အိမ်သာ (သို့)ရေချိုခန်းသုံးကုလားထိုင်ကိုအောင်မြင်စွာအသုံးပြုခြင်း

ခေါင်းစဉ်တိုးတက်မှု -

အိမ်သာသုံးကုလားထိုင်အသုံးပြုသူတချို့ဟာ သူတို့ရဲ့ဆီး(သို့)ဝမ်းထွက်လာတဲ့အခါ ထိန်းချုပ်ဖို့ အခက်တွေ့နိုင်တယ်။

အိမ်သာသို့ မြန်မြန်မသွားနိုင်ပါက မတော်တဆထွက်ကျနိုင်သည်။

အိုင်ဒါသည်သူ့ရဲ့ ဘယ်ဘက်လက်ကခန္ဓာကိုယ်ဆီ လှည့်နေပြီး ညာဘက်လက်နဲ့ တုတ်ကောက်ကိုင်ထားသည်။

ဒေါ်အေးကို မှတ်မိပါသလား

ညဘက်တွင် သူ့အိပ်ရာဘေးမှာ အိမ်သာသုံးကုလားထိုင်ရှိတဲ့အတွက် အလျင်အမြန်ရောက်နိုင်တယ်။ ယင်းက မတော်တဆထွက်ကျမှုများကို ရှောင်ရှားရန် သူ့ကိုကူညီပေးသည်။

အောက်တွင်ဖော်ပြထားသည့် နည်းလမ်းအချို့မှာ လူတစ်ဦးအား အိမ်သာသုံးကုလားထိုင်သို့ရောက်ရှိရန်နှင့် မတော်တဆမှုများ (ယိုစိမ့်မှုများ) ကို ရှောင်ရှားနိုင်ရန် ကူညီပေးနိုင်သည့် နည်းလမ်းအချို့ဖြစ်ပါသည်။

  • အိမ်သာ အနီးအနားမှာရှိတယ်ဆိုတာ နှင့် အလွယ်တကူရောက်နိုင်ဖို့သေချာပါစေ
  • မှန်ကန်သော သွားလာလှုပ်ရှားမှုအထောက်အကူပြုပစ္စည်းများဖြင့် သွားလာလှုပ်ရှားမှုကို မြှင့်တင်ပါ။
  • အချိန်မီ အိမ်သာသွားရန်မိသားစုဝင်များနှင့် ပြုစုစောင့်ရှောက်သူများထံမှ အကူအညီရယူပါ
  • ဝတ်ဆင်ရန်၊ချွတ်ရန်လွယ်ကူသော အဝတ်အစားများကို ရွေးချယ်ပါ
  • အိမ်သာဘယ်မှာရှိတယ်ဆိုတာဇဝေဇဝါဖြစ်နေရင် အိမ်သာတံခါးမှာ ပုံပါတဲ့ ဆိုင်းဘုတ်ကို ရေးပါ။
  • အစာစားသောက်ပြီးတိုင်း အိမ်သာကို ပုံမှန်သုံးပါ။ (သို့)ပုံမှန်ကြားကာလတွင် သွားဖို့သတိရရန် အချိန်တစ်ခု သတ်မှတ်ပါ။
  • အောင်မြင်တဲ့ဝမ်းသွားမှုအတွက် အိမ်သာမှာ လုံလောက်တဲ့ အချိန်ကိုသုံးပါ
  • အညစ်အကြေးထိန်းပေးတဲ့စုပ်ယူနိုင်တဲ့ အထည်တွေကို ထောက်ပံ့မှုအဖြစ် အသုံးပြုပါ။

မေးခွန်း

သက်ကြီးရွယ်အို မာသီယပ်စ်သည်သူ့ရှေ့မှာဘီး၄ဘီးပါသော လမ်းလျှောက်လက်ကိုင် တွန်းလှည်းရှိပြီးခုံတန်းပေါ်တွင်ထိုင်နေတယ်

မာသီယပ်စ်ကို မှတ်မိပါသလား

ဦးမှတ်တွင် ဆီးချိုရောဂါရှိပြီးချည့်နဲ့သူဖြစ်သည်။သူသည် ဇနီးနဲ့အတူ နေထိုင်တယ်။ တခါတရံ အိမ်သာသို့ ရောက်သော်လည်း အဝတ်အစားများကို အချိန်မီ မချွတ်နိုင်သဖြင့် ဆီးများ ယိုစိမ့်သည်။အဲဒါကသူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်။

မတော်တဆမှုတွေကို ရှောင်နိုင်ဖို့ ဦးမှတ်ကို ဘာက ကူညီပေးနိုင်သလဲ။

  • ဦးမှတ်သည် လွယ်ကူပြီး အလျင်အမြန်ဆွဲချနိုင်သည့် ဘောင်းဘီတိုများကို ဝတ်ဆင်နိုင်သည်
  • ဦးမှတ်သည်အရည်သောက်ပြီးနောက် မကြာမှီ အိမ်သာသို့ စောစောသွားနိုင်သည်
  • ဦးမှတ်သည် အပြင်ထွက်ချိန်တွင် စုပ်ယူနိုင်သော ပစ္စည်းကိုဝတ်ဆင်ခြင်းဖြင့် အကျိုးရှိနိုင်မည်။

လူစီယာနာနဲ့ ဂျိုစီတို့ အိမ်မှာပေါ့။ လူစီယာနာက ဂျစ်ဆောလုပ်နေတာပေါ့။ အနီးအနားမှာထိုင်ပြီး စာအုပ်တစ်အုပ်ဖတ်နေတယ်။ သူ သည် လူစီယာနာ ကို အိမ်သာ သို့ ခေါ်ဆောင် သွား ရန် သူ့ ကို သတိပေး ရန်အချိန် ကို စစ်ဆေး နေ သည် ။

ဒေါ် လူစီနှင့် သူ၏ခင်ပွန်းဦးမိုးတို့နှင့် တွေ့ဆုံခြင်း

ဒေါ်လူစီသည် အသက် ၇၃ နှစ်ရှိပြီး ခင်ပွန်းဦးမိုးနှင့်အတူ အိမ်တွင်နေထိုင်သည်။ ဒေါ်လူစီသည်မှတ်မိရန်နှင့် စီစဉ်ခြင်းလုပ်ငန်းများတွင်အခက်အခဲရှိသည်။ သူ့မှာ အဆစ်ရောင်ရမ်းနာရောဂါလည်းရှိပြီဘီး၄ဘီးပါသော လမ်းလျှောက်လက်ကိုင် တွန်းလှည်းနဲ့ လမ်းလျှောက်တယ်။ ထိုင်ထပိုလွယ်ကူစေရန်အိမ်သာပေါ်မှာ အိမ်သာသုံးကုလားထိုင်သုံးသည်။

တစ်ခါတလေ ဒေါ်လူစီက အိမ်သာသွားဖို့ မေ့တယ်။ သူမသတိရတဲ့အခါ အဲဒီကို အမြန်မရောက်တော့ဘူး။ ဒါကဒေါ်လူစီနဲ့ ဦးမိုးတို့အတွက် စိတ်ပျက်စရာပါပဲ။

မတော်တဆမှုတွေကိုရှောင်နိုင်ဖို့ ဒေါ်လူစီကို ဘာက ကူညီပေးနိုင်သလဲ။

  • ဒေါ်လူစီ၏ အိမ်သာ မည်မျှ ဝေးသည် ပေါ်မူတည်၍ အိမ်သာသုံးကုလားထိုင်ကိုသူမအချိန်ဖြုန်းသည့် နေရာနှင့်ပိုနီးသော သီးသန့်နေရာသို့ ရွှေ့ပါ။အိမ်သာသုံးကုလားထိုင်သည်ဖြုတ်တပ်လို့ရသောပုံးလိုအပ်ပေမည်။
  • ဦးမိုးက ဒေါ်လူစီကို အိမ်သာသွားဖို့ သတိပေးနိုင်တယ်၊ ဥပမာ၊ နှစ်နာရီတစ်ခါ။

အိမ်သာ (သို့)ရေချိုးခန်းသုံးကုလားထိုင်ကို ဘယ်လိုအသုံးပြုရမယ်ဆိုတာသင်ပေးပြီးတဲ့နောက် ဘယ်လိုပြုစုစောင့်ရှောက်ရမယ်ဆိုတာ သင်ပေးဖို့ အရေးကြီးတယ်။ နောက်အကြောင်းအရာက အိမ်သာ(သို့)ရေချိုးခန်းသုံး ကုလားထိုင်ကို သန့်ရှင်းရေးလုပ်ခြင်းနှင့် ထိန်းသိမ်းခြင်းနှင့် ပတ်သက်သောအချက်အလက်များ ပေးထားသည်။

ဆွေးနွေးပွဲ ဖိုရမ်