ရေချိုးရန်သုံးသောကုလားထိုင်များ

ခေါင်းစဉ်တိုးတက်မှု -

ရေချိုးခန်းသုံးကုလားထိုင်နှင့် ထိုင်ခုံပုများသည် ရွေ့လျားရန်၊ ဟန်ချက်ညီရန်စသည်တို့တွင် အခက်အခဲရှိသူများရေချိုးရာတွင်ထိုင်နိုင်ရန်အတွက် ဖြစ်သည်။

ယင်းတို့ကိုရေချိုးခန်းကဲ့သို့သောလူတို့ရေချိုးသည့်နေရာတစ်ခုတွင် အသုံးပြုနိုင်သည်။

ခြေတစ်ဖက်စီရဲ့ အောက်ခြေမှာ ရော်ဘာစွပ်တပ်ထားသောသတ္တုခြေထောက်တွေပါတဲ့ ကုလားထိုင်တစ်လုံး။

ရေချိုးခန်းသုံးကုလားထိုင်

ခြေထောက်တစ်ဖက်စီ၏အောက်ခြေတွင်ရော်ဘာစွပ်များ၊ သတ္တုခြေထောက်များနှင့် လက်တင်ခုံများပါရှိသော ရေစိုခံထိုင်ခုံ။

ရေချိုးခန်းသုံးခွေးခြေပု

မေးခွန်း

အထက်ဖော််််ါပြပပရေချိုးခန်းသုံးကုလားထိုင်နဲ့ ရေချိုးရန်ခွေးခြေပုပုံတွေကို ကြည့်ပါ။ သူ တို့ အကြား အဓိက ကွာခြား ချက်မှာ အ ဘယ် နည်း ။

အဓိကကွာခြားချက်မှာ ရေချိုးခန်းသုံးကုလားထိုင်တွင် နောက်မှီရှိပြီး ရေချိုးရန်ခွေးခြေပုတွင်မရှိခြင်းဖြစ်သည်။

ထိုင်ခုံနောက်မှီပါသော ရေချိုးခန်းထိုင်ခုံသည် အများအားဖြင့် ဟန်ချက်ညီမှုနည်းသော (သို့)ညှိနှိုင်းဆောင်ရွက်မှုနည်းသူအတွက်ပိုကောင်းပါသည်။ မောပန်းလွယ်တဲ့သူတွေအတွက်လည်း အသုံးဝင်ပါတယ်။

ရေချိုးခန်းသုံးကုလားထိုင်နှင့်ခွေးခြေပုများ အမျိုးအစားအများကြီးရှိတယ်။

ရေချိုးခန်းသုံးကုလားထိုင်များကိုရွေးချယ်ရာတွင် ဤအရေးပါသော အချက်များကို အမြဲရှာဖွေပါ–

Important features

ရေချိုးခန်းသုံးကုလားထိုင်တွေနဲ့ ခွေးခြေပုများသည်

  • Be strong and durable
  • သံချေးတက်ခြင်းနှင့်ရေစိုဒဏ်ခံနိုင်ရည်ရှိရမည်
  • ထိခိုက်ဒဏ်ရာမရစေရန်ချောမွေ့မှုရှိရမည်
  • (ဘီးများမရှိလျှင်) ခြေထောက်များတွင်ရော်ဘာအခံများပါရမည်
  • ဘရိတ်များရှိရမည် (ခြေထောက်မပါပဲဘီးများရှိပါက)
  • အနိမ့်၊ အမြင့် ချိန်ဆ၍ရနိင်သောခြေထောက်ပါခြင်း
  • အသုံးပြုသူ၏ အလေးချိန်ကို သယ်ဆောင်နိုင်ရန် သတ်မှတ်ချက်ရှိရမည်

ခြေတစ်ဖက်စီရဲ့ အောက်ခြေမှာ ရော်ဘာစွပ်တပ်ထားသောသတ္တုခြေထောက်တွေပါတဲ့ ကုလားထိုင်တစ်လုံး။

Other features

အထူးသဖြင့် ပံ့ပိုးမှုပိုလိုအပ်သော (သို့) လှုပ်ရှားမှုနည်းသောသူများအတွက် အသုံးဝင်နိုင်သည့် အခြားလက္ခဏာများမှာ-

  • နောက်မှီ
  • ဘရိတ်ပါသည့်ဘီးငယ်များ
  • မတင်နိုင်သော (သို့) ဘေးဖယ်နိုင်သောလက်တင်ခုံများ
  • အမြင့်ချိန်ညှိနိုင်ပြီး လှန်တင်နိုင်သော (သို့) ဘေးဖယ်နိုင်သော ခြေတင်ခုံများ
  • ထိုင်ခုံ၊ လက်ရမ်းတွေနဲ့ နောက်မှီများမှာပါသောအခုအခံများ

ဘရိတ်ပါရှိသောဘီးငယ်များ၊  ဘေးဖယ်နိုင်သောလက်တင်ခုံများ၊ အမြင့်ကို ချိန်ညှိနိုင်ပြီးဘေးဖယ်နိုင်သောခြေတင်ခုံများ၊ ထိုင်ခုံ လက်တင်ခုံနှင့် နောက်မှီတို့တွင် အခုအခံပါဝင်သောရေချိုးခန်းသုံးထိုင်ခုံ။

လုပ်ဆောင်မှု

သင့်အလုပ်ရှိ (သို့) သင့်ဒေသရှိ ရေချိုခန်းသုံးထိုင်ခုံများနှင့်(သို့) ခွေးခြေပုများကို အနီးကပ်ကြည့်ပါ။

  • ရေချိုးခန်းသုံးကုလားထိုင် (သို့)ခွေးခြေပုတစ်လုံးစီတွင် 'အရေးကြီးတဲ့ လက္ခဏာတွေ' ဘယ်နှစ်ခုရှိသလဲ။
  • ရေချိုးခန်းသုံးကုလားထိုင်တစ်ခုစီမှာ 'တခြားလက္ခဏာတွေ' ထဲက ဘယ်နှစ်ခုရှိသလဲ။
  • ရေချိုးခန်းသုံးကုလားထိုင်တွေမှာ အထက်ပါစာရင်းများတွင် မရှိသော အခြားလက္ခဏာများရှိပါသလား။

ပေါင်းစပ်ထားသောရေချိုးခန်းနှင့် အိမ်သာသုံးကုလားထိုင်များ

အိမ်သာသုံးကုလားထိုင်တချို့ကို ရေချိုးခန်းသုံးကုလားထိုင်အဖြစ် အသုံးပြုဖို့ ပုံစံထုတ်လုပ်ထားတယ်။

ဤထုတ်ကုန်တစ်လုံးတည်းဖြင့် အိမ်သာသုံးနှင့်ရေချိုး ခန်းသုံးကုလားထိုင် ၂မျိုးလုံးလိုအပ်သူများအတွက် အထောက်အကူဖြစ်စေနိုင်သည်။

ဘရိတ်ပါရှိသောဘီးငယ်များ၊  ဘေးဖယ်နိုင်သောလက်တင်ခုံများ၊ အမြင့်ကို ချိန်ညှိနိုင်ပြီးဘေးဖယ်နိုင်သောခြေတင်ခုံများ၊ ထိုင်ခုံ လက်တင်ခုံနှင့် နောက်မှီတို့တွင် အခုအခံပါဝင်သောရေချိုးခန်းသုံးထိုင်ခုံ။

အထူးပြုလုပ်ထားသော ရေချိုးခန်းနှင့် အိမ်သာသုံးကုလားထိုင်များ

အချို့သော ရေချိုးခန်းနှင့် အိမ်သာသုံးကုလားထိုင်များတွင်ကိုယ်ဟန်အနေအထား အပိုပံ့ပိုးမှုရှိသည်။ မတ်မတ်ထိုင်ရန် ခက်ခဲသောကလေး (သို့) လူကြီးများအတွက် လိုအပ်ပါသည်။

နောက်မှီ၊ ခေါင်းမှီနှင့် ဘေးတွင် အမှီပါ‌သောကုလားထိုင်။ ထိုင်ခုံတွင် အပေါက်တစ် ခု ဖေါက် ထား ပြီး ဘီးငယ်များ နှင့် ခြေတင်ခုံများရှိသည်။

ဒီမော်ဂျူးမှာ အထူးပြုလုပ်ထားသော ရေချိုးခန်းနဲ့ အိမ်သာသုံးကုလားထိုင်တွေကို ဘယ်လိုထောက်ပံ့ပေးရမလဲဆိုသည့် လမ်းညွှန်ချက်မပါ ပါဘူး။

ဆွေးနွေးပွဲ ဖိုရမ်