စစ်ဆေးမေးမြန်းပြီးသည့် အခါနောက်အဆင့် များအတွက် အစီအစဉ်ဆွဲပါ။
အစီအစဉ်ကို စစ်ဆေးခြင်းပုံစံအဆုံးတွင် မှတ်တမ်းတင်နိုင်ပါသည်။

စစ်ဆေးရန်
အကယ်၍ ထိုသူတွင် အခြားအခက်အခဲရှိမည်ဆိုပါကအခြားအထောက်အကူပြုပစ္စည်းများစစ်ဆေးခြင်းမှ အကျိုးခံစားရပါလိမ့်မည်။
သင့်အားအကူအညီရရန်ခြား TAP မိတ်ဆက်ပေးခြင်းမော်ဂျူးမှစစ်ဆေးရေးမေးခွန်းများနှင့် (သို့)ပစ္စည်းများကိုသုံးပါ။
အကဲဖြတ်ခြင်း
လူတို့သည် စစ်ဆေးရေးမေးခွန်းများ၏အဖြေများမှတစ်ဆင့် အောက်ပါတို့ကိုအကျိုးခံစားရပါလိမ့်မည်–
- လမ်းလျှောက်အကူပစ္စည်း
- ရွေ့လျားနိုင် သောဆင်ခြေ လျှော
- အိမ်တွင်ဆုပ်ကိုင်ရန်လက်ရမ်း/ဘား
- လူနာရွှေ့ပြောင်းရာတွင်အသုံးပြုနိုင်သည့်ဘုတ်ပြား
- ကျန်းမာရေးအထောက်အကူပြုဖိနပ်။
သူတို့အားထပ်မံ အကဲဖြတ်ရန်လိုအပ်ပါက သဘောတူညီမှုယူပါ။
အကဲဖြတ်ပြီးသည့် နောက်သင့်တော်သည့်အထောက်အကူပြုပစ္စည်းကို ထောက်ပံ့ပါ။
TAPလုပ်ငန်းစဉ်၄ခုကို သုံးပါ

- ရွေးချယ်ခြင်း
- အံဝင်ခွင်ကျအောင်တပ်ဆင်ခြင်း
- အသုံးပြုခြင်း
- ရက်ချိန်းလာပြခြင်း
သတိပြုရန်– အကဲဖြတ်စစ်ဆေးမှုတစ်ခုကို ဆောင်ရွက်နိုင်ပုံ၊ လူတစ်ယောက်အတွက် အထောက်အကူပြုပစ္စည်းကိုအံဝင်ခွင်ကျတပ်ဆင်ပုံ၊အထောက်အကူပြုပစ္စည်းများကိုအသုံးပြုပုံ၊ ဂရုစိုက်ပုံများကို သင်ကြားပေးပြီးရက်ချိန်းပြန်လည်ပြပုံများအားလုံးသည် TAPအထောက်အကူပြုပစ္စည်းမော်ဂျူးများတွင်ပါဝင်သည်။
မေးခွန်း
သင့်တွင် ဤထုတ်ကုန်ပစ္စည်းများ (လမ်းလျှောက် အကူ ပစ္စည်းများ ၊ လူနာရွှေ့ပြောင်းရာတွင်အသုံးပြုနိုင်သည့်ဘုတ်ပြား၊ရွေ့လျားနိုင် သောဆင်ခြေ လျှော၊ အိမ်တွင်ဆုပ်ကိုင်ရန်လက်ရမ်း/ဘား များ၊ ရွှေ့ပြောင်းနိုင်သောဘုတ်ပြားများ)မ ရှိပါကမည်သို့ပြုလုပ်မည်နည်း။
- ပစ္စည်းအမျိုးမျိုးလိုအပ်ကြောင်း မှတ်တမ်းတင်ထားပြီး သင့်ကြီးကြပ်ရေးမှူးနှင့် ဆွေးနွေးပါ
- ၎င်းတို့ကို ထောက်ပံ့ပေးနိုင်သည့်အခြား ဝန်ဆောင်မှုများရှိမရှိ ခွဲခြားပါ
- ထိုသူနှင့်ထုတ်ကုန်များရနိုင်မနိုင်ဆွေးနွေးပါ
- ဘီး တပ် ကုလားထိုင် / ခြေတု / အားပြုကိရိယာပစ္စည်းအလုပ် ရုံ များ ကအထက်ပါပစ္စည်းများမှတစ်ခုခု ကို လုပ် နိုင် မ နိုင် ကြည့်ပါ ။
သင်ကြားပေးခြင်း
လူတစ်ယောက်သည်စစ်ဆေးရေးမေးခွန်းများ၏အဖြေများမှတစ်ဆင့်အောက်ပါအကျိုးကျေးဇူးများချက်ချင်းခံစားရမရကိုအကြံဉာဏ်ပေးနိုင်သည်။
- သူတို့ခြေဖဝါးကို ကြည့်ရှုစောင့်ရှောက်ပုံ
- သင့်တော်သည့် မည်သည့် ရှူးဖိနပ်မျိုး ကိုအဘယ့်ကြောင့်ဝတ်ရသနည်း
ခြေဖဝါးကြည့်ရှုစောင့်ရှောက်ခြင်းနှင့် သင့်တော်သော ဖိနပ်များကိုစီးခြင်းနှင့်ပတ်သက်သည့် အချက်အလက်များကိုနောက်သင်ခန်းစာတွင်လေ့လာနိုင်ပါသည်။
အခြား ဝန်ဆောင်မှုများကို လွှဲပြောင်းပါ
အချို့သူတို့သည် သင် (သို့)သင့်လုပ်ငန်းဆောင်တာထက် ပို၍အထူးဂရုစိုက်စောင့်ရှောက်မှု လိုအပ်ပေမည်။
လူတစ်ယောက်ကို မည်သည့် အချိန်/နေရာတွင်မည်သူ့ထံလွှဲပြောင်းရမည်ကိုသိရှိရန် အရေးကြီးပါသည်။
စစ်ဆေးရေးမေးခွန်းများ၏ လူတစ်ဦး၏အဖြေများက လွှဲပြောင်းခြင်းသည် အထောက်အကူပြုမည်သလားဆိုသည်ကို ဖော်ပြပါလိမ့်မည်။
လွှဲပြောင်းခြင်းကို ထိုသူနှင့်ဆွေးနွေးပြီး သဘောတူညီမှုရယူသင့်ကြောင်း သတိရပါ။
ပြန်လည်သုံးသပ်ခြင်း
သင့်အတွက် လူများကို လွှဲပြောင်းရန် မည်သည့်ဝန်ဆောင်မှုများ ရရှိနိုင်သနည်း။
လူတစ်ယောက်အား လွှဲပြောင်းမည်ဆိုပါက မည်သည့်ပုဂ္ဂိုလ် (သို့) ဝန်ဆောင်မှုထံသို့လွှဲပြောင်းမည်ကို စဉ်းစားပါ–
- ကျန်းမာရေးစောင့်ရှောက်မှု
- ဒဏ်ရာစောင့်ရှောက်မှု
- ပြန်လည်ထူထောင်ခြင်း - လူကြီးများအတွက်
- ပြန်လည်ထူထောင်ခြင်း - ကလေးများအတွက်
- ဆီးချိုရောဂါ စောင့်ရှောက်ကုသမှု
- ခြေဖဝါးဒဏ်ရာဆေးခန်း
- ဘီးတပ်ကုလားထိုင်
- ခြေတုပြုပြင်ခြင်း
- ခြေတုအကဲဖြတ်ခြင်း။
ဤ ဝန်ဆောင်မှု များ ကို အလွယ်တကူ ရရှိ နိုင် ပါ သလား ။ ဤလုပ်ငန်းဆောင်တာများသို့ လူတစ်ဦးကို မည်သို့လွှဲပြောင်းရမည်ကို သင်သိပါသလား။

ဖီရိုဇ်နှင့်တွေ့ဆုံခြင်း
ဖီရိုဇ်သည် အသက် ၉ နှစ်ရှိပြီး လမ်းမလျှောက်နိုင်သဖြင့် ဘီးတပ်ကုလားထိုင်ကိုအသုံးပြုရန်လွှဲပြောင်းခြင်းခံရသည်။
ဝန်ဆောင်မှုထောက်ပံ့ပေးသူကအနီးအနားတွင်မသန်စွမ်းကလေးများအတွက်အကြံဉာဏ်နှင့် ကုထုံးအစီအစဉ်များပေးသည့် ပြန်လည်ထူထောင်ရေး ဝန်ဆောင်မှုတစ်ခုရှိကြောင်းနှင့် မိဘများအတွက်ကလေးကိုပြုစုစောင့်ရှောက်သူနှင့် ထောက်ပံ့ပေးသည့်အဖွဲ့များရှိကြောင်းသိထားသည်။ ဖီရိုဇ်နှင့် သူ၏မိခင်တို့၏ ခွင့်ပြုချက်ဖြင့် ဝန်ဆောင်မှုထောက်ပံ့ပေးသူက ပြန်လည်ထူထောင်ရေးလုပ်ငန်းကို လွှဲပြောင်းပေးသည်။
ရက်ချိန်းလာပြခြင်း
လူတိုင်းသည်ရက်ချိန်းလာပြခြင်းမှအကျိုးခံစားရပြီးအောက်ပါတို့အတွက် အရေးကြီးသည်–
- ကလေးများ(ကြီးထွားနေဆဲဖြစ်သောကြောင့်) ဖြစ်ပါသည်။
- စိုးရိမ်ဖွယ် ကျန်းမာရေးအန္တရာယ်ရှိပြီးခြေဖဝါးဒဏ်ရာ (သို့) ဖိအားဒဏ်ရာရဖို့ အန္တရာယ်ရှိသူမည်သူမဆို
- လူတို့၏တိုးတက်မှုအခြေအနေအရလိုအပ်ချက်များ ပြောင်းလဲသွားနိုင်သူ
- လေ့ကျင့်မှု (သို့) ညွှန်ကြားချက်ပေးသည့်အခါအခက်အခဲတွေ့သူမည်သူမဆို။
ရက်ချိန်းပြန်ပြရမည့်အချိန်သည် လူတစ်ယောက်လိုအပ်ချက်များနှင့် ၎င်းလိုအပ်ချက်များ မည်မျှမြန်မြန် ပြောင်းလဲမှုအပေါ် မူတည်သည်။