အဆင့်၄ - ပြန်လည်ခေါ်ယူကြည့်ရှုခြင်း

ခေါင်းစဉ်တိုးတက်မှု -

 အဆင့်၄ကိုဖော်ပြထားသောဂရပ်

အဆင့်၄သည် ပြန်လည်ခေါ်ယူကြည့်ရှုခြင်းဖြစ်သည်။ အထောက်အကူပြုပစ္စည်းများသည် အသုံးပြုသူ၏လိုအပ်ချက် များကိုဖြည့်ဆည်း ပေး နိုင်ဆဲ (သို့) ကောင်းမွန် သော အခြေအနေ တွင် ရှိ နေ ဆဲ ဖြစ်သလား ဆိုသည်ကိုစစ်ဆေး ရန် ဖြစ် သည် ။

လူတစ်ယောက်၏ဘေးမှာထိုင်ပြီး မျက်မှန်ကိုစစ်ဆေးနေသည်။

မေးခွန်း

  • ဝန်ဆောင်မှုထောက်ပံ့ပေးသူတစ်ဦးသည်ရက်ချိန်းပြန်ပြသည့်အချိန်အတွင်း မည်သည့် လုပ်ဆောင်မှုများရှိသနည်း။
  • အထောက်အကူပြုပစ္စည်းသည် လူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေဆဲဖြစ်ကြောင်း စစ်ဆေးပါ
  • အထောက်အကူပြုပစ္စည်းများ ကောင်းစွာလုပ်ဆောင်နေသည်ကို စစ်ဆေးပါ
  • အထောက်အကူပြုပစ္စည်းများနှင့်ပတ်သက်သည့်မေးခွန်းများကို ဖြေပါ
  • အထောက်အကူပြုပစ္စည်းများကိုအံဝင်ခွင်ကျဖြစ်အောင်ချိန်ညှိပါ
  • ပြုပြင်ရန် (သို့) ထိန်းသိမ်းရန် စီစဉ်ပါ
  • အထောက်အကူပြုပစ္စည်းကို မည်သို့အသုံးပြုရမည် (သို့) ကြည့်ရှုစောင့်ရှောက်ရမည်ကို နောက်ထပ်လေ့ကျင့်မှုသင်တန်းပေးပါ
  • လိုအပ်ပါက အခြားဝန်ဆောင်မှုများသို့ လွှဲပြောင်းပေးပါ

ဝန်ဆောင်မှုထောက်ပံ့ပေးသူတစ်ဦးသည် မက်သီယပ်စ်၏ လမ်းလျှောက်ဘောင်ရှိ ဘရိတ်များကို စစ်ဆေးနေသနေ။

မာသီယပ်စ်ကို မှတ်မိပါသလား

ရပ်ရွာအခြေပြုလုပ်သားသည်ဘီး၄ဘီးပါသောလမ်းလျှောက်လက်ကိုင်တွန်းလှည်းနှင့် အခြားအထောက်အကူပြုပစ္စည်းများသည်သူ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေဆဲဖြစ်ကြောင်းကို ခြောက်လတစ်ကြိမ် လာရောက်စစ်ဆေးသည်။

သူသည်ဘီး၄ဘီးပါသောလမ်းလျှောက်လက်ကိုင်တွန်းလှည်းကိုကောင်းစွာအလုပ်လုပ်နေကြောင်း သေချာစေရန် စစ်ဆေးပြီး လုံခြုံမှုရှိမရှိ(သို့)အခက်အခဲများရှိမရှိကို မက်သီယပ်စ်နှင့် သူ၏ဇနီးကို မေးသည်။

နောက်ဆုံးအကြိမ်တွင် ရပ်ရွာအခြေပြုလုပ်သားက ဘရိတ်များကို ပြုပြင်ပေးခဲ့ပြီးကျန်းမာရေးအထောက်အကူပြုဖိနပ်သည် သက်သောင့်သက်သာမဖြစ် သောကြောင့် ၊ ပြန်လည်စစ်ဆေးရန် အတွက်မက်သီယပ်စ် ကို သူနာပြု ထံ သို့ လည်း ပြန်လည် လွှဲပြောင်း ခဲ့ သည် ။

အဆင့်လေးဆင့်ကို လိုက်နာခြင်းဖြင့် ဝန်ဆောင်မှုပေးသူများသည် လူတစ်ဦးချင်းစီ၏ လိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရန် အထောက်အကူပြုပစ္စည်းများကို ဘေးကင်းပြီး ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။

သင်သည် သင်ခန်းစာ၃ကို ပြီးစီးခဲ့ပြီ

မေးခွန်းများ (သို့)မှတ်ချက်များ ရှိလျှင်ဆွေးနွေးပွဲ ဖိုရမ်မှာ တင်ထားပါ။

ဆွေးနွေးပွဲ ဖိုရမ်