်တွဲမှာစုဆောင်းပြီး သိမ်းဆည်းထားပါတယ် 

ကြီးကြပ်ရေးမှူးများနှင့် အကြံပေးများအတွက် အစီအစဉ် ရေးဆွဲရန်၊ စီမံခန့်ခွဲရန် နှင့် အသုံးပြုရန်အတွက် နောက်ထပ် TAPကိရိယာများနှင့် အရင်းအမြစ်များရှိသည်။ နောက်ပိုင်းတွင် ပိုမိုသိရှိလာပါလိမ့်မည်။

အချိန်စာရင်း

TAP ပရောဂျက်စီမံကိန်းအစီအစဉ်တစ်ခုတွင် ကာလအတန်ကြာ ခွင့်ပြုသည့် အချိန်စာရင်းတစ်ခု လိုအပ်သည်။

  • မျှော်မှန်းရလဒ်များ ၊ ပါဝင်သောဝန်ဆောင်မှုများ နှင့် သင်ယူ သူများ၊ မော်ဂျူးများ ၊ လိုအပ်သော အကြံပေးမှုများနှင့် သင်ယူ မှု အရင်းအမြစ်များကို အတည်ပြုရန် ပါဝင်သူ အားလုံးနှင့် တိုင်ပင် ဆွေးနွေးပါ။
  • ကျန်းမာရေးဝန်ကြီးဌာန၊ လေ့ကျင့်ရေးအတွက် တာဝန်ရှိ အဖွဲ့အစည်းများ ၊ ဝန်ထမ်းများ နှင့် အခြားသူများကို စေလွှတ်ပေးရန် မန်နေဂျာများသည် သက်ဆိုင်ရာ အာဏာပိုင်အားလုံးမှ ခွင့်ပြုချက်များ လိုအပ်သည် ။
  • အထောက်အကူပြုပစ္စည်းများ၏ ဝန်ဆောင်မှုများစတင်ရန် (မျှော်မှန်းရလဒ်တစ်ခုဖြစ်ခဲ့လျှင်)၎င်းတို့သည် လုံခြုံမှုရှိစေရန် လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် ရရှိနိုင်မှုသည်တင်သွင်းရန် လိုအပ်ချက်အပေါ်မူတည်ပြီး လနဲ့ချီကြာနိုင်သောကြောင့်ဖြစ်သည်။
  • သင်တန်းသားများ အတူတကွစုဝေးလေ့ကျင့်ကြမည့်နေရာကို စာရင်းပြုစုပါ။
  • ခရီးသွားခြင်း၊ အခြားထောက်ပံ့ရေး အစီအစဉ် များ နှင့်လုံလောက်သော အင်တာနက် ရှိစေရန် စီစဉ်ပါ။
  • သင်ကြား‌မည့်သူများသည် TAPလေ့ကျင့်မှုအတွက် ကြိုတင်ပြင်ဆင်ပါ။

ရိုးရှင်းသော Gantt ဇယားတစ်ခုသည် အချိန်ဇယား ၊ သမိုင်းမှတ်တိုင်ရက်စွဲများကို တာဝန်ရှိသူ သို့မဟုတ် အလုပ်တစ်ခုစီတွင် ပါဝင်ပတ်သက်သူများကို လူတိုင်းမြင်နိုင်ရန်နှင့် အဆင့် အမျိုးမျိုးကို စီစဉ်ရန် အသုံးဝင်ပေမည်။

ဘတ်ဂျက်နှင့် ရန်ပုံငွေ

TAPအကောင်အထည်ဖော်ရေး ဘတ်ဂျက်တိုင်းသည် သင်ယူသူများ၊မော်ဂျူးများ၊ လေ့ကျင့်မည့်နေရာနှင့် အခြားအကြောင်းရင်းများပေါ် မူတည်ပြီးကွဲပြားပါမည်။

ထည့်သွင်းစဉ်းစားရမည့် ဘတ်ဂျက်ပစ္စည်းတချို့မှာ -

လေ့ကျင့်ရေးကိရိယာများနှင့် အသုံးပြုမည့်သူများ

  • ကွန်ပျူတာများ၊ Tabletများ၊ ငှားရမ်းခြင်း သို့မဟုတ် ဝယ်ယူခြင်း – သင်ယူသူ ၂ ဦးအတွက် ကွန်ပျူတာ (၁) လုံးသို့မဟုတ် သင်ယူသူတိုင်းအတွက် Tablet (၁) လုံးစီ
  • ပုံစံများနှင့် စာရွက်စာတမ်းများ ပုံနှိပ်ခြင်း– သင်ယူသူတစ်ဦးအတွက် ပျမ်းမျှ စာရွက် (၅) မျက်နှာပုံနှိပ်ရန်
  • သင်ယူသူများအတွက် ဖိုင်တွဲများ– သင်ယူသူတစ်ဦးလျှင် သီးခြား ဖိုင်တွဲတစ်ခုလိုအပ်သည်။
  • အင်တာနက်ချိတ်ဆက်မှု - အချက်အလက်အသုံးပြုခြင်း၊ ကြိုးမဲ့ routerတပ်ဆင်ခြင်း စသည်တို့ဖြစ်သည်။

လေ့ကျင့်ရန်နေရာနှင့် ဝန်ဆောင်မှုများ

သင်ယူသူများကို TAPမော်ဂျူးများမှတစ်ဆင့် အလုပ်လုပ်ရန် စုဝေးမည်ဆိုလျှင် အောက်ပါတို့ကို စဉ်းစားရန်လိုသည်။

  • ခရီးသွားကုန်ကျစရိတ်များ (သယ်ယူပို့ဆောင်စရိတ်၊ တည်းခိုစရိတ်)
  • နေရာငှားရမ်းမှု
  • အစားအသောက်

ကုန်ပစ္စည်းဝယ်ယူမှု

TAP သင်တန်းကာလအတွင်း လက်တွေ့လုပ်ဆောင်မှုများ ပြီးမြောက်ရန် အထောက်အကူပြုပစ္စည်းများနှင့် အပိုအစိတ်အပိုင်းများကို ဝင်ရောက်ကြည့်ရှုရန် အရေးကြီးသည်။ အွန်လိုင်းလေ့ကျင့်ရေးကာလအတွင်း အသုံးပြုရန် နမူနာ ပစ္စည်းများအတွက် ဘတ်ဂျက်နှင့် လေ့ကျင့်မှုပြီးနောက် စတင်ထောက်ပံ့ပေးရန် အထောက်အကူပြုပစ္စည်းများသိုလှောင်ထားသည်။

TAP စီမံကိန်းအတွက် လိုအပ်နိုင်မည့် အထောက်အကူပြုပစ္စည်းအရေအတွက်နှင့်စပ်လျဉ်း၍ လမ်းညွှန်မှုအတွက် WHO အထောက်အပံ့နည်းပညာအဖွဲ့ [email protected]ကိုဆက်သွယ်ပါ။

လူ့စွမ်းအားအရင်းအမြစ်များ

TAPဘတ်ဂျက်တွင် အခြေအနေပေါ် မူတည်၍ အကောင်အထည်ဖော်ရေးအဖွဲ့ နှင့် အကြံပေးများအတွက် ရန်ပုံငွေများ လိုအပ်နိုင်သည်။

  • စီမံခန့်ခွဲမှုနှင့် စီမံခန့်ခွဲရေး ထောက်ပံ့မှု
  • သင်ကြားသူများအတွက် ဉာဏ်ပူ‌ဇော်ခ

စောင့်ကြည့်ခြင်း၊ အကဲဖြတ်ခြင်းနဲ့ သင်ယူခြင်း

စောင့်ကြည့်လေ့လာခြင်းသည် လမ်းကြောင်း ပေါ်တွင် ဆက်လက် တည်ရှိခြင်း သေချာစေရန် စီမံကိန်းတစ်ခုကို အနီးကပ် စောင့် ကြည့်ခြင်း လုပ်ငန်းစဉ်ဖြစ်သည် ။ ၎င်းတွင် စီမံကိန်းရလဒ်များနှင့် သတင်းအချက်အလက်များ စုဆောင်း ခြင်းလည်း ပါဝင်သည် ။

အကဲဖြတ်ခြင်း သည် စီမံကိန်းအပြီးတွင် ရလဒ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များ စီစဉ်ခြင်း နှင့် နောက်ဆုံး စုဆောင်းမှု လုပ်ငန်းစဉ်ဖြစ် သည် ။ ၎င်းတွင် အနာဂတ် စီမံကိန်းများအတွက် သင်ယူခဲ့ သော သင်ခန်းစာ များ ကို သုံးသပ်ခြင်း နှင့် မှတ်တမ်းတင်ခြင်း ပါဝင်သည် ။

စောင့်ကြည့်ခြင်း၊ အကဲဖြတ်ခြင်းနှင့် သင်ယူခြင်းတို့သည် ပူးပေါင်းဆောင်ရွက်မှုဖြစ်စဉ်တစ်ခုဖြစ်သည်။ ၎င်းအစီအစဉ်ကို လူတိုင်း၏ လိုအပ်ချက်များနှင့် ဦးစားပေးချက်များကို ဖြည့်ဆည်းပေးရန် စီမံကိန်းပါဝင်သူ အားလုံးထံမှ အကြံပြုချက်နှင့်အတူ အကောင်းဆုံးပုံစံရေးဆွဲထားသည် ။

ဝန်ဆောင်မှု မန်နေဂျာများ နှင့် အခြားသူများ၊ တိုက်ရိုက်ပါဝင်ခဲ့သော ဝန်ထမ်းများ၏တွေ့ ရှိ ချက်များကို အတည်ပြုရန် အရေးကြီးသည် ။

စောင့်ကြည့်ခြင်း၊ အကဲဖြတ်ခြင်းနဲ့ သင်ယူမှု အစီအစဉ်တစ်ခု ဖွံ့ဖြိုးတိုးတက်လာလျှင် စဉ်းစားသုံးသပ်ရမည့် အရာအချို့မှာ-

  • စီမံကိန်းတစ်ခုရဲ့ အစတွင် အကဲဖြတ်ခြင်းအတွက် အသုံးဝင်သော အချက်အလက်များကို စုဆောင်းရန်၊ယုံကြည်စိတ်ချရသော အချက်အလက်များရရှိစေရန်လိုအပ်သည်။ရရှိထားသည်များကိုစီစဉ်ရန်လိုအပ်ပြီး အရင်းအမြစ်များ ခွဲဝေပေးရန်နှင့် စုဆောင်းရန်လိုအပ်သည်။
  • စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်းအတွက် အချိန်နှင့် အရင်းအမြစ်များ လိုအပ်ပါသည်။ ဦးစားပေးခြင်းနှင့် သင်ယူမှုအပေါ် အာရုံစိုက်ခြင်းသည် ပါဝင်သူများအတွက် အရေးကြီးဆုံး ဖြစ်သည်။
  • လက်ရှိစနစ်များနှင့်အချက်အလက်များကို ပေါင်းစပ်အသုံးပြုရန်။ ဥပမာ-
    • TAP အွန်လိုင်း မှတ်ပုံတင်ခြင်း၊ စာရင်းသွင်းခြင်းနှင့် ပြန်လည် တုံ့ပြန်မှုစနစ်မှတစ်ဆင့် လေ့ကျင့်ရေးတွင် ပါဝင်သူများ၏ အချက်အလက်များကို စုဆောင်းရန် အသုံးပြုပါ
    • အထောက်အကူပြုပစ္စည်းများ ဝင်ရောက်ကြည့်ရှုသူများ၏ အချက်အလက်များကို စုဆောင်းရန် ဝန်ဆောင်မှုနေရာများတွင် မှတ်တမ်းတင်ထားခြင်းကို ဆွေးနွေးပါ၊ ၎င်းက လိုအပ်သော ပစ္စည်းများကို ထောက်ပံ့ပေးမည်သို့မဟုတ် အသစ်တစ်ခုကို ထည့်သွင်းနိုင်ခြင်း ရှိမရှိ သိရှိရန် ဆွေးနွေးပါ။

စီမံကိန်း အကဲဖြတ်မှုတစ်ခု အတွက် နည်းလမ်းအမျိုးမျိုးရှိပါသည်။ အကဲဖြတ်ရေး စီမံကိန်းတစ်ခုတွင် စီမံကိန်းအဖွဲ့များနှင့် ပါဝင်ပတ်သက်သူများ၏ အချက်အလက်များအား ပုံစံထုတ်ထားသည်။

  • စီမံကိန်းမှ လူတိုင်း သင်ယူချင်ဆုံးအရာ (စွမ်းဆောင်ရည် သို့မဟုတ် အကဲဖြတ်ခြင်း မေးခွန်းများ)
  • မည်သို့တိုင်တာမည်နည်း
  • အပြောင်းအလဲကို တိုင်းတာရန် 'အစမှတ်' ကို တည်ထောင်ရန် သိရှိထားနှင့်ပြီးဖြစ်သော အရာများ (အခြေခံအချက်အလက်များ)
  • စွမ်းဆောင်ရည်မေးခွန်းများ ဖြေဆိုရန် လိုအပ်သော အချက်အလက်များအား မည်သည့်အချိန်တွင်မည်သည့်အကြိမ်အရေအတွက်ဖြင့် စုဆောင်းရမည်နည်း
  • တာဝန်ရှိသူ (စီမံကိန်း၊ အရင်းအမြစ်များ၊ တာဝန်ယူမှုများ)။

ဤ တွင် TAPစီမံကိန်း အစီအစဉ် စာရွက်စာတမ်း တစ်ခု၏ဥပမာတစ်ခုပါရှိပြီးအလိုက်သင့် ပြုပြင်ပြောင်းလဲနိုင်ပါသည် ။

TAP သင်တန်းအတွက် ပြင်ဆင်ပါ။

TAPစီမံကိန်း အစီအစဉ် တစ်ခုကို ပါဝင် သူ အားလုံးက သဘောတူခဲ့ပြီး ရန်ပုံငွေ ထောက်ပံ့ခဲ့ သည်နှင့်တစ်ပြိုင်နက် ၊ ပိုမိုသောအသေးစိတ် ပြင်ဆင်မှု စတင်နိုင်သည်။ အောက်ပါအချက်အလက်များသည် စီမံကိန်းအမျိုးမျိုး၏ TAP အကောင်အထည်ဖော်ရန် ပြင်ဆင်ချက်များဖြစ်သည်။

TAPလေ့ကျင့်ရေး ပြင်ဆင်မှု အဆင့်များအတွက် အောက်ပါဖော်ပြထားသည့် အချက်အလက်များကို ရှာဖွေပြီး မေးလေ့ရှိသောမေးခွန်းများမှာ-

  • ထုတ်ကုန်များရယူခြင်း
  • သင်ယူသူများ၏လိုအပ်ချက်များကို နားလည်ခြင်း
  • သတင်းအချက်အလက်များစုဆောင်းခြင်းနှင့် လုပ်ငန်းစဉ်များပြင်ဆင်ခြင်း
  • သင်ကြားသူများကို ပြင်ဆင်ပါ
  • အသေးစိတ် လေ့ကျင့်ရေးဇယားများကို စီစဉ်ပါ
  • လွှဲပြောင်းခြင်းများကို အတည်ပြုခြင်း
  • အချက်အလက်များကို ပုံနှိပ်ပြင်ဆင်ပါ
  • အထောက်အကူပြုပစ္စည်းနမူနာများကို ပြင်ဆင်ပါ
  • လေ့ကျင့်ရေးနေရာ သတ်မှတ်ပါ
  • ခွင့်ပြုချက်များနှင့် သဘောတူညီချက်များအားလုံး ပြင်ဆင်ပါ
  • မကြာခဏမေးလေ့ရှိသော မေးခွန်းများ
ရိုးရာ အဝတ်အစားအသစ်များဝတ်ဆင်ထားသော လူများပါဝင်သည့်ရောင်စုံပန်းချီကားရှေ့မှာ အမျိုးသမီးနှစ်ယောက် ရပ်နေသည်။တစ်ဦးက ကလစ်ဘုတ်ကိုင်ထားပြီး နောက်တစ်ဦးက ကလစ်ဘုတ်ပေါ်က တစ်ခုခုကို ညွှန်ပြနေသည်။

ထုတ်ကုန်များရယူခြင်း

လေ့ကျင့်မှုမတိုင်မီ ထုတ်ကုန်များကို ကောင်းစွာရယူခြင်းဖြစ်စဉ်ကို စတင်ပါ။ လိုအပ်သော ထုတ်ကုန် များ ကို အတည်ပြု ရန် နှင့် နေရာချထား ခြင်းကို အတည်ပြုရန် အထောက်အကူပြုပစ္စည်းများကို ပြည်ပမှ တင်သွင်းမည်ဆိုလျှင် အကောက်ခွန်လိုအပ်ချက်များနှင့် ကြာမြင့်ချိန်တို့နှင့်ပတ်သက်သည်များကို ရှာဖွေပါ။

အထောက်အကူပြုပစ္စည်းများ ဝယ်ယူမှုနှင့် ပတ်သက်၍ ပိုမို သိရှိလိုပါက WHO အထောက်အကူပြုပစ္စည်းများ၏ သတ်မှတ်ချက် များ ( pdf ) နှင့် အထောက်အကူပြုပစ္စည်းများ ဝယ်ယူမှုလက်စွဲစာအုပ် (pdf) ကိုလေ့လာပါ။

အထောက်အကူပြုပစ္စည်းများရယူရန် စီစဉ်ရသည်မှာ

  • ကုန်ပစ္စည်းများကို သိမ်းဆည်းထားသည့်နေရာ
  • လေ့ကျင့်မည့် နေရာသို့ မည်သို့သယ်ယူလာမည်နည်း
  • လေ့ကျင့်မှုပြီးနောက် ဝန်ဆောင်မှုနေရာများသို့ မည်သည့်ပမာဏဖြင့် မည်သို့ဖြန့်ဝေမည်နည်း
  • လက်ကျန်ပစ္စည်းများကို မည်သို့ စီမံခန့်ခွဲရန် မည်သူ့တွင် တာဝန်ရှိမည်နည်း
  • ဝန်ဆောင်မှုအသုံးပြုများအတွက် ကုန်ပစ္စည်းများ အခမဲ့ ထောက်ပံ့ပေးခြင်းရှိ မရှိ
  • ဆက်လက်လုပ်ဆောင်နေသော လက်ကျန်ပစ္စည်းများ ထောက်ပံ့မှုအတွက် ရွေးချယ်စရာများ (ဝန်ဆောင်မှုများ) ။

သင်ယူသူများ၏လိုအပ်ချက်များကို နားလည်ခြင်း

TAPစီမံကိန်း အစီအစဉ်တွင် သင်ယူသူများနှင့် ၎င်းတို့ အခန်းကဏ္ဍကို ဖော်ပြထားသည်။ ဤ အဆင့်တွင် သင်ယူသူတစ်ဦးချင်းစီကို ပါဝင်သော အဖွဲ့အစည်းများမှ ရွေးချယ်ရန် လိုအပ်သည် ။

ပါဝင်မည့်သင်ယူမှုများ

သင်တန်းသားများ ရွေးချယ်ရန် ဝန်ဆောင်မှုမန်နေဂျာများ သို့မဟုတ် အခြားသူများသည် ကျား/မ၊ ညီမျှမှုနဲ့ လူမှုပေါင်သင်းဆက်ဆံရေးရေးမူများကို လိုက်နာပါ။

သင်တန်းသားများအကြား မျှတသော ကျား/မကိုယ်စားပြုမှု ရည်ရွယ်ခြင်းသည် ကျားမမရွေး ဝန်ဆောင်မှုများရရှိခွင့်ကို အပြုသဘောသက်ရောက်မှုရှိစေလိမ့်မည်။

မသန်စွမ်းသူများကို မပါဝင်စေရန် တားဆီးထားသည့် အတားအဆီးများကို ဖယ်ရှားခြင်းသည် အကူအညီပေးသော နည်းပညာအကူအညီဖြင့် အထောက်အကူပြုပစ္စည်းများ အသုံးပြုသည့်အရေအတွက် တိုးပွားလာပါလိမ့်မည်။

အနက်ရောင်မျက်မှန်နှင့် နားကြ်များ ဝတ်ဆင်ထားသူတစ်ဦးသည် TAPအသုံးပြုရန် ကီးဘုတ်နှင့် ချိတ်ဆက်ထားသော Tabletကို အသုံးပြုသည်။

သင်တန်းသားများ ရွေးချယ်လိုက်သည်နှင့် ၎င်းတို့၏ အချက်အလက်များမှတစ်ဆင့် လိုအပ်ချက်များကိုက်ညီစေရန် စီစဉ်ထားနိုင်ပါမည်။ သင်ယူသူများနှင့် မန်နေဂျာများကို မေးမြန်းရန် မေးခွန်းအချို့ကို ဖော်ပြထားပါသည်–

  • သင်ယူသူများတွင် မည်သည့်သက်ဆိုင်ရာအသိပညာနှင့် ကျွမ်းကျင်မှုများရှိပြီးဖြစ်သနည်း။
  • သင်ယူသူများ၏ လက်ရှိအခန်းကဏ္ဍများနှင့်/(သို့) တာဝန်များကား အဘယ်နည်း။
  • TAP အပြီးတွင် သင်ယူသူများ၏ မျှော်လင့်ထား သော အခန်းကဏ္ဍကား အဘယ်နည်း ။
  • သင်ယူသူများသည် အွန်လိုင်းသင်ယူမှုတွင် အတွေ့အကြုံရှိပါသလား။
  • သင်ယူသူများသည် ကွန်ပျူတာ / tablet / ဖုန်းကို အသုံးပြုခြင်းနှင့် အကျွမ်းတဝင်ရှိပါသလား။
  • သင်ယူ သူ တွေ မှာ အီးမေးလ် လိပ်စာ တစ် ခု ရှိ ပါ သလား ( TAP သင်ယူမှုတွင် မှတ်ပုံတင်ရန် မေးလ် လိပ်စာတစ်ခုလိုအပ်ပါသည်)။
  • သင်တန်းသားများ ဝင်ရောက်ကြည့်ရှုနိုင်ခွင့် ရှိသလား။

TAP ဝင်ရောက်ကြည့်ရှုခြင်းနှင့် ပတ်သက်သောအချက်အလက်များအတွက် အကြောင်းအရာကို ကြည့်ပါ။

သတင်းအချက်အလက်များစုဆောင်းခြင်းနှင့် လုပ်ငန်းစဉ်များပြင်ဆင်ခြင်း

TAPတွင် စုဆောင်းထားသော အချက်အလက်အမျိုးအစားများ စာရင်းမှာ

မှတ်ပုံတင်ခြင်း

TAPအသုံးပြု သူ အားလုံး သည် မော်ဂျူးများ ဝင်ရောက် ကြည့်ရှု ရန် မှတ်ပုံတင်ရန်လိုအပ်သည်။ အွန်လိုင်း မှတ်ပုံတင်ခြင်းတွင် အမည် ၊ အီးမေးလ် ၊ ကျားမ ၊ နိုင်ငံနှင့် TAPသို့ ဝင်ရောက်ကြည့်ရှုရန် အကြောင်းပြချက်ကဲ့သို့သော အခြေခံ အချက်အလက်များ ပါဝင်သည် ။

စာရင်းသွင်းခြင်း

သင်တန်းသားများသည် TAP စီမံကိန်း၏ အစိတ်အပိုင်းကိုအသုံးပြုလျှင်WHO၏ အွန်လိုင်းစာရင်းသွင်းနည်းကို အသုံးပြုနိုင်သည်။ ၎င်း တွင် ကွန်ပျူတာ ၊ Tablet နှင့် ဖုန်း ကဲ့သို့ အွန်လိုင်း သင်ယူမှု ကိရိယာများနှင့် အကျွမ်းတဝင်ရှိခြင်းတို့ ပါဝင်သည် ။

အဆိုပါ စာရင်းသွင်းခြင်း ပုံစံ သည် TAPတွင် စုဆောင်းထားသော အချက်အလက် များ ကို မည်သို့ အသုံးပြုနိုင်ကြောင်း နှင့် ပတ်သက်သည့် အချက်အလက်များကို ထောက်ပံ့ပေးပြီး TAPတိုးတက်စေရန် နှင့် နည်းပညာ အသုံးပြုနိုင် ရန် သင်ယူသူများအတွက် အခွင့်အရေးတစ်ခုကို ထောက်ပံ့ပေးသည် ။

သင်တန်းမစတင်မီနှင့် သင်တန်းအပြီးရမှတ်များ

TAPမော်ဂျူးအားလုံးသည် မေးခွန်းများအား သင်တန်းမစတင်မီနှင့် သင်တန်းအပြီးတွင် ဖြေဆိုရသည်။မော်ဂျူးအစနှင့် အဆုံး စစ်ဆေးမှုရလဒ်များသည် သင်ယူသူများ၏ အသိပညာပြောင်းလဲမှုကို နှိုင်းယှဉ်နိုင်သည်။

သင်တန်းသားများအား မေးခွန်းများဖြေဆိုရန် ဆရာများ သို့မဟုတ် ညှိနှိုင်းရေးမှူးများအားသတိပေးသင့်သည်။ အချို့သင်တန်းသားများသည် မေးခွန်းများကို တစ်ကြိမ်ထပ်ပိုမိုဖြေဆိုကြသော်လည်း ပထမဆုံးရလဒ်ကိုသာ အတည်ပြုသည်။

ပြန်လည်သုံးသပ်ခြင်း

TAPသင်ယူသူများသည် လေ့ကျင့်မှုပြီးဆုံးလျှင် အွန်လိုင်း TAPပြန်လည် သုံးသပ်ခြင်း ပုံစံကိုဖြည့်သွင်းရမည်။ ဤ ပုံစံသည်သင်ယူသူများ၏ အလုပ် ခွင်တွင် မည်သို့သက်ဆိုင်ကြောင်းနှင့် အဆိုပါ လေ့ကျင့်မှုသည် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးခြင်းတွင် လိုအပ်ချက်များနှင့်ယုံကြည်ခံစားရမှုများနှင့် ပတ်သက်သည့် သတင်း အချက်အလက်များ ပါဝင်သည် ။

 TAP စီမံကိန်းအတွက်  အချက်အလက်များကို  အသုံးပြုလိုပါက  [email protected]

သင်ကြားသူများကို ပြင်ဆင်ပါ

TAPစီမံကိန်းသည် ရွေးချယ်ထားသောမော်ဂျူးများကို ထောက်ပံ့ပေးနိုင်သော သင်ကြားမည့်သူများကို ‌ရွေးချယ်သင့်သည် ။

ဆရာများသည် လေ့ကျင့်ရေး အကြောင်းအရာ များ ပြင်ဆင်ရန် မလိုအပ်သော်လည်း သင်ကြားရမည့် မော်ဂျူးများနှင့် အကျွမ်းတဝင်ရှိရန် လိုအပ်ပြီးပြင်ဆင်ရန် လိုအပ်သည် ။

သင်ကြားမည့်ဆရာများလေ့ကျင့်ရန်ညှိနှိုင်းရေးမှူးများ လုပ်ဆောင်သင့်သည်များမှာ -

လေ့ကျင့်မှုမတိုင်မီ တစ်လ

အကြံ ပေး များ သည် TAPတွင် မှတ်ပုံတင်ပြီး ထောက်ပံ့ပေးမည့် မော်ဂျူးများအပြင် ကျွမ်းကျင် မှု စစ်ဆေးရေးစာရင်းများနှင့် အကြံပေး မှတ်စုများကို ပြန်လည် ပြင်ဆင်ပါ။

လေ့ကျင့်မှုမတိုင်မီ နှစ်ပတ်အလို

သင်ကြားမည့်သူများနှင့် အစည်းအဝေးကျင်းပပါ–

  • ဆရာတစ်ယောက်အနေဖြင့် ၎င်းတို့၏အခန်းကဏ္ဍကို အတည်ပြုရှင်းပြပါ
  • မော်ဂျူးနှင့် ပတ်သက်သည့် မည်သည့်မေးခွန်းမဆို ဖြေပါ
  • ကျွမ်းကျင်မှု စစ်ဆေးရေးစာရင်းများနှင့် သင်ကြားပေးသူများ၏ မှတ်စုများကို ဆွေးနွေးပါ။

လေ့ကျင့်မှုမတိုင်မီ တစ်ပတ်

ညှိနှိုင်းရေးမှူးများ နှင့် သင်ကြားမည့်ဆရာများမှ အသေးစိတ်လေ့ကျင့်ရေးဇယားကို အတည်ပြုပါ။

အသေးစိတ် လေ့ကျင့်ရေးဇယားများကို စီစဉ်ပါ

အသေးစိတ် လေ့ကျင့်ရေးဇယားတစ်ခုသည် အချိန်ဇယားကို အကြမ်းဖျင်းဖော်ပြသင့်ပါသည်–

  • အွန်လိုင်းသင်တန်း
  • မျက်နှာချင်းဆိုင် လေ့ကျင့်ခြင်း (ဥပမာ သရုပ်ဖော် ခြင်း၊ အထောက်နှင့် အကျွမ်းတဝင်ရှိခြင်း)
  • လေ့ကျင့်မှုများကို ကြီးကြပ်ခြင်း

သင်တန်းသားအုပ်စုများသည် ကွဲပြားခြားနားပြီး လိုအပ်ချက်များသည်လည်း အမျိုးမျိုးရှိပါ လိမ့်မည်။ TAP စီမံကိန်း လေ့ကျင့်ရေးဇယားကိုသင်တန်းသား၊ မန်နေဂျာ၊ ညှိနှိုင်းရေးမှူးများ၏ လိုအပ်ချက်၊ လက်ရှိဦးစားပေးမှု၊ ဝန်ဆောင်မှုပေးပို့ခြင်းနှင့် တခြားအရာများကို ထည့်သွင်းစဉ်းစားပါ။

လူခုနစ်ဦးပါဝင်သော အုပ်စုတစ်စုသည် အခြားအမျိုးသမီးတစ်ဦး အမြင်အာရုံ လေ့ကျင့်ခြင်းကို ကြည့်ရှုကြသည်။.

အွန်လိုင်းသင်တန်း

TAP အွန်လိုင်း လေ့ကျင့်ရေးကို အဓိကနည်းနှစ်နည်းနဲ့ ပေးနိုင်ပါသည်။

  1. အုပ်စုဖွဲ့သင်ကြားခြင်း (အတူတကွ)

သင်တန်းသားများသည် လေ့ကျင့်ရေးနေရာတစ်ခုရှိ အုပ်စုတစ်စုတွင် သတ်မှတ်ထားသော မော်ဂျူးများမှတစ်ဆင့် အတူတကွစုဝေး အလုပ်လုပ်ကြသည်။အွန်လိုင်းသင်ယူမှုမှတစ်ဆင့် အလုပ်လုပ်ကြသည်။ သို့ရာတွင် အုပ်စုတစ်စုလုံးသည် မေးခွန်းများမေးရန်၊ ဆွေးနွေးခြင်းနှင့် လေ့ကျင့်ရေးစွမ်းရည်များ မေးမြန်းအချိန်များ ရှိပါသည်။

အုပ်စုဖွဲ့သင်ယူခြင်း၏အကျိုးကျေးဇူးများမှာ သင်တန်းသားများ အချင်းချင်းအပြန်အလှန် ဆက်သွယ်နိုင်ခြင်း ၊ အထောက်အကူပြုပစ္စည်း နမူနာများနှင့် အင်တာနက် ချိတ်ဆက်မှုကို စီမံခန့်ခွဲနိုင်ပြီး အကြံပေးများသည် သင်ယူခြင်းနှင့်နည်းပညာဆိုင်ရာ ကိစ္စရပ်များကို ကူညီနိုင်သည်။ ဤ နည်းလမ်း သည် အွန်လိုင်း အသုံးပြုမှုနည်းပါးပြီး လေ့ကျင့်မှုနည်းပါးသော သင်ယူသူများနှင့် သင့်တော်သည် ။

  1. အုပ်စုဖွဲ့သင်ကြားရေး (အဝေးရောက်)

သင်တန်းသားများသည်တာဝန်ပေးထားသည့် မော်ဂျူးများကို အလုပ်ခွင် သို့မဟုတ် အိမ်တွင်သတ်မှတ်ထားသည့် အချိန်ကာလတစ်ခုအတွင်း လုပ်ဆောင်ကြသည်။ သင်ယူမှုအကြံပေးများ နှင့် လုပ်ဖော်ကိုင်ဖက်များသည် TAP ဆွေးနွေးပွဲ၊ သတင်းအချက်အလက်အုပ်စု သို့မဟုတ် တယ်လီ-ညီလာခံ မှတစ်ဆင့်ထောက်ပံ့ ပေးနိုင်ပါ သည် ။ သတ်မှတ်ထားသော အွန်လိုင်းမော်ဂျူးများ ပြီးစီးပြီးနောက် အုပ်စုသည် အကြံပေးသူ (s) သင်ကြားပေးသူနှင့် အတူတကွ စုဝေးပြီး ဆွေးနွေးရန်နှင့် လက်တွေ့သင်ကြားမှုများအတွက် အလုပ်ခွင်များသို့ သွားရောက်လေ့လာနိုင်သည်။

အဝေးရောက်အုပ်စုဖွဲ့သင်ယူခြင်း ၏အကျိုးကျေးဇူးမှာ ခရီးသွားရန် မလိုအပ်ပဲ မိမိတို့၏အခြားလုပ်ဆောင်ချက်များနှင့် ကိုက်ညီရန် လေ့ကျင့်ရေးဇယားကို သီးသန့်စီစဉ်နိုင်ခြင်းဖြစ်သည်။

အွန်လိုင်းသင်ယူမှု လေ့ကျင့်ရေးဇယား ရေးဆွဲရန်အကြံပြုချက်တချို့–

  • မှတ်ပုံတင်ခြင်း၊ စာရင်းသွင်းခြင်းနှင့် စင်တာအကြောင်း သင်ယူခြင်း- သင်တန်းသားများသည် TAP စာရင်းသွင်းရန်၊ မှတ်ပုံတင်ရန်နှင့် စင်တာကို  အကျွမ်းတဝင်ရှိရန် အချိန်ပေးပါ။  သင်ယူသူများ၊ ညှိနှိုင်းရေးမှူးများသည် TAPနှင့်အကျွမ်းတဝင်ရှိမှု အပေါ်မူတည်ပြီး မိတ်ဆက်ခြင်းအပိုင်းအတွက် ၂-၄ နာရီအကြားလိုအပ်သည်။ သင်တန်းများတွင် အီးမေးလ်လိပ်စာ  မရှိပါက အချိန်ပိုမိုလိုအပ်သည်။  နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကိုကူညီရန် စီစဉ်ထားပါ။
  • ဆရာများ၏ မှတ်စုများ - မော်ဂျူးသင်ယူမှုတစ်လျှောက်လုံး အပြန်အလှန် ဆက်သွယ်ရေး အခွင့်အလမ်းများ၏ ခြုံငုံ သုံးသပ်ချက်တစ်ခုရရှိ ရန် TAP ဆရာများ၏ မှတ်စုများကို အသုံးပြု ပြီး  အချိန်မီကူညီရန်၊ ဆွေးနွေးမှု နှင့် လက်တွေ့  လေ့ကျင့်ခြင်းများအတွက် ပြင်ဆင် ရန် ။
  • မော်ဂျူးတစ်ခုစီအတွက် လိုအပ်ချိန်–မော်ဂျူးတစ်ခုစီအစပိုင်း(စာရင်းပြုစုထားသောမှတ်စုများ) တွင် လမ်းညွှန်ချက် အဖြစ်အသုံးပြုပါ။သင်တန်းအချိန်ဇယားကို ညှိနှိုင်းရေးမှူးများနှင့် နည်းပြများ၏အကူအညီဖြင့် သင်ယူသူများ၏ကြာချိန်ကို ပိုမိုတိကျစွာခန့်မှန်းနိုင်ပါလိမ့်မည်။
  • အကျဉ်းချုပ်ဆွေးနွေးပွဲများ - တိုးတက်မှု စစ်ဆေးရန် နှင့် မည်သည့်ပြဿနာကိုမဆို ဖော်ထုတ်ဖြေရှင်းရန် သင်တန်းသားများနှင့် အကြံပေးသူများသည် နေ့တစ်နေ့၏အဆုံးတွင် အအကျဉ်းချုပ်ဆွေးနွေးပွဲကျင်းပပါ။

မျက်နှာချင်းဆိုင်လေ့ကျင့်ခြင်း

သင်တန်းသားများသည် အထောက်အကူပြုပစ္စည်းများကို မပေးခင် ယခင် အတွေ့အကြုံ အပေါ် မူတည်ပြီး လေ့ကျင့်မှုလိုအပ်သည်။မျက်နှာချင်းဆိုင် လေ့ကျင့်မှုတွင် သင်ယူသူများအား မိမိတို့၏အသိပညာအသစ်ကို လက်တွေ့ကျင့်သုံးနိုင်စေရန် လုပ်ဆောင်မှုများ ပါဝင်သည်။

သင်တန်းသားများသည် ရရှိနိုင်သည့် အထောက်အကူပြုပစ္စည်းအမျိုးမျိုးနှင့် ၎င်းတို့ကို အလိုက်သင့်ပြုပြင်ပြောင်းလဲနိုင်ရန်နှင့် မည်သို့အံဝင်ခွင်ကျဖြစ်မည်ကိုသိရန်မှာ အရေးကြီးသည်။ မျက်နှာချင်းဆိုင် လေ့ကျင့်မှုတွင် အချက်အလက်စုဆောင်းခြင်း လေ့ကျင့်မှုနှင့် လွှဲပြောင်းပေးသည့် လမ်းကြောင်းများအကြောင်း အကျဉ်းချုပ်လည်း ပါဝင်ပေမည်။

လေ့ကျင့်မှုများကို ကြီးကြပ်ခြင်း

TAPကို ဝန်ထမ်းများ၏ကျွမ်းကျင်မှုများ (အရည်အချင်းများ) တည်ဆောက်ရန် အသုံးပြုသည့်အခါ အကြံပေးပုဂ္ဂိုလ်တစ်ဦးနှင့် အွန်လိုင်းလေ့ကျင့်ခြင်းသည် မရှိမဖြစ်လိုအပ်သည်။ သင်တန်းသားများနှင့် ညှိနှိုင်းရေးမှူးများနှင့် သဘောတူညီမှုအရ အလုပ်ခွင်တွင် ကြီးကြပ်လေ့ကျင့်ရန် လေ့ကျင့်မှုဇယားတွင် ထည့်သွင်းပါ။

အလုပ်ခွင်ကြီးကြပ်သည့်လေ့ကျင့်မှုအတောအတွင်း သင်ကြားပေးသူများသည် ဝန်ဆောင်မှုအသုံးပြုသူများနှင့်အတူ ဝန်ထမ်းများကို လွတ်လပ်စွာ လေ့ကျင့်ရန် အရည်အချင်းရှိသည်အထိ လေ့လာကြပါလိမ့်မည်။ ဆရာ များ သည် သင်ယူ သူ များ ၏ တိုးတက် မှု ကို အကဲဖြတ် ရန် နှင့်ပြန်လည် တုံ့ပြန် မှု ပေး ရန် ၊အကြံပေး ခြင်း ကို ဖွဲ့စည်း ရန်TAPကျွမ်းကျင် မှု စစ်ဆေး ရေး စာရင်း များ ကို အသုံးပြု နိုင် သည် ။

လွှဲပြောင်းခြင်းများကို အတည်ပြုခြင်း

လေ့ကျင့်မှုမစမီ အထောက်အကူပစ္စည်းများနှင့် ဆက်နွှယ်သော ဝန်ဆောင်မှုများကို ဝင်ရောက်ကြည့်ရှုနိုင်မည့် လွှဲပြောင်းပေးသည့် လမ်းကြောင်းများကို ခွဲခြားလေ့လာပါ။

TAPမော်ဂျူးတစ်ခုစီသည် သက်ဆိုင်ရာ လွှဲအပ်ရေး ဝန်ဆောင်မှုများကို ပေါ်လွင်စေပါသည်။ ဥပမာ ၊ အမြင်အာရုံ မော်ဂျူး တွင် သင်ကြား ခဲ့ သော အမြင် အာရုံ screenကို အသုံးပြုခြင်းဖြင့်' မျက်စိ ကျန်းမာရေး ကျွမ်းကျင် သူ ' တစ် ဦးကို လွှဲပြောင်းရန် လိုအပ်ခြင်းရှိမရှိ သိမြင် နိုင် သည် ။ ဆရာများသည် သင်ယူသူများအား သေချာစွာရှင်းလင်းပြောဆိုရန်လိုအပ်သည်။

အထောက်အကူပြုပစ္စည်းနမူနာများကို ပြင်ဆင်ပါ

အွန်လိုင်းသင်ယူမှုတစ်လျှောက်လုံးတွင် ဖော်ပြထားသည့် အထောက်အကူပစ္စည်းများ၏ နမူနာများမှတစ်ဆင့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ နမူနာထုတ်ကုန်များကို ပြန်လည်သုံးသပ်ရန် သင်ယူသူများသ် မော်ဂျူးများတစ်လျှောက်တွင် အပြန်အလှန်ဆက်သွယ်လုပ်ဆောင်မှုအချို့ရှိသည်။

သင်တန်းသားများသည် မော်ဂျူးများမှတစ်ဆင့် အတူတကွလုပ်ဆောင်နေကြသည့်အခါ နမူနာအထောက်အကူပစ္စည်းများကို မထုပ်ပိုးထားဘဲ အလွယ်တကူသင်ယူရရှိနိုင်ရန်ပြင်ဆင်ထားပါ။ သင်တန်းသားများသည် မော်ဂျူးများကို အဝေးမှလေ့လာသည့်အခါနမူနာထုတ်ကုန်များရရှိနိုင်ရန် ရွေးချယ်ရမည့် နည်းအမျိုးမျိုး သုံးသပ်ပါ။

လေ့ကျင့်ရေးနေရာ သတ်မှတ်ပါ

အုပ်စုဖွဲ့သင်ယူနေသူများအတွက်ပါ။

လေ့ကျင့်ရေးနေရာပြင်ဆင်မှုသည် သင်ယူသူအရေအတွက်နှင့် ရရှိနိုင်သည့်နေရာအပေါ် မူတည်ပါမည်။

နေရာ လိုအပ်မှုသည် -

  • အွန်လိုင်း သင်ယူသူများအတွက်ကွန်ပျူတာ၊ Tablet၊ ဖုန်း နှင့် ပုံနှိပ်စာရွက်စာတမ်းများအား စားပွဲဖြင့် လေ့လာရန်
  • အုပ်စုဖွဲ့ဆွေးနွေးမှု
  • အုပ်စုငယ်များ
  • အထောက်အကူပစ္စည်နမူနာများကို သင်ယူသူများလိုအပ်သည့်အထိ သိုလှောင်ထားခြင်း
  • အစားအသောက်နှင့် နေ့လည်စာ။

နေရာစီစဉ်သောအခါစဉ်းစားရမည့် အရာတချို့မှာ-

  • COVID စည်းကမ်းများလိုက်နာရန် လိုအပ်သောအကွာအဝေးများကို စစ်ဆေးပါ
  • ကိရိယာ များ အတွက် လုံလောက် သော လျှပ်စစ် ပစ္စည်း များ သုံးစွဲ ရန် သေချာ စွာတပ်ဆင်ပါ
  • အင်တာနက်ဆက်သွယ်မှုကို ကြိုတင်စစ်ဆေးပါ

အသုံးပြုမည့် ကဏ္ဍအားလုံးကို ပါဝင်သူအားလုံး ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း စစ်ဆေးပါ။

ခွင့်ပြုချက်များနှင့် သဘောတူညီချက်များအားလုံး ပြင်ဆင်ပါ

ညှိနှိုင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ဆောင်မှုမန်နေဂျာများသည်ပုံစံတွင် သတင်းအချက်အလက်များနှင့် သဘောတူညီချက်များထက် ကျော်လွန်မှုများနှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်များကို ပေးလိုကြမည်။ ၎င်းကို စာရွက်ပုံစံ များ သို့မဟုတ် ထပ်တိုး ပုံစံ များဖြင့် တောင်းဆိုနိုင် သည် ။

ထိရောက်သောTAPသင်ယူမှုဖြစ်အောင်ထောက်ပံ့ပါ။

TAP မော်ဂျူးများ၏အသုံးပြု နိုင် သော နည်းဗျူဟာအချို့ကိုအောက်တွင်ဖော်ပြထားသည် ။

  • နည်းပညာအထောက်အပံ့ပေးပါ– အွန်လိုင်းသင်ယူမှုသို့မဟုတ်သင်ယူနိုင်ရန်အသုံးပြုသည့် ကိရိယာများနှင့် အကျွမ်းတဝင်မရှိသော သင်တန်းသားများအား လေ့ကျင့်ပေးရန်နှင့် သင်ယူချိန်အတွင်း ထောက်ပံ့ပေးနိုင်ရန် စီစဉ်ပါ။
  • ဝင်ရောက်ကြည့်ရှုနိုင်ရန်လိုအပ်သောအရာများကို ဖြည့်ဆည်းပါ–သင်ယူသူများ ဝင်ရောက်ကြည့်ရှုနိုင်ရန်လိုအပ်သည်များကိုစစ်ဆေးပြီးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားပါ။
  • အတွဲလိုက် သင်ယူခြင်း– သင်ယူသူအချို့သည် အခြားသင်ယူသူတစ်ယောက်နှင့် မော်ဂျူးများကို တွဲပြီး အလုပ်လုပ်ချင်ကြသည်။ ၎င်းသည် TAP အကြောင်းအရာနှင့် အပြန်အလှန်ဆက်သွယ်မှုကို တိုးမြှင့်ပေးနိုင်ပြီး လက်တွေ့ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရန် အကူအညီပေးနိုင်သည်။
  • တစ်ချိန်တည်းတွင် အုပ်စုလိုက် သင်ယူခြင်း– ၎င်းက အခွင့်အလမ်းများရရှိစေသည်–
    • သင်ယူမှုတွင် တိုးတက်မှု စစ်ဆေးရန်နှင့်အောင်မြင်ရန် စစ်ဆေးဖို့ အုပ်စုဖွဲ့အစည်းအဝေးများကို စီစဉ်ပါ
    • TAPဆွေးနွေးရေးမေးခွန်းများကို အုပ်စုလိုက် ဖြေဆိုပါ (မော်ဂျူးများတစ်လျှောက်တွေ့နိုင်သည်)
    • ကြီးကြပ်ရေးနဲ့/သို့မဟုတ် ဆေးဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များနှင့် TAPမှ လက်တွေ့လုပ်ဆောင်မှု (ဥပမာ၊ ဒေသတွင်းရရှိနိုင်သည့် ထုတ်ကုန်များကို စူးစမ်းရှာဖွေခြင်း) များပြုလုပ်ပါ။
  • ဘဝအကြောင်းအရာများ ယူဆောင်လာပါ– TAPမှာ ဖော်ပြထားသည့် ဇာတ်လမ်းများကို ဒေသခံပုံစံနမူနာများဖြင့် တည်ဆောက်ပါ။ ညှိနှိုင်းရေးမှူးများ၊ ဆေးဘက်ဆိုင်ရာ ဆရာများနှင့် သင်ယူသူများသည် ၎င်းတို့၏ကိုယ်ပိုင်အတွေ့အကြုံမှတစ်ဆင့်ဖြစ်ရပ်များကို ဝေမျှနိုင်ပါသည်။
  • ဆွေးနွေးပွဲဖိုရမ်ကို အသုံးပြုဖို့ သင်ယူသူများကို အားပေးပါ။ရွေးချယ်ထားသည့် အုပ်စုတစ်စုစီမှမေးခွန်းများ၊မှတ်ချက်များနှင့် အတွေးအခေါ်များကို ဆွေးနွေးပါ။
  • သင်တန်းသားများသည် မော်ဂျူးများသင်ယူပြီးစီးပြီးနောက် -
    • အတွေ့အကြုံရှိသောဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး၏ အကူအညီဖြင့် သင်ယူသူများ၏ ကျွမ်းကျင်မှုလေ့ကျင့်ပေးရန်လိုအပ်ပါသည်။
    • သင်ယူသူများသည်ကျွမ်းကျင်မှုများတိုးတက်လာသည့်အခါ အထောက်အကူပြုပစ္စည်းအသုံးပြုသူများနှင့် လေ့ကျင့်မှုကို စီစဉ်ပေးပါ။အတွေ့အကြုံ ရှိ သော ဆေး ပညာ ဆိုင်ရာ သင်ကြားပေးသူများ ဖြင့်လေ့ကျင့်ပါ။
    • ဆေးဘက်ဆိုင်ရာအကြံပေးသူများသည် သင်ယူသူတစ်ဦးစီ၏ စွမ်းရည်ကို စောင့်ကြည့်ရန် ကျွမ်းကျင်မှုစစ်ဆေးရေးစာရင်းများကို အသုံးပြုနိုင်သည်။

TAPနှင့်ပတ်သက်ပြီး မေးမြန်းလိုပါက WHOအထောက်အပံ့နည်းပညာအဖွဲ့[email protected]သို့မေးပါ။

TAP အကောင်အထည်ဖော်ရန် နည်းပညာဆိုင်ရာ ထောက်ပံ့မှု လိုအပ်ပါက ကျေးဇူးပြု၍ သင်၏ နိုင်ငံရှိWHOရုံးကို ဆက်သွယ်ပါ။

လူနှစ်ယောက်ထိုင်နေသည်။ ညာဘက်လူက အမြင်အာရုံ ဖန်သားပြင် E ဇယားကို ကိုင်ထားပြီး  ဘောပင်ဖြင့် ညွှန်ပြနေသည်။ ဘယ်ဘက်လူက အမြင်ဇယားကို ကြည့်နေသည်။