အဓိကအကြောင်းအရာသို့ ကျော်သွားပါ။
သွားလာလှုပ်ရှားမှု

TAP မှာပါဝင်သည့်သွားလာလှုပ်ရှားမှုအတွက်အထောက်အကူပြုပစ္စည်းများ

သင်ခန်းစာ- 2 ၏ 4
ခေါင်းစဉ်- 1 ၏ 2
0% ပြီးမြောက်ပါပြီ

TAPမော်ဂျူး များ သည်ရိုး ရှင်း သောသွားလာလှုပ်ရှားမှုအတွက်အထောက်အကူပြု ပစ္စည်းကိရိယာများအတွက်ဖြစ်ပြီးရပ်ရွာ တွင် ဘေးကင်း စွာ ထောက်ပံ့ ပေး နိုင်သည်။

၎င်းတို့တခုချင်းစီကိုသိရှိရန်အောက်ပါတို့ကို ဖတ်ကြည့်ပါ။

လမ်းလျှောက်အကူပစ္စည်းများ

လမ်းလျှောက်အကူပစ္စည်းများသည် လူတစ်ယောက် မတ်တတ်ရပ်ရန်ထိုင်ရန်နှင့်လမ်းလျှောက်သွားရန် ကူညီပေးသည်။

မတူသောလမ်းလျှောက်အကူပစ္စည်းများသည်လူအမျိုးမျိုး၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိသည်။

အသိများသောအချို့နမူနာများမှာ -

  • တုတ်ကောက်များ

အောက်ခြေမှာ ရော်ဘာအစွပ်တပ်ထားပြီး ထိပ်တွင် လက်ကိုင်ရှိသောတုတ်တစ်ချောင်း။

  • လက်ထောက်များ

လက်ဖျံထိသာရှည်ပြီး တံတောင်ဆစ်အားကို သုံးပြီးကိုင်ရသောတုတ်ကောက် တစုံ(လက်ထောက်)

  • ချိုင်းထောက်များ

-အောက်တဝက်တွင်အခုအခံတပ်လက်ကိုင်ပါပြီး ထိပ်တွင်ချိုင်းအောက်တွင်ထားရန်အခုအခံပါချိုင်းအောက်ထိရှည်သောချိုင်းထောက်

  • လေးချောင်းထောက်များ

ခြေတစ်ဖက်စီတွင် ရော်ဘာအစွပ်တပ်ထားပြီး ခြေလေးချောင်းရှိသောသုလမ်းလျှောက်ဘောင်

  • ဘီး၄ဘီးပါသောလမ်းလျှောက်လက်ကိုင်တွန်းလှည်းများ

ထိုင်ခုံနှင့် ခြင်းပါသောလေးဘီးပါလမ်းလျှောက်လက်ကိုင်တွန်းလှည်း

လမ်းလျှောက်အကူပစ္စည်းများသည် လူအများအတွက်

  • လမ်းလျှောက်နိုင်သော်လည်းဘေးကင်းရန်(သို့) အဝေးလျှောက်နိုင်ရန်အကူလိုသူ
  • ဥပမာ၊ခြေတစ်ချောင်း ဖြတ်တောက်ထားသူများ(သို့) ခြေတစ်ချောင်း ထိခိုက်ဒဏ်ရာရသူများသည်ကျန်ခြေတစ်ဖက်ကိုသာအားပြုသွားလာနိုင်သည်။

လမ်းလျှောက်အထောက်အကူမျာအကြောင်းနှင့် ၎င်းတို့ကို မည်သို့ထောက်ပံ့ရမည်နှင့်ပတ်သက်၍ အချက်အလက်များအတွက် TAP လမ်းလျှောက်အထောက်အကူပြု မော်ဂျူးတွင်လေ့လာပါ။

ရွှေ့လျားနိုင်သောဆင်ခြေလျှော

သယ်ယူရလွယ်ကူသောလျှောစောက်များသည် နေရာအတည်တကျထားရန်မလိုပါ။၎င်းတို့ကိုလိုအပ်သည့်နေရာသို့ ပြောင်းရွှေ့နိုင်ပါသည်။

ရွှေ့နိုင်သောဆင်ခြေလျောများသည် ဖော်ပြပါလူများတွက် အသုံးဝင်နိုင်ပါတယ်

  • ဘီးတပ်ကုလားထိုင်၊ လမ်းလျှောက်ဘောင်သို့မဟုတ် လေးချောင်းထောက်အသုံးပြုသူ
  • လှေကားထစ်အနည်းငယ်ပါရှိသောနေရာများသို့ ဝင်ရောက်ကြည့်ရှုရန်လိုသူ
  • ရွေ့လျားနိုင်သောလျှောစောက်ကို သယ်ယူရန် ခွန်အားသို့မဟုတ်အကူအညီရှိသူ

ပေါ့ပါးပြီး သယ်ယူရလွယ်ကူသော အဆင့်သုံးဆင့်ကျော်နိုင်သည့် လျှောစောက်ပြား။

သက်ကြီးရွယ်အိုတစ်ဦးဖြစ်သူ မာသီယပ်သည်  လှေကားသုံးဆင့်ကို ‌ရွေ့လျားနိုင်သောလျှောစောက်မှတစ်ဆင့်လမ်းလျှောက်ဘောင်ဖြင့်တက်နေသည်။

မာသီယပ်စ်ကို မှတ်မိပါသလား

မက်သီယပ်စ်သည် လှုပ်ရှားသွားလာရန်လမ်းလျှောက်လက်ကိုင်တွန်းလှည်းအသုံးပြုသည်။ သူနှင့် သူ့ဇနီးက သား၏အိမ်သို့ အလည်သွားသောအခါ ရွေ့လျားနိုင်သောလျှောစောက်ကိုသယ်သွားသည်။၎င်းဖြင့် အိမ်ရှေ့တံခါးဝရှိ လှေကား၃ထစ်ကို တက်ပြီး အိမ်သို့ဝင်နိုင်ခဲ့သည်။

ရွေ့လျားလျှောစောက်အကြောင်းနှင့်မည်သို့ထောက်ပံ့ပေးရမည်ကိုသိရှိလိုပါက TAP ‌ရွေ့လျားလျှောစောက် မော်ဂျူးကိုဆက်လက်လေ့လာပါ။

ဆုပ်ကိုင်ရန် လက်ရမ်း၊ ဘား

လက်ရမ်းသည် ချည့်နဲ့သူများ သို့မဟုတ် ဟန်ချက်ခမညီတဲ့သူများကိုတစ်နေရာမှတစ်နေရာသို့ ဘေးကင်းစွာ ပြောင်းရွှေ့ရန်ထောက်ပံ့ပေးပါသည်။

လက်ရမ်းများအသုံးပြုခြင်းသည်‌ဖော်ပြပါလူများတွက် အသုံးဝင်နိုင်ပါသည်-

  • အိပ်ခန်း၊ ဧည့်ခန်း၊ ရေချိုးခန်း၊ အိမ်သာထဲတွင်ရွေ့လျားရန် သို့မဟုတ် လှေကားတက်ရန်အထောက်အပံ့များလိုအပ်သူ
  • လက်တစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးဖြင့် ဆုပ်ကိုင်နိုင်သူ

နံရံမှာ ချိတ်ထားသည့် ဘားတန်းလေးပါ။

ပိုမို သိ ရှိလို ပါ က TAP ဘားတန်း များ မော်ဂျူးတွင်လေ့လာပါ ။

သက်ကြီးရွယ်အိုတစ်ဦးဖြစ်သူ ဒေး‌ဗစ်သည် ချိတ်ဆွဲထားသော ဘားတန်းကိုကိုင်ပြီး အိပ်ရာအစွန်းတွင် ထိုင်နေသည်။ အဖွားလီတန်ဂီသည် သူ့ဘေးတွင် ရပ်နေသည်။

ဒေးဗစ်နှင့် သူ့ဇနီး လီတန်ဂီကို မှတ်မိပါသလား

ဒေးဗစ်သည် ချည့်နဲ့ပြီး မိမိကိုယ်ကိုပြုစုစောင့်ရှောက်မှုအချို့အတွက် လီတန်ဂျီအပေါ်မှီခိုနေရသည်။ ဒေးဗစ်ထိုင်ရာမှ အိပ်ရာသို့ ပြောင်းရွှေ့ရန်ဘားတန်းတစ်ခု တပ်ဆင်ထားသည်။ ယခုအခါ လီတန်ဂျီ၏အကူအညီမပါပဲ ဘေးကင်းစွာထိုင်နိုင်ပါသည်။

ကာလီသည် ရေချိုးဝတ်စုံ ဝတ်ဆင်ထားပြီး ရေချိုးခန်းထဲမှ ထွက်လာသည်။ သူမသည်ရေချိုးခန်း နံရံပေါ်မှ ဘားတန်းကို ဆုပ်ကိုင်ထားသည်။ သူမ၏နောက်တွင် ရေချိုးခန်းသုံးကုလားထိုင်တစ်လုံးမြင်နိုင်ပါသည်။

ဒေါ် လီလီကို မှတ်မိပါသလား

ဒေါ်််လီလီသည် လမ်းလျှောက်ရန်လမ်းလျှောက်ဘောင်အပြင် ရေချိုးခန်းတွင် အသုံးပြုရန်ဘားတန်းတစ်ခုရှိသည်။ သူမသည်ဟန်ချက်ညီစေရန်ဘားတန်းကိုအသုံးပြုပြီး ရေချိုးခန်းအတွင်းဝင်ထွက်သွားလာသည်။

လူနာရွှေ့ပြောင်းရာတွင်အသုံးပြုနိုင်သောဘုတ်ပြားများ

သင့်ကိုယ်ခန္ဓာကို တစ်နေရာမှတစ်နေရာသို့ရွှေ့ခြင်းကို ရွှေ့ပြောင်းခြင်းဟု ခေါ်သည်။

လူနာရွှေ့ပြောင်းရာတွင်အသုံးပြုသောဘုတ်ပြားများသည် လူတို့ကိုတစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့ရန် ကူညီပေးပါသည်။

အောက်ခြေမှာ မချောအောင်ခံထားသောပလတ်စတစ်ပြားပါ။
လူနာရွှေ့ပြောင်းရာတွင်အသုံးပြုသောဘုတ်ပြားကွေး
အလယ်ကနေ ခုတ်လှဲထားတဲ့ သစ်သားဘုတ်ကြီးတစ်လုံးရှိတယ်။
လူနာရွှေ့ပြောင်းရာတွင်အသုံးပြုသောဖြောင့်တန်းနေသောသစ်သား ဘုတ်ပြား

လူနာရွှေ့ပြောင်းရာတွင်အသုံးပြုသောဘုတ်ပြားများ သည်အောက်ပါလူတွေအတွက် အသုံးဝင်နိုင်ပါတယ်

  • မတ်တတ်ရပ်ဖို့ (သို့) ကိုယ်အလေးချိန်သယ်ဖို့ အခက်အခဲရှိသူ
  • တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့ရန် အခြားသူတစ်ဦးထံမှ အကူအညီလိုအပ်သူ။

အမျိုးသမီးတစ်ဦးသည် ဘီးတပ်ကုလားထိုင်မှ ကားထဲသို့ ရွှေ့ပြောင်းရန် ပလပ်စတစ်ဘုတ်ပြားကွေးကို အသုံးပြုသည်။

လူနာရွှေ့ပြောင်းရာတွင်အသုံးပြုသောဘုတ်ပြားများအကြောင်းနှင့် မည်သို့ ထောက်ပံ့ပေးရမလဲကို ပြီးပြည့်စုံအောင်သိရှိရန် TAP လူနာရွှေ့ပြောင်းရာတွင်အသုံးပြုသောဘုတ်ပြားများ မော်ဂျူးကိုပြီးအောင်လေ့လာပါ။

ကျန်းမာရေးအထောက်အကူပြုဖိနပ်

အထူးပြုလုပ်ထားသော ကျန်းမာရေးအထောက်အကူပြုဖိနပ် များသည်ဒဏ်ရာရရန်အန္တရာယ်ရှိတဲ့ ခြေထောက်တွေကို ကာကွယ်ပေးပါသည်

ညှိနှိုင်းလို့ရတဲ့ ကြိုးတစ်ချောင်းပါတဲ့ ရှူးဖိနပ်တစ်ဖက်ပါ။

ခြေချောင်းနေရာဖွင့်ထားတဲ့  အတိုးအလျော့လုပ်နိုင်သောကြိုးသိုင်းပါတဲ့ဖိနပ်တစ်ဖက်ပါ။

 ကျန်းမာရေးအထောက်အကူပြုဖိနပ် အကြောင်းနှင့်ဘယ်လို ထောက်ပံ့ပေးရမလဲဆိုတာကိုပိုမိုသိရှိရန်  TAP ကျန်းမာရေးအထောက်အကူပြုဖိနပ် မော်ဂျူး.ကိုပြီးပြည့်စုံအောင်လေ့လာပါ။