အိမ်သာ(သို့)ရေချိုးခန်းသုံးကုလားထိုင် အသုံးပြုမယ့်နေရာကို နေရာချထားခြင်း

ခေါင်းစဉ်တိုးတက်မှု -

တည်နေရာကို စစ်ဆေးခြင်း

ထိုသူများ (နှင့် ၎င်းတို့၏ ပြုစုစောင့်ရှောက်သူ (သို့)မိသားစုနှင့်)အိမ်သာ (သို့)ရေချိုးခန်းသုံးကုလား ထိုင်ထားရှိလိုသည့် နေရာကို ဆွေးနွေးပါ။


စစ်ဆေးပါ -

  • ထိုနေရာသို့ သွားရာလမ်းသည်ချောပြီးရှင်းလင်းသည်။
  • ထိုနေရာမှာ သီးသန့်ဖြစ်သည်
  • နေရာအလုံအလောက်ရှိပါသည်
  • ကုလားထိုင်၏ ခြေလေးချောင်းစလုံးသည် ကြမ်းပြင်နှင့်ထိနေသည်
  • လက်ဆေးရန် နေရာ(အိမ်သာသုံးကုလားထိုင်အတွက်) ရှိပါသည်။

လူတစ်ဦးသည် အကူအညီလိုအပ်မည်ဆိုလျှင် ပြောင်းရွှေ့ရန်ကူညီပေးသူအတွက်အခန်းပိုကျယ်ရန်လိုအပ်ပေမည်။

အမျိုးသားတစ်ဦးသည် ၎င်း၏ဘီး၄ဘီးပါသော လမ်းလျှောက်လက်ကိုင် တွန်းလှည်း နှင့်အတူ ရေချိုးခန်းအလယ်တွင် ရပ်နေပြီး သူ့နောက်တွင် အမျိုးသမီးတစ်ဦးရှိသည်။ သူ့ကို ထောက်ပံ့ဖို့ သူ့တင်ပါးပေါ်မှာ လက်နှစ်ဖက် ရှိတယ်။ ၎င်းတို့ပတ်လည်တွင် အခန်းတွင်းလှည့်ရန် နေရာအလုံအလောက်ရှိသည်ကို ပြသထားသည့် စက်ဝိုင်းတစ်ခုရှိသည်။

လုပ်ဆောင်မှု

ခိုင်ခံ့သောဖိနပ်ဝတ်ထားသည့် အမျိုးသမီး ဆိုဖီယာသည် ဘီး၄ဘီးပါသော လမ်းလျှောက်လက်ကိုင် တွန်းလှည်း၏အကူအညီဖြင့် လမ်းလျှောက်နေသည်။

ဆိုဖီယာကိုမှတ်မိပါသလား

ဆိုဖီယာသည်သွားလာပြောင်းရွှေ့ဖို့ဘီး၄ဘီးပါသော လမ်းလျှောက်လက်ကိုင် တွန်းလှည်းကိုအသုံးပြုသည်။

ဆိုဖီယာရဲ့အိမ်သာကို ကြည့်ပါ။

ဆိုဖီယာ သည် သူမ၏ ရေချိုးခန်းသို့ ရောက်ရန် ဘီး၄ဘီးပါသော လမ်းလျှောက်လက်ကိုင် တွန်းလှည်းကို အသုံးပြု၍ ဆင်ခြေလျှောပေါ်တက်လာသည်။လက်တင်ခုံပါတဲ့ အိမ်သာထိုင်ခုံတစ်လုံးကို ဆောင့်ကြောင့်ထိုင်အိမ်သာပေါ်မှာ ထားတယ်။ဆပ်ပြာနှင့်ဘေစင်ကို ထောက်ပံ့ပေးထားသည်။ တံခါးတစ်ခုရှိပြီး တံခါးဝသည် ဘီး၄ဘီးပါသော လမ်းလျှောက်လက်ကိုင် တွန်းလှည်းနှင့် အံဝင်ခွင်ကျဖြစ်လောက်အောင် ကျယ်ဝန်းသည်။

ယင်းသည် သူ့အတွက် သင့်တော်ပါသလား။



အဘယ်အရာက ၎င်းကို သင့်တော်စေသနည်း။

မှန်ပါသည်။ ဆိုဖီယာ၏ အိမ်သာသည် သင့်တော်ပါသည်။

  • လမ်းကချောပြီးရှင်းလင်းသည်
  • ထိုနေရာမှာ သီးသန့်ဖြစ်သည်
  • နေရာအလုံအလောက်ရှိပါသည်
  • အိမ်သာသုံးကုလားထိုင်၏ ခြေလေးချောင်းစလုံး ကြမ်းပြင်နှင့်ထိနေသည်
  • ဆိုဖီယာအတွက်လက်ဆေးဖို့ နေရာတစ်ခုရှိသည်
  • ကောင်းမွန်တဲ့အလင်းရောင်ရှိသည်။

လုပ်ဆောင်မှု

ကာလီဟာ ရေချိုးဝတ်ရုံဝတ်ပြီး ရေချိုးတဲ့ခုံပုပေါ်မှာထိုင်နေတယ်။

ဒေါ် လီလီကို မှတ်မိပါသလား

ဒေါ် လီလီမှာအဆစ်ရောင် ရောဂါရှိပြီးလမ်းလျှောက်လျှင်နာကျင်‌မှုရှိသည်။

ဒေါ် လီလီရဲ့ ရေချိုးခန်းကိုကြည့်ပါ။

ရေချိုးခန်းအတွင်းမှာ ဘိုထိုင်အိမ်သာပေါ်မှာ တပ်ဆင်ထားတဲ့ အိမ်သာသုံးကုလားထိုင်ရှိတယ်။ လက်ရမ်းပါတဲ့ ရေချိုးခန်းသုံးကုလားထိုင်တစ်လုံးဟာ ရေချိုးတဲ့နေရာမှာ ရှိတယ်။ရေချိုးနံရံပေါ်မှာ ဆုပ်ကိုင်ရန်လက်ရမ်း/ဘားတန်းတစ်ခုရှိတယ်။ အလင်းရောင်နဲ့ မှန်ရှိတယ်။ ဘီး၄ဘီးပါသော လမ်းလျှောက်လက်ကိုင် တွန်းလှည်း (သို့)လေးချောင်းထောက်အတွက်နေရာရှိတယ် .

ဒေါ် လီလီရဲ့ ရေချိုးခန်းကသင့်တော်သလား



အဘယ်အရာက ၎င်းကို သင့်တော်စေသနည်း။

ဒေါ် လီလီရဲ့ ရေချိုးခန်းကသင့်တော်ပါသည်။

  • ထိုနေရာမှာ သီးသန့်ဖြစ်သည်
  • နေရာအလုံအလောက်ရှိပါသည်
  • အိမ်သာ(သို့)ရေချိုးခန်းသုံးကုလားထိုင်ရဲ့ခြေထောက်လေးဖက်စလုံးဟာ ကြမ်းပြင်နဲ့ ထိနေသည်
  • ဒေါ် လီလီအတွက်လက်ဆေးဖို့ နေရာတစ်ခုရှိသည်
  • ကောင်းမွန်တဲ့အလင်းရောင်ရှိသည်။

အရေးပေါ် ခိုလှုံ ရာ အဆောက်အဦးများတွင်အိမ်သာနှင့် လက်ဆေးရန်နေရာများ

ပြန်လည်သုံးသပ်ခြင်း

မသန်စွမ်းသူများသည် မိမိတို့၏ဒေသတွင်း အရေးပေါ်ခိုလှုံရာနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို မျှဝေခဲ့ကြသည်။ ရေကြီး မှု နှင့် ဆိုင်ကလုန်း မုန်တိုင်း များ အတွင်း အန္တရာယ် ရှိ သော်လည်းအိမ် တွင် နေ ချင် ကြောင်းအစီရင်ခံ ခဲ့ သည် ။ သူ တို့ ၏ စိုးရိမ် ပူပန် မှု များ တွင် –

  • ရွှံ့ထူပြီးကြမ်းသောလမ်းများ
  • အဆောက်အအုံအမြင့်သို့တက်ရောက်ရန် ဆင်ခြေလျှော(သို့)ဘားတန်းများ မရှိခြင်း
  • ဘီးတပ်ကုလားထိုင်အသုံးပြုသူများ ဝင်ရောက်ရန် အိမ်သာများနှင့်ရေချိုးရန်နေရာများတွင်တံခါးများ အလွန်ကျဉ်းလွန်းခြင်း
  • အိမ်သာထဲတွင်ဆုပ်ကိုင်ရန်လက်ရမ်းဘားများ မရှိခြင်း
  • အိမ်သာအားလုံးဟာ ဆောင့်ကြောင့်ထိုင်အိမ်သာများဖြစ်နေခြင်း

ထို တွေ့ ရှိ ချက် များ ကို အခြေခံ ၍တာဝန်ရှိသူ များ သည် မသန်စွမ်း သူ များ အပါအဝင် ၊ ဒေသခံ အသိုင်းအဝိုင်း နှင့်အတူ ၊ ခိုလှုံ ရာနေရာ ကို လူ တိုင်း လက်လှမ်းမီနိုင် ရန်လုပ် ဆောင်ခဲ့ ကြ သည် ။ အဓိကလုပ်ဆောင်မှုတချို့မှာ

  • ဘီးတပ်ကုလားထိုင်အမြဲ သုံးသူများအတွက်အတားအဆီးများကင်းစင်သောလမ်းကိုတည်ဆောက်ခဲ့သည်။
  • အဆောက်အအုံကို မြှင့်လိုက်သောကြောင့် လှေကားထစ်များဘေးတွင် လက်ရန်းများပါသော ဆင်ခြေလျှောကို တပ်ဆင်ပေးခဲ့သည်။
  • အိမ်သာများနှင့် ရေချိုးရာနေရာများရှိ တံခါးပေါက်များ ချဲ့ခဲ့သည်
  • အိမ်သာသုံးကုလားထိုင်တွေနဲ့ ဆုပ်ကိုင်ရန်လက်ရမ်းဘားတွေကို လူတွေ ဘေးကင်းလုံခြုံစွာရွှေ့ပြောင်းပေးဖို့ အိမ်သာအခန်းအတော်များများမှာ တပ်ဆင်ထားသည်။

ပတ်ဝန်းကျင်အတားအဆီးများကို လျှော့ချခြင်း

လုပ်ဆောင်မှု

အောက်ပါအခြေအနေတိုင်းအတွက် အတားအဆီးကိုကျော်လွှားနိုင်တဲ့ အကောင်းဆုံးနည်းကဘာလဲ။

၁။ အတားအဆီး - တံခါးပေါက်ရှိလှေကားထစ်

ဘီးတပ်ကုလားထိုင်သုံးနေတဲ့ လူတစ်ယောက်ဟာ လှေကားထစ်နှစ်ခုရဲ့ အောက်ခြေမှာ ရပ်လိုက်တယ်။

တုတ်ကောက် အသုံးပြုသောအမျိုးသမီးတစ်ဦးအထစ်၁ထစ်ရဲ့ အောက်ခြေမှာ ရပ်နေတယ်။




လူတစ်ယောက်က သူ့ရဲ့ဘီးတပ်ကုလားထိုင်ကိုသုံးပြီး လှေကားပေါ်တင်ထားတဲ့ ဆင်ခြေလျှောပေါ်တက်သွားတယ်။

အမျိုးသမီးတစ်ယောက်က နံရံပေါ်မှာ တပ်ဆင်ထားတဲ့ ဘားတန်းနဲ့တုတ်ကောက် ကိုသုံးပြီး ခြေလှမ်းနေတယ်

ရွှေ့လျားနိုင်သောဆင်ခြေလျောကိုအသုံးပြုခြင်းနှင့် ဆုပ်ကိုင်ရန်လက်ရမ်းဘား (သို့)လက်တန်းကို ပေါင်းထည့်ခြင်းသည် ကောင်းသောဖြေရှင်းချက်နှစ်ခုလုံးဖြစ်သည်။

၂။ အတားအဆီး – တံခါးက အတွင်းဖက်သို့ဖွင့်လျှင်အတွင်းရှိ နေရာကို လျော့နည်းစေသည်

သက်ကြီးရွယ်အိုတစ်ဦးသည်လေးချောင်းထောက်အသုံးပြုပြီးဆင်ခြေလျောပေါ်မှာ အမျိုးသမီးတစ်ယောက်က ကူညီပေးပါတယ်။ အပေါ်မှာ ရေချိုးခန်းတံခါးရှိတယ်။ တံခါးကို အခန်းထဲ ဖွင့်ထားပြီး အိမ်သာထိုင်ခုံကို ဆောင့်ကြောင့်ထိုင်အိမ်သာတင်ထားတယ်။




သက်ကြီးရွယ်အိုတစ်ဦးသည်လေးချောင်းထောက်အသုံးပြုပြီးဆင်ခြေလျောပေါ်မှာ အမျိုးသမီးတစ်ယောက်က ကူညီပေးပါတယ်။ အပေါ်မှာ ရေချိုးခန်းတံခါးရှိတယ်။ တံခါးကို အခန်းထဲ ဖွင့်ထားပြီး အိမ်သာထိုင်ခုံကို ဆောင့်ကြောင့်ထိုင်အိမ်သာတင်ထားတယ်။

တံခါးကို နံရံမှာလျှောဖွင့်/ပိတ်လုပ်နိုင်တယ်။ တံခါးဝသည် ၉၀၀ မီတာကျယ်သည်။ အခန်းအတွင်းမှာ ဘိုထိုင်အိမ်သာနဲ့ တစ်ရှူးလိပ်ပါ။

တံခါးကို အပြင်သို့ဖွင့်ရန် (သို့)လျှောတံခါးအဖြစ် ပြောင်းလဲခြင်း နှစ်ခုလုံးသည် ကောင်းသော ဖြေရှင်းချက်ဖြစ်သည်။

‌ရွေ့လျားနိုင်သောဆင်ခြေလျောများဆိုင်ရာ နောက်ထပ်အချက်အလက်များအတွက် TAP ‌ ‌ရွေ့လျားနိုင်သောဆင်ခြေလျောများမော်ဂျူးကို ကိုးကားပါ။

ဆုပ်ကိုင်ရန် လက်ရမ်း၊ ဘားဆိုင်ရာ နောက်ထပ်အချက်အလက်များအတွက် TAPဆုပ်ကိုင်ရန် လက်ရမ်း၊ ဘား မော်ဂျူးကို ကိုးကားပါ။

သင်သည် သင်ခန်းစာ၃ကို ပြီးစီးခဲ့ပြီ

မေးခွန်းများ (သို့)မှတ်ချက်များ ရှိလျှင်ဆွေးနွေးပွဲ ဖိုရမ်မှာ တင်ထားပါ။

ဆွေးနွေးပွဲ ဖိုရမ်