အဓိကအကြောင်းအရာသို့ ကျော်သွားပါ။
သွားလာလှုပ်ရှားမှု

ခြေဖဝါး စစ်ဆေးခြင်း

သင်ခန်းစာ- 3 ၏ 4
ခေါင်းစဉ်- 2 ၏ 5
0% ပြီးမြောက်ပါပြီ

ဤခေါင်းစဉ်တွင် ခြေဖဝါးဒဏ်ရာရမည့်အန္တရာယ်ရှိကြောင်း သတ်မှတ်ပြီးသားသူများအားမည်သို့စစ်ဆေးရမည်ကို သင်ယူရပါလိမ့်မည်။

မေးခွန်:များမေးပြီး ရိုးရှင်းသည့်စမ်းသပ်မှုတချို့ ပြုလုပ်ခြင်းအားဖြင့် သူတို့၏ခြေဖဝါးဒဏ်ရာအန္တရာယ် နည်း/တော်/မြင့်လားဆိုသည်ကို ခွဲခြားသိနိုင်ပါသည်။

ဒဏ်ရာအန္တရာယ်အဆင့်ပေါ်မူတည်၍ မည်သည့် လုပ်ဆောင်မှုများပြုလုပ်ရမည်ကိုလည်း သင်ယူရပါလိမ့်မည်။

သင့်တွင်TAPသွားလာလှုပ်ရှားမှုအတွက် အထောက်အကူပြု ပစ္စည်းကိရိယာများကို စစ်ဆေးမှုပုံစံနှင့် TAPသွားလာလှုပ်ရှားမှုအတွက် အထောက်အကူပြု ပစ္စည်းကိရိယာများ၏ ခြေဖဝါးစစ်ဆေးမှုလမ်းညွှန်ရှိမည်ဆိုလျှင်အထောက်အကူပြုပါလိမ့်မည်။

ခြေဖဝါးစစ်ဆေးမှုပုံစံ။

ခြေဖဝါးစစ်ဆေးမှုပုံစံကကူညီပေးနိုင်သည်မှာ-

  • အန္တရာယ်ရှိလက္ခဏာများ - ခြေဖဝါးဒဏ်ရာ အန္တရာယ်ကို တိုးများစေသည့် အရာများ
  • ပိုမိုအန္တရာယ်ရှိသော လက္ခဏာ များ – ခြေဖဝါး ဒဏ်ရာပိုမိုရရှိစေသည့် အရာ များ ။

' အန္တရာယ်ရှိလက္ခဏာ များ ' နှင့် ' ပိုမိုအန္တရာယ်ရှိသော လက္ခဏာများသည် လူ တစ် ဦး ၏ ခြေဖဝါးအန္တရာယ် ဖြစ်နိုင်ချေကို ညွှန်ပြ သည် ။

လုပ်ဆောင်မှု

TAPသွားလာလှုပ်ရှားနိုင်မှုစစ်ဆေးခြင်းပုံစံ၏ အပိုင်း ၃ ကို ကြည့်ပါ။ ညာဘက်ခြမ်းတွင် အချက်၆ချက်ရှိပြီးတစ်ချက်ကို'ပိုမိုအန္တရာယ်ရှိသောလက္ခဏာများ' ဟုရေးထားပြီးကျန် ငါးခုကို 'အန္တရာယ်ရှိသောလက္ခဏာများ' ဟုရေးထားပါသည်။

အောက်ပါတို့မှမည်သည်က 'ပိုမိုအန္တရာယ်ရှိသော လက္ခဏာများ' ဖြစ်သနည်း။




သင်သည်အားလုံးကိုအမှန်ခြစ်ပါကအဖြေမှန်ကန်ပါသည်။၎င်းတို့အားလုံးသည် ပိုမိုအန္တရာယ်ရှိသောလက္ခဏာများဖြစ်ကြသည်။

အောက်ပါတို့မှမည်သည့်အရာက 'အန္တရာယ်ရှိသောလက္ခဏာများ' ဖြစ်သနည်း။




အားလုံးကိုအမှန်ခြစ်ပါက မှန်ကန်ပါသည်။ ၎င်းတို့အားလုံးသည် အန္တရာယ်ရှိသောလက္ခဏာများဖြစ်ကြသည်။

ခြေဖဝါး စစ်ဆေးမှုလုပ်ငန်းစဉ်ကို စတင်ပါ။

သတိပြုရန်–ခြေဖဝါး မျက်နှာပြင်စစ်‌ဆေးမှုမစမီနှင့် စစ်‌ဆေးမှုအပြီးတွင်လက်ကိုဆပ်ပြာဖြ‌င့်ဆေးပြီးခြောက်သွေ့အောင်ထားပါ။ အကယ်၍ ထိုသူ၌ ပေါက်ပြဲဒဏ်ရာ(သို့)အရေပြားအခြေအနေမကောင်းလျှင်(သို့)ကူးစက်ရောဂါရှိလျှင်လက်အိတ်များကို အသုံးပြုပါ။

လူတစ်ယောက်၏ ခြေဖဝါးကို ကြည့်ပါ

ရှူးဖိနပ်နှင့် ခြေအိတ်ချွတ်ရန် ပြောပြီးခြေဖဝါးကို အနီးကပ် ကြည့် မည်ဟုရှင်း ပြ ပါ ။

ခြေတစ်ချောင်းစီ၏ထိပ်ပိုင်း၊ခြေချောင်းကြားနှင့် အောက်ခြေကိုသေချာစွာကြည့်ပါ။

လူတစ်ယောက်သည် ခြေအိတ်နှင့် ဖိနပ်များချွတ်ထားပြီး ဆေးရုံကုတင်ပေါ်တွင်ထိုင်နေသည်။ဝန်ဆောင်မှုပေးသူတစ်ဦးသည် ထိုသူ၏ခြေထောက်ကို စစ်ဆေးရန် ခုတင်အဆုံးတွင် ထိုင်နေသည်။

လက်ရှိနှင့် ယခင်ဒဏ်ရာများ (သို့) ဖြတ်တောက်မှုများက အခြားဒဏ်ရာတစ်ခုပိုမိုဖြစ်ပေါ်လာနိုင်သည်။ ၎င်းတို့သည် အန္တရာယ်များသောလက္ခဏာများဖြစ်သည်။

လူတစ်ဦးသည် ယခင်က ခြေထောက်ဒဏ်ရာရခဲ့ဖူးလျှင် (သို့) ခြေချောင်း (သို့) ခြေထောက်ဖြတ်ခြင်းရှိမည်ဆိုလျှင် စစ်ဆေးရေးပုံစံရှိ အချက်များကို စစ်ဆေးပါ။

လူတစ်ယောက်တွင် ခြေချောင်း ၊ ခြေဖဝါး(သို့)ခြေထောက် အနာများ (သို့)ထိခိုက် ဒဏ်ရာ များ ရှိ ပါ သလား ။

ပွန်းပဲ့နေသောအရေပြားအတွင်းတွင်ပန်းရောင်အသားနုတက်နေသည့်ခြေချောင်းအနာ။

ခြေဖဝါးသည် နီ၊ ထိလျှင်ပူ (သို့)ရောင်ရမ်းမှုရှိပါသလား

ဘယ်ခြေဖဝါးသည်ညာခြေဖဝါးထက်ပိုကြီးပြီး ပို၍နီရဲနေသည်။

နီရဲခြင်း၊ အပူနှင့် ရောင်ရမ်းခြင်းတို့သည် ဖြစ်နိုင်ခြေရှိသော ကူးစက်ရောဂါနှင့်/(သို့)အခြား စိုးရိမ်ဖွယ်အခြေအနေများ၏ လက္ခဏာအားလုံးဖြစ်သည်။၎င်းတို့အားလုံးသည် အန္တရာယ်များသောလက္ခဏာများဖြစ်သည်။

အရေပြား / ခြေသည်းလက်သည်း ပြဿနာ များ (သို့)ပုံစံမမှန်သော ခြေဖဝါး / ခြေချောင်းများကို တွေ့ပါ သလား ။

အရေပြား (သို့)ခြေသည်းလက်သည်းပြဿနာများသည် ခြေဖဝါးအနာဖြစ်ပေ်မှုအန္တရာယ်ကို တိုးများစေနိုင်သည်။

အရေပြား (သို့)ခြေသည်းလက်သည်းပြဿနာများ၏ သာမန်နမူနာအချို့မှာ ထူပြီး အက်ကွဲနေသည့်အရေပြားများ (သို့)ရှည်လျားပြီး ပုံမှန်မဟုတ်သော ခြေသည်းလက်သည်းများဖြစ်သည်။

၎င်းတို့အားလုံးသည် အန္တရာယ်ရှိသောလက္ခဏာများဖြစ်သည်။

ဤလုပ်ဆောင်မှုက အရေပြား(သို့)ခြေသည်းလက်သည်းပြဿနာများနှင့်ဆက်နွှယ်သည့် အန္တရာယ်ရှိလက္ခဏာများကို ရှာဖွေရန်ကူညီပေးပါလိမ့်မည်။

လုပ်ဆောင်မှု

အောက်တွင်ဖော်ပြထားသည့် ဘယ်ခြေဖဝါးတွင် 'အရေပြား (သို့)ခြေသည်းလက်သည်းပြဿနာများ' ရှိနိုင်သည်ဟုသင်ထင်ပါသလား။

ခြေဖဝါးရဲ့ အောက်ခြေ။ အရေပြားသည် ချောမွတ်ပြီးအက်ကွဲမှုမရှိပဲပုံမှန်အရောင်လည်း ရှိသည်။



ခြေဖဝါးအောက်ဖက်။ခြေချောင်းများပေါ်ရှိ အရေပြားသည် အရောင်ပြောင်းလဲမှုရှိပြီး မာကြောထူထဲသည်။



ခြေဖဝါးအရေပြားပြဿနာရှိပါသည်။ ထူနေသောအရေပြားနေရာကို အသားမာဟုခေါ် ပြီး၎င်းသည်ခြေဖဝါးအနာအတွက် အန္တရာယ်လက္ခဏာပါ။

ခြေဖဝါးအောက်ဖက်။ဖနောင့်အရေပြားသည် အက်ကွဲ၍ ခြောက်သွေ့သည်။



ဤခြေဖဝါးမှာအရေပြားပြဿနာရှိပါသည်။အက်ကွဲနေသည့် အရေပြားက ခြေဖနောင့်ဒဏ်ရာအတွက် အန္တရာယ်လက္ခဏာဖြစ်ပါသည်။

ခြေဖဝါးပုံစံအပြောင်းအလဲများကြောင့် ခြေဖဝါးပေါ် ဖိအားများလာစေနိုင်သည်။ ၎င်းက ခြေဖဝါးအနာဖြစ်ပေါ် မှု အခွင့်အလမ်းကို ပိုများစေသည်။

ခြေဖဝါးပုံစံမမှန်သည့်ပြဿနာ များ ၏ သာဓက အချို့ မှာ အရိုးဖုများ (ခြေမအောက်ခြေရှိအရိုးဖု) နှင့် တင်းပုတ်ပုံ ခြေချောင်း များ (သို့)ခြေချောင်း ကုတ်ခြင်းတို့ ဖြစ် ကြ သည် ။

ခြေဖဝါးပုံစံပြောင်းလဲမှုများသည် အန္တရာယ်လက္ခဏာတစ်ခု ဖြစ်သည်။

ဤလုပ်ဆောင်မှုမှ ခြေဖဝါးပုံစံအပြောင်းအလဲများနှင့်ဆက်နွှယ်သည့် အန္တရာယ်လက္ခဏာများကို ရှာဖွေရန် သင့်အား ကူညီပေးပါလိမ့်မည်။

လုပ်ဆောင်မှု

အောက်တွင်ပြထားသည့် ခြေဖဝါးများတွင်မည်သည့်ခြေဖဝါးက ကျန်းမာပုံရပြီး မည်သည့်ခြေဖဝါးကပုံုံမမှန်ခြင်း(သို့)ခြေချောင်းကုပ်ခြင်းပြဿနာများ ရှိသနည်း။

ခြေမအောက်ခြေတွင်အဖုပါသည့် ခြေဖဝါးတစ်စုံ။ ခြေမသည်အတွင်းဘက်သို့ လှည့်နေသည်။



ခြေမအောက်ခြေတွင် အရိုးဖုရှိသည်။ ခြေမသည်အတွင်း သို့ ကွေးနေသည်။ဤသို့ကွေး သွား ခြင်းက ခြေဖဝါးပိုကားလာပြီး ဖိနပ်ကို ပွတ်တိုက်မိရန် အခွင့်အလမ်းများသည်။ ၎င်းက ခြေဖဝါးအနာရစေနိုင်သည်။

ခြေချောင်းများကွေးနေပြီး ခြေသည်းများ ဝါပြီးမဲနေသည်။ ခြေဆစ်များ ရောင်ပြီးရဲနေသည်။



ခြေဖဝါးပြဿနာတစ်ခုထက်မက ရှိပါသည်။ ပြဿနာများမှာ -

  • ကုတ်နေသောခြေချောင်း
  • အရိုးဖု
  • ခြေသည်းပြဿနာများ။

ကုတ်နေသောခြေချောင်းများသည် ခြေချောင်းများ၏ထိပ်ဖျားတွင် ဖိအားများလာစေသည်။ သက်တောင့်သက်သာ/အံဝင်ခွင်ကျရှိသော ဖိနပ်ကို ရှာတွေ့ဖို့လည်း ပိုခက်သည်။

ဤပုံတွင် ခြေသန်း ထိပ်ရှိ အရေပြားသည် ဖိနပ် ပွတ်တိုက်မှုကြောင့် နီရဲနေသည်။

ခြေမအောက်ရှိအရိုးဖုကဖိနပ်ကို ပွတ်တိုက်စေသည်။

ခြေသည်းပြဿနာများက ခြေချောင်းများအပေါ် ဖိအားဖြစ်စေနိုင်သည်။

၎င်းတို့အားလုံးသည် ခြေဖဝါးအနာရစေမည့်အန္တရာယ်လက္ခဏာများဖြစ်သည်။

ခြေဖဝါးအရေပြားသည် ချောမွတ်နေပြီး ခြေချောင်းများ ဖြောင့်တန်းကာ ရောင်ရမ်းခြင်း(သို့)အရောင်ပြောင်းခြင်း မရှိသည့်ခြေဖဝါးတစ်စုံ။



သွေးလည်ပတ်မှု စစ်ဆေးခြင်း

သွေးလည်ပတ်မှုလျော့နည်းနေသူတစ်ဦးသည် ခြေဖဝါးအနာဖြစ်ရန်အန္တရာယ်ပိုများသည့်အပြင် အနာကျက်နှေးသဖြင့် ကုသရန် အချိန်ပိုကြာနိုင်သည်။

ခြေဖဝါး သွေးလည်ပတ်မှု ကိုအောက်ပါအချက်၄ချက်ဖြင့်စစ်ဆေးနိုင် သည် ။

  • ရုပ်ပိုင်းဆိုင်ရာလက္ခဏာများကို စစ်ဆေးပါ
  • ခြေသလုံးနောက်ဘက်တွင် နာကျင်မှုခံစားရသလားဟု မေးပါ
  • သွေးခုန်နှုန်းစမ်းပါ
  • သွေးပြန်လည်စီးဆင်းမှုရှိမရှိစစ်ဆေးပါ။

လူတစ်ယောက်၏ခြေဖဝါးများကို ကြည့်ပါ-

သွေးလည်ပတ်မှု လျော့နည်းသွားသည့်လက္ခဏာများမှာ -

  • ခြေကျင်းဝတ် (သို့)ခြေဖဝါးရောင်ခြင်း၊
  • ခြေဖဝါး (သို့)ခြေချောင်းများပေါ်တွင် အမွှေးမရှိတေ့ာခြင်း
  • အေးသည့်(သို့)ဖြူရော်သည့်ခြေဖဝါး။

၎င်းတို့အားလုံးသည်သွေးလည်ပတ်မှုကို လျော့နည်းစေသည့် လက္ခဏာများဖြစ်ပြီး အန္တရာယ်ရှိသည့်လက္ခဏာတစ်ခုဖြစ်သည်။

မေးခွန်းမေးပါ–

သင့် ခြေသလုံးနောက်ဖက်တွင် နာကျင်မှုခံစားရပါသလား

  • ညဖက်(သို့)
  • မီတာ ၂၀၀ အောက်လမ်းလျှောက်နေစဉ်

အချို့သူများသည် ခြေသလုံးနာကျင်မှု(သို့)ကြွက်တက်မှုရှိတတ်သည်။ ၎င်းကသွေးလည်ပတ်မှုာနည်းခြင်းလက္ခဏာဖြစ်နိုင်သည်။

၎င်းသည်ညဖက်တွင် (သို့)မီတာ ၂၀၀ အောက် လမ်းလျှောက်နေချိန်တွင်ပိုဆိုးလာနိုင်သည်။

သွေးခုန်နှုန်းစမ်းပါ

သင်၏လက်ကောက်ဝတ် (သို့)လည်ပင်းတွင်သွေးခုန်နှုန်းစမ်းတွေ့နိုင်သည့်နည်းတူ ခြေထောက်သို့သွေးစီးဆင်းမှုကောင်းမကောင်းကိုလည်းသွေးခုန်နှုန်းစမ်းခြင်းဖြင့်သိရှိခံစားနိုင်သည်။

လုပ်ဆောင်မှု

သင်၏သွေးခုန်နှုန်း (သို့)လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ ‌ သွေးခုန်နှုန်းကိုစမ်းကြည့်ပါ။

လက်ချောင်း၂ချောင်း (လက်မကို အသုံးမပြုပါနှင့်)ဖြင့်စမ်းပါ

လူတစ်ယောက်သည်လက်ညှိုးနှင့် လက်ခလယ်ကို မေးရိုးနားတွင်ထားသည်။
လည်ပင်းသွေးခုန်နှုန်းစမ်းခြင်း
လူတစ်ယောက်သည်လက်ညှိုးနှင့် လက်ခလယ်ကိုလက်ကောက်ဝတ်ပေါ်တင်ထားသည်
လက်‌ကောက်ဝတ်သွေးခုန်နှုန်းစမ်းခြင်း

သွေးခုန်နှုန်းစမ်းသပ်မှု -

ခြေဖဝါးတစ်ဖက်စီရှိသွေးခုန်နှုန်း၂ခုစလုံးကို ခံစားမိပါသလား။

ခြေဖဝါးရှိအဓိကသွေးခုန်နှုန်းစမ်းရမည့် နေရာ၂ခုမှာ -

  • ခြေဖမိုးပေါ်တွင်
  • ခြေဖဝါးအတွင်းဖက်ခြေမျက်စိနောက်တွင်

ခြေဖမိုးပေါ်ရှိသွေးခုန်နှန်းစမ်းရန်နေရာနှင့် အတွင်းခြေမျက်စိခြေကျင်းဝတ်သွေးခုန်နှုန်းစမ်းရန်နေရာညွှန်ပြပုံ။

လူတစ်ဦးတွင် သွေးလည်ပတ်မှုကောင်းကြောင်း အတည်ပြုရန် အတွက်သင်သည်ခြေဖဝါးတစ်ဖက်စီတွင် အထက်ပါသွေးခုန်နှုန်း၂မျိုးစလုံးကို အလွယ်တကူရှာတွေ့နိုင်ဖို့လိုသည်။

သွေးခုန်နှုန်းစမ်းရန်လက်မမဟုတ်ပဲ လက်ညှိုးနှင့် လက်ခလယ်ကို အမြဲအသုံးပြုပါ။

သွေးခုန်နှုန်းမရှိပါကအန္တရာယ်ရှိသည်။

မေးခွန်း

လက်မမသုံးပဲ လက်ညှိုးနှင့် လက်ခလယ်ဖြင့် သွေးခုန်နှုန်းများကို အဘယ်ကြောင့် စစ်ဆေးသင့်သနည်း။

လက်မတွင် သွေးခုန်နှုန်းရှိသဖြင့်အသုံးမပြုခြင်းဖြစ်သည်။

သွေးခုန်နှုန်းစမ်းသပ်ပုံကို ဤဗီဒီယိုတွင်ကြည့်ပါ

လုပ်ဆောင်မှု

ခြေဖဝါးတွင်အဓိကသွေးခုန်နှုန်း၂ခုကို ရှာတွေ့ရန် လေ့ကျင့်ပါ။

ကိုယ့်ကိုကိုယ် စမ်းသပ်ပြီး အနည်းဆုံး အခြားလူ ၂ ယောက်ကို စမ်းသပ်ပါ။

သွေးခုန်နှုန်းကိုရှာတွေ့ရန် သင့်လက်ချောင်းများကို နည်းနည်းရွှေ့ပေးဖို့လိုပေမည်။

သွေးပြန်လည်စီးဆင်းမှုရှိမရှိ စမ်းသပ်မှု ပြုလုပ်ခြင်း

သွေးလည်ပတ်မှု အားနည်းခြင်း၏ နောက်ထပ်လက္ခဏာတစ်ခုမှာလူတစ်ဦး၏အရေပြားကိုဖိနှိပ်ပြီးပြန်လွှတ်လျှင် ၎င်း ၏ သဘာဝအရောင်ပြန်လည်ရရှိရန် ၃ စက္ကန့်ထက်ပိုကြာ သောအခါ ဖြစ် သည် ။

သွေးပြန်လည်စီးဆင်းမှုစမ်းသပ်ခြင်း -

  1. ခြေမအရင်းတစ်ဖက်စီကို သေချာစွာဖိထားပါ။
  2. ခြေမပုံမှန်အရောင်ပြန်ရရန်ကြာချိန်စက္ကန့်ကိုရေတွက်ပါ။
  3. ၃စက္ကန့်ထက် နည်းသလား (သို့)၃စက္ကန့်ထက်ပိုကြာသလားဆိုသည်ကို မှတ်ထားပါ။

လုပ်ဆောင်မှု

သင့်လက်ထိပ်ကို လက်ချောင်းဖြင့်သေချာတင်းကျပ်စွာဖိပြီးပြန် လွှတ်လိုက်ပါ။ သင့်အရေပြားသည် အရောင်ပြောင်းလဲ(ဖျော့)သွားပြီးနောက် မူလအရောင်ပြန်ဖြစ်သွားသည်ကိုသတိပြုပါ။

ဤအရောင်ပြောင်းလဲမှုသည် သင်ဖိအားပေးခဲ့သဖြင့် သွေးလည်ပတ်မှု ယာယီပိတ်ခြင်းကြောင့်ဖြစ်သည်။

သွေးလည်ပတ်မှုကောင်းပါက ဖိအားလျေ့ာသည်နှင့်အမျှ အရေပြားကို ၃ စက္ကန့်အတွင်း သွေးပြန်လည်ဖြည့်စွက်ပေးသဖြင့်အရေပြားသည် ပုံမှန်အရောင် ပြန်ရောက်သွားခြင်းဖြစ်သည်။

ခြေဖဝါးသွေးပြန်လည်စီးဆင်းမှု(အရေပြားပုံမှန်အရောင်ပြန်ရခြင်း)စမ်းသပ်ရန်ခြေမပေါ်အခိုင်အမာဖိအားပေးခြင်းဖြင့်စမ်းသပ်နိုင်သည်။

ထို့နောက် လွှတ်ပေးပြီးခြေချောင်းသည် ပုံမှန်အရောင်သို့ ပြန်ရောက်ရန် ဘယ်နှစက္ကန့်ကြာသည်ကို ရေတွက်ပါ။

ခြေချောင်းနှစ်ဖက်စလုံးအတွက် သုံးစက္ကန့်ကျော်ကြာမည်ဆိုပါကအန္တရာယ်လက္ခဏာတစ်ခုဖြစ်ပါသည်။

သွေးပြန်လည်စီးဆင်းမှုစမ်းသပ်ရန် ဤဗီဒီယိုကိုကြည့်ပါ။

လုပ်ဆောင်မှု

သွေးပြန်လည်စီးဆင်းမှုစမ်းသပ်ပုံကိုလေ့ကျင့်ပါ။

ကိုယ့်ကိုကိုယ် စမ်းသပ်ပြီး အနည်းဆုံး အခြားလူ ၂ ယောက်ကို စမ်းသပ်ပါ။

အာရုံခံစားမှုစစ်ဆေးခြင်း (စိတ်ခံစားမှု)

လူတစ်ဦး၏ ခြေဖဝါးအာရုံခံစားမှုစစ်ဆေးခြင်းကိုနည်းလမ်း၂ခုဖြင့် ပြုလုပ်နိုင်ပါသည်။

  • သူတို့၏ခြေဖဝါးများတွင်မည်သို့ခံစားရသနည်းဟုမေးပါ
  • သူတို့၏ခြေဖဝါးအာရုံခံစားမှုကို စမ်းကြည့်ပါ။

သတိပြုရန်– အာရုံခံစားမှုမရှိသူတစ်ဦးသည် ခြေဖဝါးအနာရရှိမှုပိုများနိုင်သည်။

မေးခွန်းမေးပါ–

ခြေဖဝါး (သို့)ခြေချောင်းများတွင် ထူးခြားသောခံစားမှုများ(သို့)နာကျင်မှုများ ခံစားရပါသလား။

လူတို့သည် မိမိတို့၏ခြေဖဝါးတွင် ပုံမှန်မဟုတ်သောခံစားချက်အမျိုးမျိုးကို တွေ့ကြုံခံစားရနိုင်သည်–

  • ကျဉ်ခြင်း (ပင်အပ်နှင့် အပ်များဖြင့်ထိုးသကဲ့သို့ခံစားချက်များ)
  • ထုံခြင်း (ခံစားချက် မရှိ)
  • ထိုးသွင်းခြင်း (သို့)စူးရှသော နာကျင်မှု
  • ပူလောင်သော ခံစားချက်

လူတစ်ယောက်အား ပုံမှန်မဟုတ်သောအာရုံခံစား ချက် များရှိ သလား ဟု မေး သောအခါ အထက်ပါဥပမာ များ ကို ပေး ပါ ။

အာရုံခံစားမှု စမ်းသပ်မှုပြုလုပ်ပါ

အာရုံခံစားမှုစစ်ဆေးခြင်း-

မျက်လုံးများကိုပိတ် ခိုင်းထား ပါ – ခြေမ၊ ခြေခလယ်နှင့် ခြေသန်းထိပ်ကို သင့် လက်ဖြင့်(သို့)ကြိုးမျှင်ဖြင့်ထိ ပါ ။ ဗီဒီယိုထဲတွင်ပြထားသည့်အတိုင်းစစ်ဆေးပါ။

  • ခံစားမှုရှိပါက အမှန် (✓) ခြစ်ပါ
  • ခံစားမှုမရှိပါက အမှား (x) ခြစ်ပါ

လုပ်ဆောင်မှု

စစ်ဆေးသည့် ပုံစံကို ကြည့်ပါ။ ညာဘက်နဲ့ ဘယ်ဘက်ခြေဖဝါးပုံများတွင် နံပတ်တပ်ထားသောခြေချောင်းများရှိသည်ကိုသတိပြုပါ။

၎င်းက ခြေချောင်းများကိုခံစားမှုရှိမရှိအစဉ်လိုက်စမ်းသပ်ရန်ပြသထားပါသည်။

ကိုယ့်ကိုကိုယ်အရင် လေ့ကျင့်ပါ။ ပုံစံရှိ ၁,၃,၅ ရေးသားသော ခြေချောင်းအစဉ်လိုက်စမ်းပါ။

အာရုံခံစားမှု စမ်းသပ်မှုတစ်ခု ပြုလုပ်ရန် အောက်ပါအဆင့်များအတိုင်းပြုလုပ်ပါ -

  1. မျက်စိမှိတ်ရန်တောင်းဆိုပါ။
  2. သူတို့၏ခြေချောင်းတွေကို ထိမည်ဟု ရှင်းပြပါ။ ထိသည်ဟုခံစားရပါကပြောပြခိုင်းပါ။
  3. ၃။ ခြေချောင်း ၁၊ ၃ နှင့် ၅ ကို လက်ညှိုးနှင့်ထိပါ။ရရှိနိုင်မယ်ဆိုပါကကြိုးမျှင်ကိုလည်းသုံးနိုင်ပါသည်။
  4. ၁ စက္ကန့်မျှသာတစ်ကြိမ်တည်းဖွဖွထိပါ။
  5. ခြေချောင်းတစ်ချောင်းစီကြားတွင် တုံ့ပြန်ဖို့ အချိန်ပေးရန်စက္ကန့်အနည်းငယ်စောင့်ပါ။
  6. ဘာမှမပြောပါကထိမိကြောင်းခံစားရခြင်းမရှိသည့်အတွက်နောက်တစ်ချောင်းကို စမ်းပါ။
  7. ခံစားမှုရှိသည့် ခြေချောင်းများကို အမှန်(✓)နှင့် မခံစားနိုင်သည့် ခြေချောင်းများကို အမှား (X)ပုံစံဖြင့် မှတ်တမ်းတင်ထားပါ။

လူတစ်ဦးသည် ခြေချောင်းနှစ်ချောင်း (သို့)ထို့ထက်မက ထိသည်ဟု မခံစားရပါက ၎င်းသည် အန္တရာယ်ရှိလက္ခဏာဖြစ်သည်။

အာရုံခံစားမှု စမ်းသပ်နည်းကို မည်သို့ပြုလုပ်ရမည်ကိုအောက်ပါဗီဒီယိုကိုကြည့်ပါ။

ခြေဖဝါးစမ်းသပ်မှုတစ်ခုလုပ်ဆောင်နေပုံတစ်ခုလုံးကို အောက်ပါ‌‌‌ဗီဒီယိုတွင်ကြည့်ပါ။

လူတစ်ယောက်၏ခြေဖဝါးအနာအန္တရာယ်ကို အကျဉ်းချုပ်ဖော်ပြပါ

ထိုသူ၏ခြေဖဝါးအနာအန္တရာယ်ကို အကျဉ်းချုပ်ဖော်ပြပါ (အန္တရာယ်ရှိလက္ခဏာနှင့် ပိုမိုအန္တရာယ်ရှိသောလက္ခဏာများကို ရေတွက်ပါ)။

လူတစ်ယောက်၏ခြေဖဝါးအနာအန္တရာယ်ရှိအပိုင်းကို အကျဉ်းချုပ်ဖော်ပြထားသည့်ပုံစံ

ခြေဖဝါးစမ်းသပ်မှုတစ်လျှောက်တွင်အန္တရာယ်ရှိလက္ခဏာအရေအတွက်နှင့်ပိုမိုအန္တရာယ်ရှိသောလက္ခဏာများကို ရေတွက်ပါ။

မှတ်သားထားသည့် နံပတ်အရေအတွက်ပေါ်အခြေခံပြီး လူတစ်ယောက်၏ခြေဖဝါးအနာ အန္တရာယ် နည်း/အလယ်အလတ် (သို့)များသလားဆိုသည်ကိုသိနိုင်ပါသည်။

လူတစ်ဦးသည် အန္တရာယ်လက္ခဏာနည်းပါကသူတို့၏ခြေဖဝါးအားပြုစုစောင့်ရှောက်ပုံကိုရှင်းပြပေးခြင်း၊ သင့်တော်သောဖိနပ်များအကြောင်း ရှင်းပြပေးခြင်းဖြင့် ခြေဖဝါးအနာရရှိမှုရှောင်ရှားရန် ကူညီပေးနိုင်ပါသည်။

လူတစ်ဦးသည် တော်သင့်ရုံ သို့မဟုတ် ဖြစ်နိုင်ခြေများပါက ၎င်းတို့ကို ထပ်မံ စမ်းသပ်စစ်‌ဆေးခြင်းနှင့်ကုသရန်ကျန်းမာရေး ပြုစုစောင့်ရှောက်မှု သို့မဟုတ် ခြေထောက်ဒဏ်ရာကုဆေးခန်းသို့ လွှဲ‌ပြောင်းရန် အရေးကြီးသည်။ 

လုပ်ပေးနိုင်သည်များမှာ -

  • သူတို့၏ခြေဖဝါးများကို မည်သို့ ကြည့်ရှုစောင့်ရှောက်ရမည်ကိုသင်ပေးပါ
  • ကျန်းမာရေးအထောက်အကူပြုဖိနပ်သည် ၎င်းတို့အတွက် သင့်တော် ကြောင်းသိစေရန် အကဲဖြတ်ပါ

လုပ်ဆောင်မှု

ဤလုပ်ဆောင်မှုကိုအပြီးသတ်ရန်သွားလာလှုပ်ရှားမှုအတွက်အထောက်အကူပြု ပစ္စည်းကိရိယာများစစ်ဆေးခြင်းပုံစံမိတ္တူတစ်စောင်လိုအပ်သည်။

ဂျင်ဆန်ကို မှတ်မိပါသလား

ဂျင်ဆန်သည်လက်ဝဲလက်တွင် တုတ်ကောက်ကို ကိုင်ပြီးမတ်တပ်ရပ်နေသည်။

သူသည်အသက် ၆၀ ရှိပြီးဆီးချိုရောဂါရှိသည်။

ခြေဖဝါး စစ်ဆေးခြင်းမှအောက်ပါတို့ကို တွေ့ရသည်

  • ဂျင်ဆန် သည် ယခင် က ခြေဖဝါးအနာ တစ် ခု ရရှိ ခဲ့ သည် ။
  • သူ ၏ ခြေဖဝါး အောက်ခြေတွင် အသားမာကဲ့သို့ထူသော အရေပြားရှိ သည် ။
  • သူသည် ညဘက် တွင် သူ၏ ခြေသလုံး နောက်ဖက်နာကျင် မှု ရှိ သည် ဟုပြော သည် ။
  • ခြေဖဝါးနှစ်ဖက်စလုံးတွင်သွေးခုန်နှုန်းစမ်းမရပါ။
  • စမ်းသပ်လိုက်သည့် ခြေချောင်း ၆ချောင်းထဲမှ ၃ချောင်းသာသူ့တွင်အာရုံခံစားမှုရှိသည်။

ဂျင်ဆန်အတွက် သွားလာလှုပ်ရှားမှုအတွက်အထောက်အကူပြု ပစ္စည်းကိရိယာများစစ်ဆေးခြင်းပုံစံ၏ခြေဖဝါးစမ်းသပ်ခြင်းအပိုင်းကို ဖြည့်ပါ။

ပုံစံကို မှန်ကန်စွာဖြည့်ပြီးကြောင်းသိရန်အောက်တွင်နှိပ်ပါ။

ဂျင်ဆန် ၏ အန္တရာယ် ရှိသောအဆင့် ကို တွက်ချက် ရန် အန္တရာယ်ရှိအမှတ်အသားများနှင့် ပိုမိုအန္တရာယ်ရှိအမှတ်အသားများ ၏ အရေအတွက် ကို ရေတွက် ပါ ။

ဂျင်ဆန်သည် ခြေဖဝါးအနာထပ်မံရရှိရန် အန္တရာယ် မည်မျှများသနည်း။




ဂျင်ဆန် တွင် အန္တရာယ်ရှိလက္ခဏာ ၃ ခု နှင့် ပိုမိုအန္တရာယ်ရှိ လက္ခဏာ ၁ ခု ရှိ ကြောင်း ပြသ ထား သော TAP သွားလာလှုပ်ရှားမှုအတွက်အထောက်အကူပြု ပစ္စည်းကိရိယာများ စစ်ဆေး ခြင်း ပုံစံ မှ အကျဉ်းချုပ် ဇယား တွင် သူ သည် ခြေဖဝါးဒဏ်ရာထပ်မံရရှိရန်အန္တရာယ် မြင့်မား သည် ဟု ဆိုလို သည် ။

ဂျင်ဆန် တွင် ပိုမိုအန္တရာယ်ရှိလက္ခဏာတစ်ခု (ယခင် ခြေ‌ဖဝါးအနာ ) နှင့် အန္တရာယ်ရှိလက္ခဏာ လေး ခု (အရေပြား ပြဿနာ တစ် ခု ၊ သွေး စီးဆင်း မှု ၏ လက္ခဏာ နှစ် ခု နှင့် ခံစား ချက် လျော့နည်း ခြင်း ) လေး ခု ရှိ သည် ။ သူသည်အန္တရာယ်မြင့်မားသည့် အမျိုးအစားတွင်ပါဝင်သည်။

သူ၏အစီအစဉ်တွင် ဤသို့ပါဝင်သင့်သည်–

  • ဆီးချိုရောဂါကုသမှုအတွက် သူ၏ ကျန်းမာရေးစောင့်ရှောက်မှုကို သေချာစေခြင်း
  • ဂျင်ဆန်အား သူ၏ခြေဖဝါးကို မည်သို့ ကြည့်ရှုစောင့်ရှောက်ရမည်ကိုသင်ပေးခြင်း
  • ကျန်းမာရေးအထောက်အကူပြုဖိနပ်အသုံးပြုရန်အတွက် ဂျင်ဆန်ကို စစ်ဆေးခြင်း။