တချို့သွားလာလှုပ်ရှားမှုအတွက် အထောက်အကူပြု ပစ္စည်းကိရိယာများကိုသွားလာလှုပ်ရှားမှု အထူးသင်တန်းနှင့် ပစ္စည်းကိရိယာတွေပါတဲ့ ဝန်ဆောင်မှုတွေကတဆင့်ထောက်ပံ့ပေးရမယ်။ ဒီပစ္စည်းတွေဟာTAPမှာ မပါဝင်ပါဘူး .
TAPမှာမပါဝင်တဲ့အသုံးများသော သွားလာလှုပ်ရှားမှုအတွက် အထောက်အကူပြု ပစ္စည်းကိရိယာများအကြောင်းသိရှိရန်အေက်ပါအပိုင်းများကိုဖတ်ရှုပါ ။
ဤ ပစ္စည်း များ ထဲမှ အချို့ ကို မည်သို့ ထောက်ပံ့ ပေး ရ မည် နှင့် ပတ်သက် ၍ လေ့ကျင့်ရေး သင်ရိုးများ နှင့် အရင်းအမြစ် များ အကြောင်းကို မော်ဂျူးအဆုံး တွင် တွေ့ ရှိ နိုင်သည် .
ဘီးတပ်ကုလားထိုင်
ဘီးတပ်ကုလားထိုင်များသည် လမ်းမလျှောက်နိုင်သူ(သို့)လမ်းလျှောက်ရန်အခက်အခဲအများကြီးရှိသူအတွက်ရွေ့လျားနိုင်သောဘီးနှင့် ထိုင်ခုံတို့ဖြင့်အထောက်အကူပေး ပါတယ်။
ဘီးတပ်ကုလားထိုင်အမျိုးအစားအမျိုးမျိုးက လူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီပါတယ်။
ဘီးတပ်ကုလားထိုင်များမှာအမြဲတမ်း ကူရှင်ပါရမည်။

ဘီးတပ်ကုလားထိုင်တွေအကြောင်းနဲ့ ဘယ်လိုထောက်ပံ့ပေးရမလဲဆိုတဲ့ ထပ်သိရမယ့် အချက်အလက်တွေကို WHO ဘီးတပ်ကုလားထိုင် ဝန်ဆောင်မှု လေ့ကျင့်ရေး ပက်ကေ့ဂ်ျကိုညွှန်ပေးပါ
ခြေတုများ
ခြေတုသည် မရှိတော့ သော ခြေဖဝါး (သို့)ခြေထောက် အစိတ်အပိုင်း တစ် ခု ကို အစားထိုးပေး သည် ။
ခြေတုတစ်ချောင်းကိုအရည်အချင်းပြည့်မီသော ခြေတုပညာရှင်မှလူတစ်ဦးစီအတွက် အံဝင်ခွင်ကျအောင်တပ်ဆင်ပေးရမည်။
လူတိုင်း ခြေတုကို အသုံးမပြုနိုင်ကြဘူး။ ခြေတုပညာရှင်တစ်ဦးသည် ခြေတုတစ်ချောင်းကို အသုံးပြုနိုင်မနိုင် အကဲဖြတ်ရန် လူတစ်ဦးစီနှင့်အတူ ပူးပေါင်းလုပ်ဆောင်ပါလိမ့်မည်။

ခြေတု အသုံးပြုသူတွေဟာသွားလာလှုပ်ရှားမှုအတွက် အခြားအထောက်အကူပြု ပစ္စည်းကိရိယာများကိုလည်းအသုံးပြုလေ့ရှိသည်


အာဆစ်ကို မှတ်မိပါသလား
အာဆစ်မှာ ညာဒူးဖြတ်အောက်ဖြတ်ထားတယ်။ သူသည်လမ်းလျှောက်ဖို့ ဒူးအောက်ခြေတုကိုသုံးပြီး တုတ်ကောက်နှစ်ချောင်းဖြင့် ဟန်ချက်ညီစေတယ်။
အာဆစ်သည် ခြေတုကို အသုံးမပြုသောအခါလက်ထောက်များ ကိုဘေးပတ်လည်ကို ပြောင်းရွှေ့ဖို့အသုံးပြုတယ်။
ခြေထောက်အတွက်အားပြုကိရိယာများ
ခြေထောက်အတွက်အားပြုကိရိယာများဆိုတာ လူတစ်ယောက်ရဲ့ ခြေဖဝါး (သို့) ခြေထောက်ကို ထောက်ပံ့ပေးတဲ့ ဖြစ်တယ်။ ယင်းက နာကျင်မှုကို လျော့နည်းစေနိုင်ပြီး ရွေ့လျားမှုတွင် ကူညီပေးနိုင်သည် သို့မဟုတ် မလိုလားအပ်သောလှုပ်ရှားမှုကို ရပ်တန့်စေနိုင်သည်။
ခြေထောက်အတွက်အားပြုကိရိယာအမျိုးမျိုးသည် လူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီပါတယ်။ ၎င်းတို့ကိုပြန်လည်ထူထောင်ရေး (သို့) ခြေတုနှင့်အားပြုကိရိယာ ဝန်ဆောင်မှုကနေတစ်ဆင့် ထောက်ပံ့ပေးနိုင်ပါတယ်။


အနောက်ဖက်မှထိန်းသော လမ်းလျှောက်ဘောင်များ
အနောက်ဖက်မှထိန်းသော လမ်းလျှောက်ဘောင်များက သူငယ်နာအကြောရောဂါရှိသောကလေးများကို လမ်းလျှောက်ဖို့ထောက်ပံ့ပေးသည်။ ယင်းတို့ကို ခြေကျင်းဝတ်နှင့်ခြေဖါးထိန်းအားပြုကိရိယာကဲ့သို့သော အခြားအထောက်အကူပြုပစ္စည်းများဖြင့်အတူအသုံးပြုလေ့ရှိသည်။

အလီရှာကို မှတ်မိပါသလား
အလီရှာ မှာ သူငယ်နာအကြောရောဂါရှိပြီး သူမရဲ့ လှုပ်ရှားမှုတွေကို ညှိနှိုင်းထိန်းချုပ်ဖို့ အခက်အခဲရှိပါတယ်။ သူက လမ်းလျှောက်နိုင်ဖို့ အနောက်ဖက်မှထိန်းသော လမ်းလျှောက်ဘောင်များနဲ့ ခြေကျင်းဝတ်နှင့်ခြေဖဝါးထိန်းအားပြုကိရိယာကို အသုံးပြုပြီး လမ်းလျှောက်နိုင်တယ်။
မတ်တပ်ရပ်ရန်ဘောင်များနှင့် လဲလျောင်းရန်အထောက်အပံ့များ
မတ်တပ်ရပ်ရန်ဘောင်များနှင့် လဲလျောင်းရန်အထောက်အပံ့များသည်အထောက်အကူမပါပဲမတ်တပ်ရပ်ရန်နှင့်လဲလျောင်းရရန်အခက်အခဲရှိသည့်ကလေးများနှင့် လူကြီးများတွင် ကျန်းမာရေးပြဿနာများကာကွယ်ရန်ကူညီပေးသည်။


မတ်တတ်ရပ် ရန် ဘောင် များ နှင့် လဲလျောင်းရန် ထောက်ပံ့ မှု များ ကိုလူ တစ် ဦး ၏ ပြန်လည်ထူထောင် ရေး စောင့်ရှောက် မှု ၏ အစိတ်အပိုင်း အဖြစ်အမြဲထောက်ပံ့ ပေး ရမည် ။