အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးရန် လိုအပ်သောအချိန်
အထောက်အကူပြုပစ္စည်းတစ်ခုကို ထောက်ပံ့ပေးရန်လိုအပ်သောအချိန်နှင့်ထောက်ပံ့မှုသည် အချက်အလက်အမျိုးမျိုးအပေါ် မူတည်သည်။ ၎င်းတို့ကို အောက်တွင်ဖော်ပြထားသည်။
အထောက်အကူပြုပစ္စည်းများသည် မည်မျှရှုပ်ထွေးသနည်း
ပိုမိုရှုပ်ထွေးသောအထောက်အကူပစ္စည်းတစ်ခုသည် ဝန်ဆောင်ထောက်ပံ့မှုတစ်ခုစီတွင် ဆောင်ရွက်ရန် အချိန်ပိုလိုအပ်သည်။
ဂျူးကို မှတ်မိပါသလား
ဂျူသည် ဘီးတပ်ကုလားထိုင်ကိုသုံး၍ရွေ့လျားသွားလာနိုင်သည်။ သူမအားဘေးကင်းလုံခြုံပြီး သက်သောင့်သက်သာထိုင်ရန်ထောက်ပံ့ပေးသည့်အထူးထောက်ပံ့မှုများ ဘီးတပ်ကုလားထိုင်တွင်ရှိသည်။ ဂျူ သည် အသေးစိတ် အကဲဖြတ် မှု တစ် ခုပြုလုပ်ပြီးထောက်ပံ့မှုများ ရရှိရန်နှင့်အံဝင်ခွင်ကျဖြစ်စေရန်သုံးကြိမ်ခေါ် ယူလေ့ကျင့်ပေးခဲ့သည်။ဂျူသည် ကြီးထွားလာနေသဖြင့် ပြောင်းလဲနေသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရက်ချိန်းပြရန်ချိန်းဆိုမှုများ မကြာခဏလိုအပ်သည်။
ဂျူသည် သူ၏မိတ်ဆွေများ၊ မိသားစုများနှင့် ဆက်သွယ်ရန်၊ ကျောင်းတွင်ပါဝင်ရန် စာဖြင့်ဆက်သွယ်ရန် စာအုပ်များနှင့် ကတ်ပြားများကိုလည်း အသုံးပြုသည်။ သူမ၏ဝန်ဆောင် မှု ထောက်ပံ့ပေးသူသည်စာဖြင့်ဆက်သွယ်ရန် စာအုပ်များနှင့် ကတ်ပြားများကို မည်သို့ အသုံးပြုရမည်ကိုသင်ပေးရန်ဂျူနှင့်သူမ ၏ မိသားစုကိုနှစ်ကြိမ်ခေါ်ယူခဲ့သည် ။ ဂျူသည်စာဖြင့်ဆက်သွယ်ရန် စာအုပ်များနှင့် ကတ်ပြားများကို မည်သို့အသုံးပြုနိုင်ကြောင်း ဆရာမနဲ့ အတန်းဖော်များကို ပြသရန် ကျောင်းသို့သွားခဲ့သည်။ အရွယ်ရောက်လာပြီး သူမ၏ဆက်သွယ်ရေးလိုအပ်ချက်များနှင့်အညီစာဖြင့်ဆက်သွယ်ရန် စာအုပ်များနှင့် ကတ်ပြားများသည်ဖြည့်ဆည်းပေးနေဆဲဖြစ်ကြောင်း သေချာစေရန် ရက်ချိန်းပြန်လည်ခေါ်ယူကြည့်ရှုပြီးပြုပြင်ပြောင်းလဲပေးရန်ဖြစ်သည်။
လူတစ်ဦး၏ ကျန်းမာရေးနှင့်လိုအပ်ချက်များ
လူအချို့သည် အခြားသူများထက် မကြာခဏရက်ချိန်းပြန်ပြရန်နှင့် ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ပေးရန်လိုအပ်သည်။
ဥပမာ၊ ကလေးတစ်ဦးသည် ကြီးထွားလာသည်နှင့်အမျှ မိမိတို့၏အထောက်အကူပြုပစ္စည်းအရွယ်အစားနှင့် ပုံမှန်ပြုပြင်ပြောင်းလဲမှုများ လိုအပ်ပေမည်။ ထို့ပြင် အချိန်ကြာလာသည်နှင့်အမျှ ပြောင်းလဲသွားသည့် ကျန်းမာရေးအခြေအနေရှိသူ မည်သူမဆို မိမိတို့လိုအပ်ချက်များ ပြောင်းလဲလာသည်နှင့်အမျှ အထောက်အကူပြုပစ္စည်းအမျိုးမျိုး လိုအပ်ပေမည်။
မေရီကိုမှတ်မိပါသလား
မေရီသည် မူလတန်းကျောင်းတက်စဉ်က ပထမဆုံး နားကြားကိရိယာအထောက်အပံ့ ရရှိခဲ့သည်။ သူမ၏နားများ ကြီးထွားလာသည်နှင့်အမျှ နှစ်စဉ်အကြိမ်ကြိမ် နားပုံစံအသစ်ကိုယူရန်လိုအပ်သည်။
လူတစ်ဦးနေထိုင်အလုပ်လုပ်သည့် ပတ်ဝန်းကျင်
ထိုသူသည် ခက်ခဲသောပတ်ဝန်းကျင်တွင်နေထိုင်မည် (သို့) အလုပ်လုပ်နေမည်ဆိုလျှင် ပို၍လေ့ကျင့်ပေးခြင်းဖြင့် ၎င်းကို မည်သို့အောင်မြင်ကျော်လွှားနိုင်ကြောင်းအကျိုးခံစားရပေမည်။
၎င်းတို့၏အထောက်အကူပြုပစ္စည်းများအကောင်းဆုံးအသုံးပြုနိုင်ရန်မိမိတို့၏ပတ်ဝန်းကျင်အပြောင်းအလဲများမှလည်း အကျိုးရရှိနိုင်သည်.
အာဆစ်အကြောင်း
အာဆစ်သည် ဒူးအောက်ပိုင်းဖြတ်ထားပြီး ရွေ့လျားသွားလာရန် လက်ထောက်ကို အသုံးပြုသည်။ သူသည်မြေပြင်မညီသော တောင်ကုန်းပေါ်မှာ နေထိုင်ပြီး သူ့အိမ်တွင်လှေကားထစ်များရှိသည်။
အာဆစ်သည် လက်ထောက်ကို စတင်အသုံးပြုခဲ့ချိန်တွင် သူ၏ဝန်ဆောင်မှုပေးသူသည် သူ့အိမ်သို့ အကြိမ်ကြိမ်ရောက်လာကာ မညီသောမြေပြင်ရှိ ချိုင့်ခွက်များနှင့် လှေကားထစ်များပေါ်တွင် သွားလာနိုင်ရန် လေ့ကျင့်ကူညီပေးခဲ့သည်။
ယခုအခါ အာဆစ်၏ပတ်ဝန်းကျင်သည် စိန်ခေါ်ချက်ဖြစ်သော်လည်း သူသည်လက်ထောက်ကိုအသုံးပြုပြီးလုံခြုံစိတ်ချမှုရှိနေသည်။
လူတစ်ယောက်၏ အတွေ့အကြုံ
အချို့သူတို့သည် အထောက်အကူပြုပစ္စည်းတစ်ခုကို အသုံးပြုနေသည်မှာ ကြာမြင့်ပြီဖြစ်သည်။ သူတို့သည် မိမိတို့လိုအပ်ချက်နှင့်အညီမည်သို့အသုံးပြုရမည်တို့ကို အလွန်အကျွမ်းတဝင်ရှိကြပါလိမ့်မည်။ သို့သော် ဝန်ဆောင်မှုထောက်ပံ့ပေးသူတစ်ဦးထံမှထောက်ပံ့မှုအချို့ လိုအပ်နေဆဲဖြစ်ပေသည်။ ဥပမာ၊ မှန်ကန်သောပစ္စည်းကိုရွေးချယ်ရန် နှင့် သင့်လျော်စွာ ကိုက်ညီအသုံးပြုနိုင်ပြီးကောင်းစွာထိန်းသိမ်းထားရှိနိုင်စေရန်ဖြစ်သည်။
ပီတာအကြောင်း
ပီတာသည် ကျောရိုးရှိပင်မအာရုံကြောထိခိုက်ဒဏ်ရာရခဲ့ပြီး ဘီးတပ်ကုလားထိုင်၊ ဆီးပိုက်နှင့် အခြားအထောက်အကူပြုပစ္စည်းအချို့ကို နှစ်ပေါင်းများစွာ အသုံးပြုနေသည်။
သူသည်သူ၏ဆီးပိုက်ကို စီမံခန့်ခွဲရာတွင် အလွန်အတွေ့အကြုံရှိပြီး ယုံကြည်စိတ်ချမှုရှိသည်။ သို့သော် ပီတာသည် သူ၏ကျန်းမာရေးကို စစ်ဆေးရန်နှင့် ဆီးပိုက် ကောင်းစွာလုပ်ဆောင်နေကြောင်း သေချာစေရန် ဒေသန္တရကျန်းမာရေးဆေးခန်းတွင် ဆက်လက်ပြသနေဆဲဖြစ်သည်။
ပီတာသည် ဘီးတပ်ကုလားထိုင်အတွက်လည်း ရက်ချိန်းပြရန်ကို လိုက်နာခဲ့သည်။ သူ၏ထောက်ပံ့ပေးသူကလိုအပ်ချက်များကို ဖြည့်ဆည်းပေးနေဆဲဖြစ်ကြောင်း စစ်ဆေးပြီးမည်သည့်ပြုပြင်မှုမဆိုကူညီပေးသည်။