အိမ်သာသုံးကုလားထိုင်များ
ကမ္ဘာတစ်ဝှမ်းတွင် မတူသောအိမ်သာအမျိုးအစားများကို အသုံးပြုကြသည်။
အိမ်သာများကို လူတို့ဆောင့်ကြောင့်ထိုင်ခြင်း (သို့ ) ထိုင်ခြင်းဖြင့် အသုံးပြုရန် တပ်ဆင်ထားသည်။

ဆောင့်ကြောင့်ထိုင်ခြင်း

ထိုင်ခြင်း
ဆွေးနွေးခြင်း

တွင်း/ ဆောင့်ကြောင့်ထိုင်အိမ်သာ

ရေဆွဲချခြင်း / ဘိုထိုင်အိမ်သာ
သင့်ဒေသမှာ ဆောင့်ကြောင့်ထိုင်အိမ်သာ (သို့) ဘိုထိုင်အိမ်သာတွေ အသုံးများပါသလား။
လူအများအိမ်သာပိုမိုလွယ်ကူစွာအသုံးပြုနိုင်စေရန် အိမ်သာအများစုတွင် အိမ်သာသုံးကုလားထိုင်ကိုထားရှိနိုင်သည်။

ဘိုထိုင်အိမ်သာပေါ်မှအိမ်သာသုံးကုလားထိုင်
အချို့သောအခြေအနေများတွင် အိမ်သာအပေါ်တွင် သုံးတာထက် သီးသန့်နေရာတစ်ခုတွင် အိမ်သာသုံး ကု လားထိုင်အသုံးပြုခြင်းသည် ပို၍လက်တွေ့ကျမည်။
ဤအခြေအနေမျိုးတွင် ဖြုတ်တပ်လို့ရသောပုံးပါသည့် အိမ်သာသုံးကုလားထိုင်ကို အသုံးပြုကြသည်။ ပုံးကိုအသုံးပြုပြီးနောက် အိမ်သာထဲသို့ သွန်ပစ်နိုင်သည်။

ပုံးပါသည့် အိမ်သာသုံးကုလားထိုင်
မေးခွန်း
ပုံးပါသည့် အိမ်သာသုံးကုလားထိုင်ကိုသုံးရာတွင် ပိုလက်တွေ့ကျရတဲ့ အကြောင်းရင်းအချို့က ဘာတွေလဲ။
ဖြစ်နိုင်သော အကြောင်းရင်းအချို့မှာ-
- လူတစ်ယောက်သည် အိမ်သာသို့သွားရန် အခက်အခဲရှိခြင်း
- အိမ်သာသုံးကုလားထိုင်ကို အိမ်သာအပေါ်တွင် ဘေးကင်းစွာထား၍မရခြင်း
- အိမ်သာတစ်ခုတည်းအားလူအများသုံးခြင်း
အိမ်သာသုံးကုလားထိုင်အမျိုးမျိုးရှိပါတယ်။
အိမ်သာသုံးကုလားထိုင်များကိုရွေးချယ်ရာတွင် ဤအရေးပါသော အချက်များကို အမြဲရှာဖွေပါ–
Important features
ဘေးကင်းမှုနှင့် ထိရောက်မှုရှိရန် အိမ်သာသုံးကုလားထိုင်အားလုံးသည် အောက်ပါအတိုင်းဖြစ်သင့်သည်–
- Be strong and durable
- သံချေးတက်ခြင်းနှင့်ရေစိုဒဏ်ခံနိုင်ရည်ရှိရမည်
- ထိခိုက်ဒဏ်ရာမရစေရန်ချောမွေ့မှုရှိရမည်
- (ဘီးများမရှိလျှင်) ခြေထောက်များတွင်ရော်ဘာအခံများပါရမည်
- ဘရိတ်များရှိရမည် (ခြေထောက်မပါပဲဘီးများရှိပါက)
- အနိမ့်၊ အမြင့် ချိန်ဆ၍ရနိင်သောခြေထောက်ပါခြင်း
- အသုံးပြုသူ၏ အလေးချိန်ကို သယ်ဆောင်နိုင်ရန် သတ်မှတ်ချက်ရှိရမည်
Other features
အထူးသဖြင့်လှုပ်ရှားမှုနည်းသော (သို့) ပံ့ပိုးမှုပိုလိုအပ်နေသူများအတွက် အသုံးဝင်သော အခြားလက္ခဏာများမှာ-
- ဖြုတ်တပ်၍ရသောပုံး
- ဘီးငယ်များ (လှည့်၍ရသောဘီးများ)
- အမြင့် ချိန်ညှိနိုင်သောလက်တင်ခုံများ
- ဘေးသို့ဖယ်နိုင်သောလက်တင်ခုံများ
- အမြင့်ကို ချိန်ညှိနိုင်ပြီး ဘေးသို့ဖယ်နိုင်သောခြေတင်ခုံ
- ထိုင်ခုံနှင့် လက်ရမ်းပေါ်တွင် ကပ်ထားသောအခုအခံ
- အခုအခံပါသောနောက်မှီ
လုပ်ဆောင်မှု
သင့်လုပ်ငန်းတွင် (သို့) သင့်ဒေသရှိ အိမ်သာသုံးကုလားထိုင်များကို အနီးကပ်ကြည့်ပါ။
- အထက်မှာဖော်ပြထားတဲ့ 'အရေးကြီးတဲ့ လက္ခဏာတွေ' ထဲက ဘယ်နှစ်ခုသည် အိမ်သာသုံးကုလားထိုင်တိုင်းမှာရှိသလဲ။
- အိမ်သာသုံးကုလားထိုင်တစ်ခုစီတွင်'အခြားလက္ခဏာများ' မည်မျှရှိသနည်း။
- အထက်ဖော်ပြပါ အိမ်သာသုံးကုလားထိုင်များတွင် အခြားလက္ခဏာများ ရှိပါသလား။