အထောက်အကူပြုပစ္စည်းများသည် လူတို့ကောင်းစွာမလုပ်ဆောင်နိုင်သည့် (သို့) လုံးဝမလုပ်ဆောင်နိုင်သည့် လုပ်ငန်းများကို ဆောင်ရွက်ရန် အသုံးပြုသည့် ပစ္စည်းများဖြစ်သည်။
အထောက်အကူပြုပစ္စည်းများကို ကလေးများ၊ လူကြီးများနှင့် သက်ကြီးရွယ်အိုများက အသုံးပြုနိုင်သည်။
အထောက်အကူပြုပစ္စည်းများကို အထောက်အကူပြုကိရိယာ (သို့) အထောက်အကူပြုအကူပစ္စည်းများဟုလည်း ခေါ်နိုင်ပါသည်။
အထောက်အကူပြုပစ္စည်းများသည် နည်းလမ်းအမျိုးမျိုးဖြင့်လူအများကို ကူညီပေးသည်။မှန်ကန်သောအထောက်အကူပြုပစ္စည်းက လူတစ်ဦးအား ထောက်ပံ့ပေးနိုင်ပုံမှာ–
- ၎င်းတို့လိုချင်သော (သို့)အလုပ်လုပ်ရန်လိုအပ်သောအရာတွင်ပူးပေါင်းပါဝင်နိုင်ရန်
- ပိုမိုလွတ်လပ်စွာ နေနိုင်ပြီး ပြုစုစောင့်ရှောက်သူ၏ထောက်ပံ့မှု လျော့နည်းလာမည်
- ပိုမိုကောင်းမွန်သောကျန်းမာပျော်ရွှင်မှုရရှိနိုင်သည်
အထောက်အကူပြုပစ္စည်းများသည် နေ့စဉ်ဘဝတွင် လူတို့ကို မည်သို့ထောက်ပံ့ပေးနိုင်ကြောင်းသိရှိရန် အောက်ပါဗီဒီယိုများကို ကြည့်ပါ။
ပြန်လည်သုံးသပ်ခြင်း
- ဗီဒီယိုထဲမှ လူများအသုံးပြုနေသော မည်သည့်အထောက်အကူပြုပစ္စည်းများကိုတွေ့ရသနည်း။
- အထောက်အကူပြုပစ္စည်းများသည် လူတို့၏ဘဝကို မည်သို့ကွာခြားစေသနည်း။
အထောက်အကူပြုပစ္စည်းအမျိုးမျိုးရှိသည်။ TAP မော်ဂျူးတစ်ခုစီမှတစ်ဆင့် WHO ဦးစားပေး ပစ္စည်းစာရင်းတွင် ပါဝင်သည့် အထောက်အကူပြုပစ္စည်းအချို့အကြောင်း သင်ယူနိုင်ပါသည်။
၎င်းတွင်အောက်ပါအထောက်အကူပြု ပစ္စည်းများ ပါဝင်သည်–
- အသိဥာဏ် (စဉ်းစားခြင်း) - အကန့်ပါဆေးဘူးများနှင့် သင်ပုန်းအဖြူကဲ့သို့သော အရာဝတ္ထုများကို သတိရရန်သုံးသောပစ္စည်း


- ဆက်သွယ်ရေး - ဆက်သွယ်ရေးဘုတ်၊ စာအုပ်နှင့် ကတ်စသောပစ္စည်းများ

- အကြားအာရုံ - အလင်း၊ အသံ၊ တုန်ခါမှုကို အသုံးပြုသည့် အကြားအာရုံအထောက်အကူပြုပစ္စည်းများ၊ အချက်ပြစက်များ


- သွားလာလှုပ်ရှားမှု(လှုပ်ရှားမှု) - လမ်းလျှောက်အကူပစ္စည်းများ၊ ရွှေ့လျားနိုင်သောဆင်ခြေလျှော များ နှင့် ဆုပ်ကိုင်ရန် လက်ရမ်း၊ ဘားတန်းများစသည်




- မိမိကိုယ်ကိုပြုစုစောင့်ရှောက်ခြင်း - အိမ်သာနှင့်ရေချိုးခန်းသုံးကုလားထိုင်များ၊ အညစ်အကြေးထိန်းပေးသည့် စုပ်ယူနိုင်သောပစ္စည်းများနှင့်ဆီးပိုက်များစသည်




- အမြင်အာရုံ (ကြည့်ရှုခြင်း) - စာကြည့်မျက်မှန်များ၊ မှန်ဘီလူးများ၊ အသံချဲ့စက်များ၊ အချိန်ကို အသံထွက်ပြောပေးသော နာရီ/လက်စမ်းနာရီများနှင့်မျက်မမြင်လမ်းလျှောက်တုတ်များစသည်




တူညီသောအထောက်အကူပစ္စည်းတွင် အမျိုးအစားတစ်မျိုးထက်မကရှိလေ့ရှိပါသည်။
ဥပမာအားဖြင့်:
- လမ်းလျှောက်အကူပစ္စည်းများတွင် လက်ထောက်များ၊ ချိုင်းထောက်များ၊လေးချောင်းထောက်များနှင့် တုတ်ကောက်များပါဝင်သည်။




- မှန်ဘီလူးများထဲတွင်လက်ကိုင် (အိတ်ဆောင်) မှန်ဘီလူးအပြင်အထိုင်မှန်ဘီလူး၊ မျက်မှန်တပ်မှန်ဘီလူးများပါဝင်သည်။




ဆွေးနွေးခြင်း
ဤအကြောင်းအရာတွင် မိတ်ဆက်ပေးခဲ့သော အထောက်အကူပြုပစ္စည်းတစ်ခုခုက သင့်ကို (သို့) သင်သိထားသူများအား မည်သို့ကူညီပေးခဲ့ကြောင်းနမူနာများသင်၌ရှိပါသလား။
အခြားအထောက်အကူပြုပစ္စည်းများမှာမည်သို့နည်း။
သင်၏အုပ်စုတွင် ပုံနမူနာများကိုတစ်ဦးနှင့်တစ်ဦး ဝေမျှပါ။