ဝန်ဆောင်ထောက်ပံ့မှုအဆင့်လေးဆင့်ကို မိတ်ဆက်ပေးခြင်း

ခေါင်းစဉ်တိုးတက်မှု -

အထောက်အကူပြုပစ္စည်းများကို အဖွဲ့အစည်းမှတစ်ဆင့် ထောက်ပံ့ပေးဖို့လိုအပ်သည်။

TAP သည် အထောက်အကူပြုပစ္စည်းများအား ဘေးကင်းပြီး ထိရောက်မှုရှိသော ပံ့ပိုးမှုများအတွက် မရှိမဖြစ်လိုအပ်သော အဆင့်လေးဆင့်ကို မိတ်ဆက်ပေးပါသည်။ ဤအဆင့်များသည် လူတစ်ဦးကို သေချာစေရန် ကူညီပေးသည်-

  • မိမိတို့၏ လိုအပ်ချက်များ အတွက် အသင့်တော်ဆုံး အထောက်အကူပြုပစ္စည်းများကို ရရှိနိုင်ပါသည်။
  • အထောက်အကူပြုပစ္စည်းများကို လုံခြုံစွာနဲ့ ကောင်းမွန်စွာအသုံးပြုနိုင်ရန် အချက်အလက်များနှင့် ကျွမ်းကျင်မှုများရှိပါသည်
  • အထောက်အကူပြုပစ္စည်များသည်လူအများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးကြောင်း သေချာစေရန် (သို့) လိုအပ်သည့်အခါပြင်ဆင် အစားထိုးနိုင်ရန် ပြန်လည်ခေါ်ယူကြည့်ရှုပါ။

ဝန်ဆောင်ထောက်ပံ့မှုအဆင့်လေးဆင့်မှာ

  1. လူတစ်ယောက်၏လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်သောပစ္စည်းကိုရွေးပါ
  2. အထောက်အကူပြုပစ္စည်းနှင့် ကိုက်ညီမှုရှိအောင်ပြုလုပ်ပါ။
  3. အထောက်အကူပြုပစ္စည်းကို မည်သို့အသုံးပြုပြီး ထိန်းသိမ်းစောင့်ရှောက်ရန် သင်ကြားပေးပါ။
  4. အခြေခံပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်းအတွက်ပြန်လည်ခေါ်ယူပါ။

အဆင့်လေးဆင့်ကိုလေ့လာရန်ဗီဒီယိုကို ကြည့်ပါ။

ဆွေးနွေးပွဲ ဖိုရမ်