အိမ်သာနှင့် ရေချိုးရန်သုံးသောကုလားထိုင်များကို မည်သူများအသုံးပြုသနည်း။

ခေါင်းစဉ်တိုးတက်မှု -

ကလေးများ၊ လူကြီးများနှင့် အသက်အရွယ်ကြီးရင့်သူ / လူကြီး များသည်အကြောင်းအမျိုးမျိုးကြောင့်အိမ်သာနှင့် ရေချိုးရန်သုံးသောကုလားထိုင်များကိုသုံးပါသည်။

ဖြစ်လေ့ရှိသောအကြောင်းရင်းများမှာ−

  • ပတ်ဝန်းကျင်အတားအဆီးများ
  • ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များ။

မေးခွန်း

၁။ အိမ်သာသွားဖို့ (သို့) ဆေးကြောဖို့ ခက်ခဲတဲ့ အကြောင်းရင်းတချို့ကို အောက်မှာဖော်ပြထားပါတယ်။

ပတ်ဝန်းကျင် အတားအဆီးများရွေးချယ်ပါ။





ပတ်ဝန်းကျင်အတားအဆီးများမှာ -

  • အိမ်သာ (သို့ ) ရေချိုးတဲ့နေရာကို သွားတဲ့လမ်းက ကျဉ်းတယ်၊ ရှုပ်ပွနေတယ်၊ ကြမ်းတမ်းတယ် (သို့)မတ်စောက်တယ်
  • အိမ်သာ (သို့) ရေချိုး ရန်နေရာသို့ သွားသောအကွာအဝေးမှာ အလွန်ဝေးလွန်းခြင်း
  • အိမ်သာ (သို့) ရေချိုးခန်းထဲတွင် အထစ်များရှိခြင်း

၂။ အိမ်သာသွားဖို့ (သို့) ဆေးကြောဖို့ ခက်ခဲနိုင်တဲ့ တခြားအကြောင်းရင်းတွေကို အောက်တွင် ဖော်ပြထားပါသည်။

လူ၏ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များကြောင့်ဖြစ်သောအရာများကိုရွေးချယ်ပါ။   





ရုပ်ပိုင်းဆိုင်ရာစွမ်းရည် အကြောင်းပြ ချက် များ မှာ -

  • လူတစ်ဦးသည်ထိုင်ရန် (သို့) ဆောင့်ကြောင့်ထိုင်ရန် ခက်ခဲနေခြင်း
  • လူတစ်ဦးသည်မတ်တပ် မရပ်နိုင် (သို့) ဘေးကင်းလုံခြုံစွာရပ်ရန် ခက်ခဲနေခြင်း
  • လူတစ်ဦးသည် လွန်ခဲ့သောနှစ်တွင် တစ်ကြိမ်ထက်မက လဲကျခြင်း (သို့) လဲကျမည်ကို ကြောက်နေခြင်း

ဤထုတ်ကုန်များကို အသုံးပြုသူများနှင့် အကြောင်းရင်းအချို့ကို ဆက်လက်ဖတ်ရှုပါ။

ပီတာသည် မျက်မှန်၊ ဖိနပ်တစ်ရံနှင့် ပဝါတစ်ထည်ကို ဝတ်ဆင်ထားပြီး ဘီးတပ်ကုလားထိုင်မှ ရေချိုးခန်သုံးကုလားထိုင်ဆီသို့ ရွေ့လျားသွားသည်။ လက်တစ်ဖက်က ဘီးတပ်ကုလားထိုင်ရဲ့ လက်ရမ်းကို ကိုင်ထားပြီး လက်တစ်ဖက်က ရေချိုးခန်းသုံးကုလားထိုင်ပေါ်မှာကိုင်ထားတယ်။

ပီတာနှင့် တွေ့ဆုံခြင်း

ပီတာမှာ ကျောရိုးရှိပင်မအာရုံကြောဒဏ်ရာရထားသဖြင့်ခြေထောက်ကို မရွှေ့နိုင်ပါဘူး။ သူသည်ဘီးတပ်ကုလားထိုင်သုံးပြီး လှည့်ပတ်သွားလာတယ်။

ပီတာသည် မိမိကိုယ်တိုင်ရေချိုးရန် မတ်တတ်မရပ်နိုင်သောကြောင့် ရေချိုးခန်းသုံးကုလားထိုင်ကို အသုံးပြုသည်။ သူ၏ရေချိုးခန်းသည် ဝင်ရလွယ်ကူသည်။ သူကိုယ်တိုင် အဲဒီကိုသွားနိုင်ပြီး ဘီးတပ်ကုလားထိုင်မှရေချိုးခန်းသုံးကုလားထိုင်ပေါ်ကို ပြောင်းရွှေ့နိုင်သည်။

အိုင်ဒါသည်သူ့ရဲ့ ဘယ်ဘက်လက်ကခန္ဓာကိုယ်ဆီ လှည့်နေပြီး ညာဘက်လက်နဲ့ တုတ်ကောက်ကိုင်ထားသည်။

ဒေါ် အေးနှင့် တွေ့ဆုံခြင်း

ဒေါ် အေးမှာ လေဖြတ်ရောဂါရှိသဖြင့် လက်ဝဲဘက်မှာ အားနည်းမှု ရှိသည်။ သူမသည်သွားလာဖို့တုတ်ကောက်ကိုအသုံးပြုသည်။

သူမ၏ အကန့်အသတ်ရှိသော သွားလာလှုပ်ရှားနိုင်မှုသည် လိုအပ်ချိန်တွင် အိမ်သာသို့ အမြန်မရွေ့နိုင်ပါ။ သူမသည်အိမ်သာတွင်ထထိုင်ရတာလည်း ခက်သည်။

အိမ်သာသုံးကုလားထိုင်တစ်လုံးကို ခြေနင်းအိမ်သာပေါ်တင်ထားတယ်။ အိမ်သာထိုင်ခုံက ပိုမြင့်ပြီး လက်ရမ်းတွေက ကိုင်တွယ်ရမယ့်နေရာတစ်ခုဖြစ်တယ်။

ဒေါ််အေးသည်လက်ရမ်းများပါသည့်အိ်သာသုံးကုလားထိုင်သည် သူမအတွက်အထောက်အကူဖြစ်ကြောင်းတွေ့ရသည်။သူမသည်လက်ရမ်းကိုထိုင်သောအခါနှင့်မတ်တပ်ရပ်တဲ့အခါတွင်အထောက်အကူရရန်အသုံးပြုသည်။

အိမ်သာသုံးကုလားထိုင်ကို နေ့အချိန်မှာ အိမ်သာပေါ်မှာ နေရာချထားပြီး သူ့သမီးကအဲဒီကိုရောက်ဖို့ ကူညီပေးတယ်။

 အိပ်ရာဘေးမှာရှိသောလက်ရမ်းချထားပြီပုံးပါတဲ့ အိမ်သာသုံးကုလားထိုင်တစ်လုံး။

ညအချိန်မှာ အိမ်သာသုံးကုလားထိုင်ကိုသူ့အိပ်ရာဘေးမှာထားတယ်။ ဒါကအိမ်သာကိုသူဘာသာတက်ဖို့ ပိုလွယ်ကူစေသည်။

ဒေါ် အေးသည်ရေချိုးခန်းသုံးကုလားထိုင်ကိုလည်း အသုံးပြုသည်။

လာမည့်သင်ခန်းစာတွင် လူတစ်ဦး၏လိုအပ်ချက်ပေါ်မူတည်၍ သင့်လျော်သောအိမ်သာ (သို့)ရေချိုးခန်းသုံးကုလားထိုင်ကို မည်သို့ရွေးချယ်ရမည်ကို လေ့လာမည်ဖြစ်သည်။

သင်သည်သင်ခန်းစာ၁ပြီးစီးပြီဖြစ်ပါသည်။

မေးခွန်းတွေ (သို့)မှတ်ချက်များ ရှိမယ်ဆိုရင် ဆွေးနွေးပွဲ ဖိုရမ်မှာ တင်ထားပါ။

ဆွေးနွေးပွဲ ဖိုရမ်