စီစဥ်ခြင်း (လွှဲပြောင်းခြင်း အပါအဝင်)

ခေါင်းစဉ်တိုးတက်မှု -

အစီအစဥ်အကျဉ်းချုပ်

စမ်းသပ်စစ်‌ဆေးခြင်းနောက်ပိုင်းထိုသူနဲ့အတူ အစီအစဉ်ဆွဲပါ။ အတူတကွ ဆုံးဖြတ်ပါ -

  • အိမ်သာသုံးကုလားထိုင်နဲ့/(သို့)ရေချိုးခန်းသုံးကုလားထိုင်လိုမလား
  • ကိုယ်အလေးချိန် ကန့်သတ်ချက် အပါအဝင် အရေးကြီးသော လက္ခဏာများကဘာတွေလဲ
  • အကယ်၍ ၎င်းတို့သည် အထောက်အကူပြုပစ္စည်းကိရိယာများနှင့်/(သို့)အခြားဝန်ဆောင်မှုများအတွက် လွှဲပြောင်းပေးပို့ခြင်းမှ အကျိုးအမြတ်ရရှိနိုင်မလား

စီစဥ်ခြင်း စမ်းသပ်စစ်‌ဆေးခြင်း ပုံစံအပိုင်း

အစီအစဉ်ကို ပြီးမြောက်အောင် ကူညီရန် အကဲဖြတ်ပုံစံ၏ နောက်ကျောရှိ စမ်းသပ်စစ်‌ဆေးခြင်းဇယားကို အသုံးပြုပါ။

၎င်းသည် လူတစ်ဦး၏လိုအပ်ချက်အပေါ် မူတည်၍ ထည့်သွင်းစဉ်းစားရန် ရေချိုးခန်သုံး(သို့)အိမ်သာသုံးကုလားထိုင်၏ လက္ခဏာများကို ညွှန်ပြသည်။

အကဲဖြတ်ပုံစံ၏ စာမျက်နှာ ၂ ရှိ စမ်းသပ်စစ်‌ဆေးခြင်းဇယား။

ယခုအခါ လူတစ်ဦးစီ၏ သီးသန့် လိုအပ်ချက်များနှင့် ၎င်းတို့အတွက်မှန်ကန်သောအစီအစဥ်များစဥ်းစားခြင်းကိုလေ့ကျင့်ကြပါစို့။

ဒိုင် နှင့် လိုလာ အကြောင်း သတင်း အချက်အလက် များ ကို ဖတ် ရှု ပြီး အောက် ပါ လုပ်ဆောင် မှု များ ကို ပြီးစီးအောင်လုပ် ပါ ။

လုပ်ဆောင်မှု

ဒိုင်ဟာ ဒူးအောက်မှာ ဖြတ်ပစ်ထားတဲ့ အသက်ကြီးသူတစ်ယောက်ဖြစ်ပြီးမတ်တတ်ရပ်ဖို့ ချိုင်းထောက်ကို သုံးနေပါတယ်။

ဦးတာနှင့်တွေ့ဆုံခြင်း

ဦးတာသည် အသက် ၆၅နှစ် ရှိ ပြီး မကြာသေးမီ ကယာဉ် မတော်တဆ မှု ဖြစ်ခဲ့ သည် ။ သူ သည် ဒူး အောက် ဖြတ်ရပြီး တင်ပါးဆုံရိုး ထိခိုက် ပျက်စီး မှုရှိ ခဲ့ သည် ။ သူ့မှာ ခြေတုမရှိသေးလို့သွားလာဖို့ချိုင်းထောက်အသုံးပြုတယ်။

အကဲဖြတ်စစ်ဆေးတစ်ခုတွင် ဒိုင်သည် အိမ်တွင် မိသားစုရေချိုးခန်းထဲသို့ ဝင်နိုင်သည်ဟု ပြောပြသည်။ ဒါပေမဲ့ သူတို့မှာ ဆောင့်ကြောင့်ထိုင်အိမ်သာရှိတဲ့အတွက်ဆောင့်ကြောင့်ထိုင်လို့မရဘူး။ ထို့ပြင် မတ်တပ်ရပ်ရန်နာကျင်မှုနှင့် ခက်ခဲမှုတို့ကိုလည်း သူတွေ့ရှိရသည်။

ဦးတာတွင် ဖိအား အနာတစ် ခု ၏ လက္ခဏာ များ မ ရှိ ပါ ၊ နောက်ပြီး ဖိအား အနာတစ် ခု ဖြစ်ပွား ရန် အန္တရာယ် မ ရှိ ပါ ။

၁။ဦးတာသည်အိမ်သာသုံးကုလားထိုင်ကနေ အကျိုးခံစားရမလား။



မှန် ပါသည် ၊ ဆောင့်ကြောင့်ထိုင်အိမ်သာ ပေါ်တွင် ထား သော အိမ်သာ သုံးကုလားထိုင် တစ် ခု သည် ဦးတာ အတွက် ထိုင် ရန် ၊ မတ်တတ်ရပ် ရန် နှင့် အိမ်သာ ပေါ်တွင် ဟန်ချက် ညီ ရန် ပိုမို လွယ်ကူ စေ လိမ့်မည် ။

၂။ ဦးတာဟာ ရေချိုးခန်းသုံးကုလားထိုင်က အကျိုးခံစားရမလား။



မှန်ပါတယ်။ဦးတာဟာ ပိုလုံခြုံပြီး ရေချိုးဖို့ထိုင်တဲ့အခါ နာကျင်မှု လျော့နည်းလာတဲ့အတွက်ပေါ့။

၃။ ဦးတာအတွက် အသုံးဝင်မယ်လို့ သင်ထင်တဲ့အိမ်သာသုံးကုလားထိုင်နဲ့ ရေချိုးသုံးကုလားထိုင်အတွက်အချက်တွေကို စစ်ဆေးပါ။







နောက်မှီနဲ့ လက်တင်ခုံ များ က မှန်ကန်သည်။

ဦးတာက မိသားစုရေချိုးခန်းကို သွားရောက်နိုင်တယ်လို့ ပြောတယ်။ ဒါကြောင့် အိမ်သာသုံးကုလားထိုင်အတွက် ဖြုတ်တပ်လို့ရတဲ့ပုံးမလိုပါဘူး။ သူ သည်ကုလားထိုင် အတွက် ဘီး များ (သို့) ခြေတင်ခုံ များ လည်း မ လိုအပ် ပါ ။

ဦးတာသည် ဖိအား အနာအန္တရာယ် မ ရှိ ပါ ၊ ထို့ကြောင့် သူ သည် အခုအခံပါသော မျက်နှာပြင် များ မ လိုအပ် ပါ ။

လုပ်ဆောင်မှု

အမျိုးသမီးတစ်ဦးဖြစ်သူ လိုလာသည် ကလစ်ဘုတ်နှင့် ဘောပင်ကိုင်ထားသော အခြားအမျိုးသမီးတစ်ဦးကို စကားပြောသည်။

လှလှနှင့် တွေ့ဆုံခြင်း

လှလှသည် အသက် ၃၀ ရှိပြီး အိမ်သာသွားရန် ပြဿနာများ ရှိနေသည်။ သူသွားဖို့လိုတဲ့အချိန်ကို ခံစားမရလို့ဆီးနဲ့ ဝမ်းတွေကို မတော်တဆ စွန့်ထုတ်မိတယ်။ ဒီပြဿနာတွေဟာ လွန်ခဲ့တဲ့တစ်ပတ်က စတင်ခဲ့တယ်။ အဲဒီမတိုင်ခင်မှာ အခက်အခဲ မရှိခဲ့ပဲကျန်းမာရေးကောင်းခဲ့သည်။

အ ဘယ် လုပ် ဆောင် မှု ကို သင် လုပ်ဆောင် သင့် သနည်း ။





သူမတွင်ကျန်းမာရေး ပြဿနာရှိနိုင်သဖြင့် လှလှကို ကျန်းမာရေး ပြုစုစောင့်ရှောက်ရေး ကျွမ်းကျင်သူတစ်ဦးထံချက်ချင်း လွှဲပြောင်းပေးပါ။

သင်ခန်းစာ၂ပြီးပါပြီ

မေးခွန်းတွေ (သို့)မှတ်ချက်များ ရှိမယ်ဆိုရင် ဆွေးနွေးပွဲ ဖိုရမ်မှာ တင်ထားပါ။

ဆွေးနွေးပွဲ ဖိုရမ်