
သွားလာလှုပ်ရှားမှုသည် လွတ်လပ်စွာနှင့် အလွယ်တကူ ရွေ့လျားနိုင်စွမ်းရှိခြင်းဖြစ်သည်။
၎င်း တွင် လှဲလျောင်းရာမှထထိုင်ခြင်း သို့မဟုတ် ပြန်လှဲခြင်း၊ တစ်နေရာမှတစ်နေရာသို့ရွေ့လျားခြင်း၊လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ အပေါ်တက်ခြင်းတို့ပါဝင်သည်။
သွားလာလှုပ်ရှားမှု အခက်အခဲရှိသည့် အသက်အရွယ်အသီးသီးမှ လူများသည် သွားလာလှုပ်ရှားမှုအတွက်အထောက်အကူပြုပစ္စည်းတွေကို အသုံးပြုကြသည်။
သူတို့သည်-
- လူတစ်ယောက်ကိုထိုင်ရန်၊ ပြောင်းရွှေ့ရန်၊ မတ်တပ်ရပ်ရန်၊ လမ်းလျှောက်ရန်၊ ပြေးနိုင်ရန်ကူညီထောက်ပံ့ပေးပါသည်
- ပတ်ဝန်းကျင်မှာတခြားနည်းဖြင့်လမ်းမလျှောက်နိုင်တဲ့သူတွေကို ထောက်ပံ့ပေးပါသည်

- လူတစ်ယောက်တွင် ဖိအားဒဏ်ရာများ၊ ခြေဖဝါးဒဏ်ရာများ၊ နာကျင်သောအဆစ်များ၊လဲကျခြင်းကြောင့်ရသောဒဏ်ရာများ၊ နာကျင်မှု၊ အသက်ရှူခြင်းနှင့် အစာခြေခြင်း အခက်အခဲများကဲ့သို့သော ကျန်းမာရေးပြဿနာများကို ကုသ/ကာကွယ်ရာတွင်ကူညီပေးပါသည်။
ဆော်လမွန်ကျွန်းစုမှ မာတင်သည် ဘီးတပ်ကုလားထိုင်နှင့် ကောင်းစွာအံဝင်ခွင်ကျဖြစ်နေပြီး မှန်ကန်တဲ့အောက်ခံကူရှင်က သူ၏ဖိအားဒဏ်ရာများကို မည်သို့ပျောက်ကင်းစေခဲ့ကြောင်း ရှင်းပြသည့် ဤဗီဒီယိုကို ကြည့်ပါ။
ပြန်လည်သုံးသပ်ခြင်း
သွားလာလှုပ်ရှားမှုအတွက်အထောက်အကူပစ္စည်း တစ်ခု (သို့) ပို၍ သုံးသူကို သိပါသလား။
သိပါက မည်သည့် အထောက်အကူပြုပစ္စည်းများကိုအသုံးပြုကြသနည်း။ ၎င်းကအဘယ်နည်းဖြင့် အထောက်အကူပြုသနည်း။ လူတစ်ယောက်ကို ကူညီပေးမပေး စဉ်းစားကြည့်ပါ–
- ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်း၊ရွှေ့ပြောင်းခြင်း၊ လမ်းလျှောက်ခြင်းနှင့်လဲမကျခြင်း
- တစ်နည်းနည်းဖြင့် လှုပ်ရှားသွားလာခြင်း
- ကျန်းမာရေးပြဿနာများကို စီမံခန့်ခွဲခြင်း သို့မဟုတ် ကာကွယ်ခြင်း
လူများလှုပ်ရှားသွားလာနိုင်ရန်သင့်တော်သည့် ပတ်ဝန်းကျင်ဖန်တီးခြင်းဖြင့်ကူညီပေးနိုင်သည်။
သွားလာလှုပ်ရှားနိုင်သောပစ္စည်းအသုံးပြုသူများအတွက် အဆင်ပြေသောပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မည့် နည်းလမ်းတချို့မှာ
- လိုအပ်သောနေရာများတွင် ဆုပ်ကိုင်ရန်လက်ရမ်း၊ဘားများနှင့် ရွေ့လျားနိုင်သောဆင်ခြေလျှောများတပ်ဆင်ပါ
- ကျယ်ပြန့်သောတံခါးများတပ်ဆင်ပါ
- လမ်းကြောင်းများနှင့် အခြားအိမ်အပြင်နေရာများကို အဆင်ပြေစေရန်ပြုလုပ်ပါ
- အတားအဆီးများကို ဖယ်ရှားပါ
- လူများနှင့် သူတို့၏သွားလာလှုပ်ရှားမှုအတွက်အထောက်အကူပြု ပစ္စည်းများအတွက် နေရာပြင်ဆင်ထားပါ။

ဒေါ်လီလီနှင့်တွေ့ဆုံခြင်း
ဒေါ် လီလီသည် ရပ်ကွက်အစည်းအဝေးသို့ဘီးတပ်ကုလားထိုင်နှင့်သွားပြီးခန်းမအတွင်းသို့လက်ထောက်ဘောင်ဖြင့်သွားသည်။
ခန်းမရှေ့တံခါးဝရှိဆင်ခြေလျှောတစ်ခုကဒေါ် လီလီအတွက် ဘီးတပ်ကုလားထိုင်ဖြင့် အတွင်းသို့ဝင်ရန် လွယ်ကူစေသည်။
ခန်းမအတွင်းတွင်သူမရဲ့လေးချောင်းထောက်နှင့် လှည့်လည်သွားလာရန် နေရာအလုံအလောက်ရှိပါသည်။
ရေချိုးခန်းသည်ဒေါ် လီလီအတွက် လေးချောင်းထောက်နှင့် လှုပ်ရှားသွားလာနိုင်ရန်ကျယ်၀န်းသောတံခါးနှင့်နေရာရှိသည်။အိမ်သာကိုအသုံးပြုရ လွယ်ကူစေရန် ဆုပ်ကိုင်ရန်လက်ရမ်း/ဘားတစ်ခုလည်း ရှိ သည် ။
ဒေါ် လီလီသည် အစည်းအဝေးတွင်အဆင်ပြေခဲ့သည်။ သူမကို ကြိုဆိုလက်ခံကြပြီး အခြားအဖွဲ့၀င်များနှင့်အတူ အစည်းအဝေးမှာ ပါဝင်ကူညီခွင့်ပေးသည်ဟု ခံစားရသည်။
ဤ မော်ဂျူး၏ အဆုံး ရှိ ' အရင်းအမြစ် များ ' အပိုင်းတွင် နောက်ထပ် သတင်း အချက်အလက် များ နှင့် ချိတ်ဆက် မှု များ ကို ဝင်ရောက် ကြည့်ရှု နိုင် ပါ သည် ။