လူတစ်ယောက်သည် သွားလာလှုပ်ရှားမှုအတွက်အထောက်အကူပြု ပစ္စည်းကိရိယာများမှ အကျိုးခံစားရမရ ဆုံးဖြတ်ရန် စစ်ဆေးရေးပုံစံ၏ဤအစိတ်အပိုင်းကို အသုံးပြုပါ။

လမ်းလျှောက်အကူပစ္စည်းများနှင့်ဘီးတပ်ကုလားထိုင်
မေးခွန်းမေးပါ–
မတ်တက်ရပ်လမ်းလျှောက်နိုင်ပါသလား။
လမ်းလျှောက်နိုင်သူ သို့သော် လမ်းလျှောက်ရန်အကူအညီလိုအပ်သူ၊ခရီးတိုသာလမ်းလျှောက်နိုင်သောသူ၊ခြေထောက်တစ်ဖက်တည်းဖြင့်လမ်းလျှောက်သောသူ၊ လမ်းလျှောက်ရန်အခြားအခက်အခဲရှိသူများသည်ဘေးကင်းစွာသွားလာနိုင်ရန် လမ်းလျှောက်အကူပစ္စည်းတခုမှအကျိုးကျေးဇူးရနိုင်သည်။
လမ်းလျှောက်အကူပစ္စည်း အကဲဖြတ်ခြင်းဖြင့် မည်သည့်ပစ္စည်းသည် အသင့်တော်ဆုံးဖြစ်မည်ကို ရွေးထုတ်နိုင်သည်။
အချို့သူများသည် လမ်းလျှောက်အကူပစ္စည်းနှင့် ဘီးတပ်ကုလားထိုင်အသုံးပြုခြင်းမှအကျိုးခံစားရနိုင်သည်။

ဒေါ် လီလီကို မှတ်မိပါသလား
ဒေါ်််လီလီတွင် အဆစ်ရောင်ရမ်းနာရှိပြီးချည့်နဲ့သည်။ သူမသည် မြေပြင်ညီနှင့် သူမအိမ်ထဲ လမ်းလျှောက်ရန်လေးချောင်းထောက်ကိုအသုံးပြုသည်။
သူမသည်အိမ်အပြင်ဘက် (သို့) အဝေးသို့သွားရန်အတွက်ဘီးတပ်ကုလားထိုင်ကိုအသုံးပြုသည်။
ဘီးတပ်ကုလားထိုင်လိုအပ်သောလူတွေကိုဘီးတပ်ကုလားထိုင်ဝန်ဆောင်မှုလုပ်ငန်းသို့လွှဲပြောင်းပေးပါ
လုပ်ဆောင်မှု
သင့်ရှေ့တွင် TAP မှသွားလာလှုပ်ရှားမှုအတွက်အထောက်အကူပြု ပစ္စည်းကိရိယာများစစ်ဆေးသည့် ပုံစံမိတ္တူတစ်စောင်ကိုယူထားပါ။
စစ်ဆေးရေးပုံစံ၏ အပိုင်း ၄ တွင် လမ်းလျှောက်အထောက်အကူပစ္စည်း(သို့)ဘီးတပ်ကုလားထိုင်အပိုင်းကို စမ်းသပ်စစ်ဆေးပြီး လုပ်ဆောင်မည့်လုပ်ရပ်များကို ဆုံးဖြတ်ပါ။
ဂျက်ကလင်းသည် ချည့်နဲ့ပြီး သက်ကြီး အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် ရွေ့လျားသွားလာရန်အခက်အခဲရှိသဖြင့် အကူအညီလိုအပ်သည်။
ဂျက်ကလင်းသည် အလွန်ပင်ပန်းလွယ်သဖြင့် အကွာအဝေးအနည်းငယ်သာ လမ်းလျှောက်နိုင်သည်။သူမ၏ ခြေထောက် (သို့)ခြေဖဝါးတွင်ထိခိုက် ဒဏ်ရာများ မရှိပဲခြေထောက်၂ဖက်စလုံးဖြင့်ကိုယ်အလေးချိန်သယ်နိုင်သည် ။
ဂျက်ကလင်းအတွက် စစ်ဆေးရေးပုံစံ၏ သက်ဆိုင်ရာအပိုင်းတွေကို ပြီးအောင်လုပ်ပါ။
အဘယ်လုပ်ဆောင်မှုများကိုလုပ်ဆောင်မည်နည်း။

- ဂျက်ကလင်းသည် လမ်းလျှောက်အကူပစ္စည်းသုံးခြင်းမှ အကျိုးခံစားရပေမည်။ နောက်တစ်ဆင့်တွင် လမ်းလျှောက်အကူပစ္စည်း အကဲဖြတ်ခြင်းကို ဆောင်ရွက်ရန်ဖြစ်သည်။
- ဂျက်ကလင်းသည် ဘီးတပ်ကုလားထိုင်သုံးခြင်းမှလည်း အကျိုးခံစားရပေမည်။ နောက်တစ်ဆင့်မှာ ဤရွေးချယ်စရာကို သူမနှင့်ဆွေးနွေးရန်ဖြစ်သည်။ ဘီးတပ်ကုလားထိုင်သုံးခြင်းကအသုံးဝင်မည်ဟု ခံစားရပါကသူမအား ဘီးတပ်ကုလားထိုင်ထောက်ပံ့သည့် ဝန်ဆောင်မှုလုပ်ငန်းသို့လွှဲပြောင်းပါ။
ရွှေ့လျားနိုင်သောဆင်ခြေလျှော
မေးခွန်းမေးပါ–
ယာဉ်တစ်စီးသို့အဝင်အထွက်၊အတက်အဆင်းပြုရန် လှေကားထစ်ငယ်များအသုံးပြုရပါသလား။
ဘီးတပ်ကုလားထိုင်၊ လေးချောင်းထောက်(သို့) ဘီး၄ဘီးပါသောလမ်းလျှောက်လက်ကိုင်တွန်းလှည်းအသုံးပြုသူများသည်ရွှေ့လျားနိုင်သောဆင်ခြေလျှောများကို အလွယ်တကူအသုံးပြုနိုင်ပါသည်။ ရွှေ့လျားနိုင်သောဆင်ခြေလျှောသည် လှေကားထစ်အနည်းငယ်အတက်အဆင်းလုပ်ရန်(သို့) ယာဉ်အတွင်း၊အပြင်သို့ ဝင်ထွက်ရန် လိုအပ်လျှင် အသုံးဝင်နိုင်ပါသည်။
ရွေ့လျားနိုင်သော ဆင်ခြေ လျှောစစ်ဆေးမှုသည် ၎င်းတို့နှင့်ကိုက်ညီမှုရှိမရှိကိုစစ်ဆေးနိုင်ပါသည်။

ဆုပ်ကိုင်ရန် လက်ရမ်း၊ ဘား
မေးခွန်းမေးပါ–
သင့်အိမ်တွင် ဟန်ချက်ညီရန်၊ ထိုင်ခြင်း၊ မတ်တတ်ရပ်ခြင်း (သို့)ရွေ့လျားခြင်းတို့အတွက်အခက်အခဲရှိပါသလား။
လူတို့၏အိမ် တွင်ဆုပ်ကိုင်ရန်လက်ရမ်း/ဘား တန်းများရှိခြင်းသည် ဟန်ချက်ညီ မှုနည်းသောကြောင့် လှုပ်ရှားသွားလာရန်အခက်အခဲ ရှိ သူများအတွက်ကူညီ ပေး နိုင် ပါ သည် ။
ဆုပ်ကိုင်ရန်လက်ရမ်း/ဘားးများသည်လဲကျခြင်းအန္တရာယ်ကို လျော့နည်းစေနိုင်ပါသည်။
ဆုပ်ကိုင်ရန်လက်ရမ်း/ဘားစစ်ဆေးမှုမှတဆင့်၎င်းသည်လူတို့အား အကူအညီဖြစ်မဖြစ် သိနိုင်ပါသည်။

လူနာရွှေ့ပြောင်းရာတွင်အသုံးပြုနိုင်သောဘုတ်ပြားများ
မေးခွန်းမေးပါ–
သင်၏ခန္ဓာကိုယ်ကိုတစ် နေရာ မှ တစ် နေရာ သို့ ရွှေ့ပြောင်း ရန် အခက်အခဲရှိပါ သလား။
လူနာရွှေ့ပြောင်းရာတွင်အသုံးပြုနိုင်သောဘုတ်ပြားများသည်လူတချို့ကို တစ်ခုမှတစ်နေရာသို့ ပိုမိုလွယ်ကူစွာ လွှဲပြောင်းပေးနိုင်သည်။ ဥပမာ၊ အိပ်ရာ၊ အိမ်သာ၊ ဆိုဖာ (သို့) မော်တော်ယာဉ်အတွင်း။
အထူးသဖြင့်လမ်းလျှောက်အကူပစ္စည်း(သို့)ဘီးတပ်ကုလားထိုင်အသုံးပြုသူများသည်အကျိုးရှိပေမည်။
လူနာရွှေ့ပြောင်းရာတွင်အသုံးပြုနိုင်သောဘုတ်ပြားများစစ်ဆေးမှုသည် သူ တို့ ကို ကူညီ ပေး လိမ့်မည် လား ဆိုသည်ကို ခွဲခြား နိုင် ပါ သည် ။

ခြေတု
မေးခွန်းမေးပါ–
သင်သည် ခြေတုကို အသုံးပြုပါသလား။
ခြေတု အသုံးပြုသူတစ်ဦးသည်ရက်ချိန်းပုံမှန်ပြရန် အရေးကြီးသည်။
ခြေတုအစိတ်အပိုင်းများ ပျက်စီးသွားနိုင်ခြင်း၊ ခြေထောက်ဖြတ်ပိုင်းနှင့်လိုအပ်ချက်များပြောင်းလဲသွားခြင်းကြောင့်ဖြစ်သည်။
အသုံးပြုသူကိုမေးပါ -
- ခြေတုသည် ကောင်းမွန်ပြီး သက်တောင့်သက်သာရှိပါသလား။
- ခြေထောက်ဖြတ်ပိုင်းတွင်နီရဲပြီး(သို့)အနာများ/ နာကျင်သည့်နေရာရှိပါသလား။
- ခြေတုသည် ကောင်းစွာလုပ်ဆောင်နေဆဲဖြစ်ပါသလား။
စိုးရိမ်ပူပန်မှုတစ်ခုခုရှိပါက ၎င်းတို့ကို ခြေတုလုပ်ငန်းသို့ ပြန် လွှဲပြောင်းပေးပါ။
လူတိုင်းသည်ခြေတုကိုကောင်းမွန်စွာ အသုံးမပြုနိုင်ကြသည်မှာ –
- ကျန်းမာရေး/ကိုယ်ခံအား
- ကျန်ရှိနေသော ခြေထောက်ဖြတ်ပိုင်း၏ အခြေအနေ
- အခြား ခြေထောက်တစ်ဖက်အခြေအနေ ။
- ရရှိနိုင်သောခြေတုအမျိုးအစားများ-ကြောင့်ဖြစ်သည်။
အရည်အချင်းပြည့်မီသော ခြေတုပညာရှင်တစ်ဦးသည် ခြေတုတစ်ချောင်းကကူညီပေးမပေး ဆုံးဖြတ်ရန် လူတစ်ဦးစီကို အကဲဖြတ်ပေးရန်လိုသည်။
သင့်ဒေသတွင် ခြေတုလုပ်ငန်းရှိပါက အကဲဖြတ်ရန် ထိုသူကို လွှဲပြောင်းပါ။ ဤလုပ်ငန်းသည် အလှမ်းဝေးနေမည်ဆိုပါက ဝန်ဆောင်မှုလုပ်ငန်းကို ဦးစွာဆက်သွယ်ခြင်းသည် အကြံပြုချက်ကောင်းတစ်ခုဖြစ်သည်၊

ခြေထောက်ဖြတ်ထားသူများသည်နည်းအမျိုးမျိုး (လမ်းလျှောက်အကူပစ္စည်းများနှင့် /သို့)ဘီးတပ်ကုလားထိုင်)ကို အသုံးပြုခြင်းဖြင့်လှုပ်ရှားသွားလာနိုင်ကြသည်။
ခြေတုအသုံးပြုသူများသည် အခြားသွားလာလှုပ်ရှားမှုအတွက်အထောက်အကူပြု ပစ္စည်းကိရိယာများကိုလည်း အသုံးပြုနိုင်သည်။

အခြားအထောက်အကူပြုပစ္စည်းအမျိုးအစားများ
မေးခွန်းမေးပါ–
သင့်တွင် အမြင်အာရုံ၊ အကြားအာရုံ၊ မိမိကိုယ်ကိုဂရုစိုက်ခြင်း၊ ဆက်သွယ်ရေး၊ တွေးတောခြင်းနှင့်/သို့)မှတ်မိဖို့ အခက်အခဲရှိပါသလား။

သွားလာလှုပ်ရှားမှုအတွက်အထောက်အကူပြု ပစ္စည်းကိရိယာအသုံးပြုသူ များသည်အခြားအထောက်အကူပစ္စည်းများမှလည်း အကျိုးခံစားရနိုင်သည်။

အဲလီရှာကို မှတ်မိပါသလား
အဲလီရှာတွင် သူငယ်နာအကြောရောဂါရှိသည်။ သူမသည်မိမိကိုယ်ကိုဂရုစိုက်စောင့်ရှောက်ရန်နှင့် အိမ်သာသွားရန် ကူညီပေးရန်အနောက်တွင်ထိန်းပေးသည့် လမ်းလျှောက်ဘောင်နှင့် အခြားအထောက်အကူပြုပစ္စည်းများကို အသုံးပြုသည်။

ဒေါ်အေးကို မှတ်မိပါသလား
သူမသည်လေဖြတ်ရောဂါရှိသည်။သူမသည်အဝတ်အစားလဲသည့်တုတ်တံများကိုသုံး၍ အဝတ်အစားဝတ်ဆင်ပြီးလမ်းလျှောက်ရန်နှင့် အိမ်သာကို အလွယ်တကူသွားနိုင်ရန်တုတ်ကောက်ကိုအသုံးပြုသည်။
ဤအရာသည် သွားလာလှုပ်ရှားမှု စစ်ဆေးမှုဖြစ် သော်လည်း အခြား အထောက်အကူပြုပစ္စည်းများမှလည်း အကျိုး ခံစား ရ နိုင် ကြောင်း သတိရ ရန် အရေးကြီး သည် ။
သူတို့တွင်အကြားအာရုံ၊အမြင်အာရုံ၊ ကိုယ့်ကိုကိုယ်ဂရုစိုက်ခြင်း၊ ဆက်သွယ်ရေး၊ စဉ်းစားတွေးခေါ်ခြင်းနှင့်/သို့)သတိရခြင်းစသည့် အခြား အခက်အခဲများရှိပါက သတင်းအချက်အလက်များ ပိုမိုသိရှိရန် နောက်ထပ်မေးခွန်းများ မေးလိုကြောင်း ရှင်းပြပါ။
လူတစ်ဦးလိုအပ်နိုင်သည့် အခြားအထောက်အကူပြုပစ္စည်းများကို ခွဲခြားသိမြင်ရန် ရိုးရှင်းသော စစ်ဆေးခြင်းမေးခွန်းများနှင့် အထောက်အကူပြုပစ္စည်းများအတွက်TAP မိတ်ဆက်ခြင်းမော်ဂျူးကိုလေ့လာပါ။