အိမ်သာ(သို့)ရေချိုးခန်းသုံးကုလားထိုင်ပေါ်သို့ဘေးကင်းစွာအတက်အဆင်းပြုလုပ်ခြင်း (ရွှေ့ပြောင်းခြင်း)
အိမ်သာ(သို့)ရေချိုးခန်းသုံးကုလားထိုင်ပေါ်သို့ဘေးကင်းစွာအတက်အဆင်းပြုလုပ်ခြင်းကိုရွှေ့ပြောင်းခြင်းလို့ ခေါ်ပါတယ်။
လူများသည် ၎င်းတို့၏ စွမ်းရည်၊ လိုအပ်ချက်များနှင့် အကူအီတို့အပေါ် မူတည်၍ မတူညီသော နည်းလမ်းများစွာဖြင့် ပြောင်းရွှေ့နိုင်ကြသည်။
ဤအကြောင်းအရာသည် ဘေးကင်းရေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများနှင့် လူများရွှေ့ပြောင်းသည့် နည်းလမ်းအမျိုးမျိုး၏ နမူနာအချို့ကို ပေးပါသည်။
ရွှေ့ပြောင်းခြင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေအတွက်
- TAP လမ်းလျှောက်အကူပစ္စည်းမော်ဂျူးများ(လမ်းလျှောက်အကူပစ္စည်းကို အသုံးပြုသူများအတွက်)ကိုကြည့်ပါ
- WHO ဘီးတပ်ကုလားထိုင် ဝန်ဆောင်မှု လေ့ကျင့်ရေး ပက်ကေ့ခ်ျ - အခြေခံအဆင့်(ဘီးတပ်ကုလားထိုင်အသုံးပြုသူများအတွက်) ဤဗီဒီယိုကို ကြည့်ပါ။
- ပြန်လည်ထူထောင်ရေးဝန်ထမ်းများထံမှ အကြံဉာဏ်ရယူပါ။
ဘေးကင်းစွာရွှေ့ပြောင်းရန် အမြဲတမ်း- -
- ရွှေ့ပြောင်းမှုမစတင်ခင် ဘရိတ်တွေကို လေ့ာချထားပါ
- သူနှင့် သူတို့၏ ပြုစုစောင့်ရှောက်ပေးသူအား ဘေးကင်းစွာ သွားလာဖို့နေရာအလုံအလောက်ရှိရန် သေချာပါစေ။
- ကြမ်းပြင် စိုနေပါက ခြောက်အောင်ပြုလုပ်ပြီး ကြမ်းပြင် ချောနေပါကမချော်လဲနိုင်သောဖျာများကို အသုံးပြုပါ။
မတ်တတ်ရပ်ရန်နှင့် ထိုင်ရန် လူတစ်ဦးကို ကူညီပေးခြင်း
ရနိုင်သည့်အခါလက်တင်ခုံ များကို အသုံးပြုခြင်း အပါအဝင် ၎င်းတို့ တတ်နိုင်သမျှ လုပ်ဆောင်ရန် အားပေးပါ။
အိမ်တွင် ဘေးကင်းစွာ ကူညီနိုင်စေရန် ထိုသူ၏ စောင့်ရှောက်ပေးသူ (သို့)မိသားစုဝင်ကို သင်ပေးရန် လိုအပ်ပါသည်။
လူတစ်ဦးသည် ခြေတင်ခုံများနှင့် လိမ့်ဘီးတွင်ဘရိတ် ပါသော အိမ်သာ (သို့)ရေချိုးခန်းသုံး ကုလားထိုင်ကို အသုံးပြုပါက၊ ရွေ့လျားရန် ပြုစုစောင့်ရှောက်သူထံမှ အကူအညီ လိုအပ်မည်ဖြစ်သည်။ခြေဖဝါးနှင့်ပေါင်ကို ထောက်ပံ့ရန် ခြေတင်ခုံ အမြင့်ကို ညှိနှိုင်းသင့်သည်။
မရွှေ့ ပြောင်းမီ ဘရိတ်အတင်အချ မည်သို့လုပ်ရမည်ကို ပြုစုစောင့်ရှောက်သူကို သင်ပေးပါ။
ပြုစုစောင့်ရှောက်သူသည် လူတစ်ဦးကို ရွှေ့ပြောင်းရန် ကူညီပေးနေပါကထိုသူအား မ မ မီ ၎င်းတို့၏ ဒူးများကို အမြဲကွေးပြီး 'တောင့်' ထားသင့်သည်။ယင်းက ထိခိုက်ဒဏ်ရာမရစေရန် အထောက်အကူပြုပါလိမ့်မည်။
လူတစ်ဦးသည် ကိုယ်တစ်ခြမ်းအားနည်းနေမည်ဆိုလျှင် ကြည့်ရှုစောင့်ရှောက်သူများသည် အကူအညီပေးရန် ထိုဘက်တွင် ရပ်သင့်သည်။
ရွှေ့ပြောင်းခြင်းကို အကူအညီဘယ်လိုပေးရမလဲဆိုတာနဲ့ ပတ်သက်တဲ့ ထပ်ဆင့်အချက်အလက်တွေအတွက် လမ်းလျှောက်အကူပစ္စည်းများ သင်ခန်းစာ ၄ကိုသွားပါ
အောက်တွင် ရွှေ့ပြောင်းခြင်း နမူနာနှစ်ခုဖြစ်သည်။
ကုတင်မှအိမ်သာသုံးကုလားထိုင်- ထိုင်လျက်ရွှေ့ပြောင်းခြင်း
Meet Verna
ဒေါ်နီသည် အသက် ၈၉နှစ်ရှိပြီး သူ့ခင်ပွန်းဦးမြနဲ့အတူနေတယ်။ ဒေါ်နီသည် ချည့်နဲ့သူဖြစ်ပြီး ညအချိန်မှာ အိမ်သာသွားဖို့ အခက်အခဲရှိပါတယ်။ ပုံတွင် ဒေါ်နီသည် သူ၏အိမ်သာကုလားထိုင်မှ အိပ်ရာသို့ ပြောင်းရွှေ့နေသည်ကိုတွေ့မြင်နိုင်သည်။ ဦးမြက ကူညီပေးနေပါတယ်။
သတိပြုပါ -
- ဒေါ်နီသည် လွယ်ကူစေဖို့ လူနာရွှေ့ပြောင်းရာတွင်အသုံးပြုသောဘုတ်ပြားကို သုံးနေပါသည်
- အိမ်သာသုံးကုလားထိုင်ကို အိပ်ရာထောင့်မှာ နေရာချထားသည်
- အိမ်သာသုံးကုလားထိုင်သည် အိပ်ရာနှင့် အမြင့်ညီသည်။
ဒေါ်နီ အတွက် လျှောချ ရပိုမို လွယ်ကူ စေရန် အိပ်ရာနှင့်အနီးကပ် ရှိလက်တင်ခုံကိုအောက်ချ ခဲ့ သည် ။
ဘီးတပ်ကုလားထိုင်မှ ဆောင့်ကြောင့်ထိုင်အိမ်သာပေါ်ရှိအိမ်သာသုံးကုလားထိုင်ပေါ်သို့ ရွှေ့ပြောင်းပေးခြင်း
ကျဉ်းမြောင်းသောနေရာများတွင် လူတချို့သည် ဘီးတပ်ကုလားထိုင်ရှေ့ရှိအိမ်သာ(သို့)ရေချိုးခန်းသုံးကုလားထိုင်ပေါ်တိုက်ရိုက်ပြောင်းရွှေ့နိုင်ကြပေမည်။
လုပ်ဆောင်မှု
ဂျူးဂျူးက ၂၄ နှစ်ရှိပြီးကျောရိုးရှိပင်မအာရုံကြောဒဏ်ရာရနေပါသည်။သူမသည် ဘီးတပ်ကုလားထိုင်ကနေ အိမ်သာသုံးကုလားထိုင်ဆီ ပြောင်းရွှေ့သည်။
သူမ ၏ အိမ်သာ တွင် နေရာ အမြောက်အများမ ရှိ သောကြောင့် မှန်ကန် သော ရွှေ့ပြောင်း နည်းလမ်း သည် အရေးကြီး သည် ။
ဂျူးဂျူး၏ပုံကိုကြည့်ပြီး ရွှေ့ပြောင်းခြင်း၏ အရေးပါသောအသွင်အပြင်များကို ခွဲခြားပါ။
ဘီးတပ်ကုလားထိုင်ကိုဘယ်လိုနေရာချထားသလဲ။
ဘီးတပ်ကုလားထိုင်ကို အိမ်သာသုံးကုလားထိုင်ရှေ့နဲ့ ထောင့်အနည်းငယ်တွင်နေရာချထားသည်။
အိမ်သာသုံးကုလားထိုင်ရဲ့ ဘယ်အသွင်အပြင်တွေကရွှေ့ပြောင်းတဲ့အခါ အကူအညီပေးသလဲ။
- ညှိနှိုင်းလို့ရတဲ့ ခြေအမြင့်များ- အိမ်သာသုံးကုလားထိုင်ကို ဂျူးဂျူးရဲ့ ဘီးတပ်ကုလားထိုင်နဲ့ တူညီတဲ့အမြင့် ချိန် ညှိနိုင်ပါတယ်။
- လက်တင်ခုံကို မ တင်ပါ- ဂျူးဂျူး ရွှေ့ပြောင်းနေချိန်မှာ သူတို့ကို ဖယ်ထားပါ။ ထို့နောက်သူမ၏အဝတ်အစားကိုပြန်ဝတ်နေစဉ်ဟန်ချက်ညီစေရန်အတွက်လက်တင်ခုံကိုပြန်ဆွဲချနိုင်သည်။
- ရွှေ့ပြောင်းချိန်အတွင်း ထောက်ပံ့မှုရရန်အတွက် တည်ငြိမ်သောအရာတစ်ခုကို ဆုပ်ကိုင်ထားရန်ဂျူးဂျူးအတွက် အရေးကြီးသည်။ ဆုပ်ကိုင်ရန်လက်ရမ်း/ဘားတစ်ခုက ကူညီပေးနိုင်ပါသည်။
ရေချိုးရာတွင် ရေချိုးခန်းသုံးကုလားထိုင်ကို အသုံးပြုခြင်း
အချို့ရေချိုးခန်းများတွင် ရေချိုးဖို့သာနေရာရှိသည်။ ရေချိုးခန်းထဲမှာ ရေချိုးခန်းသုံးကုလားထိုင်သုံးဖို့လိုအပ်ချက်မှာ–
- ရေချိုးခန်းသည်ရေချိုးသုံးကုလားထိုင်အတွက် လုံလောက်အောင် ကျယ်ဝန်းဖို့ လိုသည်
- သူသည် ရေချိုးခန်းအထစ်ကို ကျော်ပြီး ဘေးကင်းစွာ လျှောက်လှမ်းနိုင်ပါစေ။
ရေချိုးခန်းတွင် ရေချိုးခန်သုံးကုလားးထိုင်ကို အသုံးပြုရန် လိုအပ်သူတစ်ဦးအတွက် အိမ်ကိုစစ်ဆေးကဲဖြတ်ခြင်းနှင့် ဘေးကင်းသော ရွှေ့ပြောင်းခြင်းနည်းလမ်းများလေ့ကျင့်ပေးခြင်းအတွက် ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုကို ကိုးကားပါ။
ဝန်မစက်သုံးပြီး ရွှေ့ပြောင်းခြင်း
ထိုသူသည် ပြောင်းရွှေ့ရန် အကူအညီများစွာလိုအပ်မည်ဆိုလျှင် ရွှေ့ပြောင်းပေးရန် ဝန်မစက်လိုပေမည်။ ဝန်မစက်သည် လူတစ်ဦးကို ကြိုးဖြင့် မ တင်ပေးသည့် စက်ဖြစ်သည်။
ဝန်မစက်ကိုဘေးကင်းစွာ အသုံးပြုရန် လေ့ကျင့်ပေးဖို့လိုသည်။
ဝန်မစက်အသုံးပြုသူ မည်သူမဆိုမသုံးမီ လေ့ကျင့်ပေးသင့်သည်။
အများအားဖြင့် ကုထုံးပညာရှင်တစ်ဦး (သို့)ထောက်ပံ့ပေးသူတစ်ဦးက ဝန်မစက်ကို မည်သို့အသုံးပြုသင့်ကြောင်း အကြံပြုလေ့ရှိသည်။