ဆီးဝမ်းထိန်းနိုင်ခြင်း
ဆီးဝမ်းထိန်းနိုင်ခြင်းဆိုသည်မှာ လူမှုရေးအရ လက်ခံနိုင်သော နေရာတစ်ခုတွင် ဆီးအိမ်နှင့် ဝမ်းကို အလိုအလျောက် ထိန်းချုပ်နိုင်စွမ်းရှိခြင်းဖြစ်သည်။ အိမ်သာသို့ အောင်အောင်မြင်မြင်သွားသည်ဟုလည်း ဖော်ပြနိုင်ပါသည်။
မထိန်းနိုင်ခြင်းသည် လူတစ်ဦးသည် ၎င်းတို့၏ ဆီး(သို့) ဝမ်းကို မထိန်းနိုင်တော့ခြင်း ဖြစ်သည်။ ယိုစိမ့်ခြင်း (သို့) 'မတော်တဆမှုများ' ရှိခြင်းဟုလည်း ဖော်ပြနိုင်သည်။
မေးခွန်း
ဆီးဝမ်းထိန်းနိုင်ခြင်း၊မထိန်းနိုင်ခြင်းနဲ့ဆိုင်တဲ့သင်ရဲ့အသိပညာကို ဒီ စုံစမ်းမေးမြန်းမှုနဲ့ ဖြေကြည့်ပါ။
၁။ လူတွေဟာ နေ့စဥ် ဆီးဘယ်နှစ်ကြိမ် သွားကြသလဲ။
ပျမ်းမျှအားဖြင့် တစ်နေ့ ၆-၈ ကြိမ်
၂။ လူတွေဟာ နေ့စဉ်ဘယ်နှစ်ကြိမ် ဝမ်းသွားသလဲ။
လူအများစုသည် နေ့စဥ်အလားတူအချိန်မျိုးတွင် ဝမ်းကို ပုံမှန်အကြိမ်ရေအဖြစ် စွန့်ကြသည်။။ ယင်းသည် တစ်ပတ်လျှင် ၃ ကြိမ်မှ တစ်နေ့လျှင်၃ ကြိမ်ကြားဖြစ်နိုင်သည်။
၃။ လူအတော်များများဟာ သူတို့ဘဝတစ်ချိန်ချိန်ချိန်မှာ ဆီးဝမ်းမထိန်းနိုင်မှုကို ခံစားရနိုင်ပါတယ်။
မှန် ပါသည် ၊ ဆီး၊ ဝမ်း မထိန်းနိုင်ခြင်းသည် ဖြစ်လေ့ရှိသည်။ ခန့်မှန်းခြေ အမျိုးသမီး ၂၀ ရာခိုင်နှုန်း နှင့် အမျိုးသား ၁၀ ရာခိုင်နှုန်း သည် ဆီးမထိန်းနိုင် မှု ကို တွေ့ကြုံ ကြ ရ သည် ။
၄။ ဆီး၊ ဝမ်း မထိန်းနိုင်ခြင်းသည် ကလေးတွေ(သို့) သက်ကြီးရွယ်အိုတွေအတွက်သာဖြစ်သော ပြဿနာတစ်ခုပါ။
မှားပါတယ်– အမျိုးသမီးတွေ၊ အမျိုးသားတွေ၊ မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေဟာ ဘယ်အသက်အရွယ်မှာမဆို ဆီးဝမ်းမထိန်းနိုင်ကြဘူး။
၅။ ဆီးမထိန်းနိုင်မှု (ဆီး ယိုစိမ့်ခြင်း) သည် ဝမ်းမထိန်းနိုင်မှု(ယိုစိမ့်မှုများ) ထက် ပို၍ဖြစ်လေ့ရှိသည်။
မှန် ပါသည် ၊ ဆီးမထိန်းနိုင်မှုသည် ဝမ်းမထိန်းနိုင်မှုထက် ပို ၍ ဖြစ် လေ့ ရှိ သည် ။
၆။ အောက်ပါအချက်တွေထဲက မည်သည့် အရာကဆီးဝမ်း မထိန်းနိုင်မှုဖြစ်စေနိုင်သလဲ။
အထက်မှာရှိတဲ့အချက်အားလုံးကို စစ်ဆေးမယ်ဆိုရင် မှန်ပါတယ်။
လူတို့သည် ဆီးဝမ်းမထိန်းနိုင်ဖြစ်ရသည့် အကြောင်းရင်းအမျိုးမျိုးရှိသည်။ အထက်ပါစာရင်းတွင် အကြောင်းရင်းအချို့ကိုသာ ဖော်ပြထားသည်။
အိမ်သာ (ထိန်းနိုင်ခြင်း) သို့ အောင်အောင်မြင်မြင်သွားခြင်းတွင် အဓိက အဆင့်သုံးဆင့်ပါဝင်သည်။
- အဆင့်၁- အိမ်သာသွားရမယ့်အချိန်ရောက်တဲ့အခါ (ကိုယ်ခန္ဓာအချက်ပြမှုမှ) သိရှိခြင်း
- အဆင့် ၂– စွန့်ထုတ်ရန် သင့်တော်သောအချိန်အထိ ထိန်းထားခြင်း
- အဆင့်၃– မှန်ကန်တဲ့နေရာမှာ အဆင်သင့်ဖြစ်သောအခါဆီးဝမ်းစွန့်ခြင်း
မေးခွန်း
၁။မည်သည့် ကိုယ်ခန္ဓာအချက်ပြတွေကအိမ်သာသွားရမယ့်အချိန် ကိုပြပါသလဲ။
- အိမ်သာသွားဖို့ နှောင့်နှေးကြာနေမယ်ဆိုရင်ဆီးအိမ် (သို့) ဝမ်းဗိုက်တွေကို ပိုပြင်းထန်လာတဲ့ဖိအားပေးမှုခံစားရမယ်
- အစာအိမ်တွင် နာကျင်မှုခံစားရခြင်းသည် ဝမ်းသွားချင်သည့် လက္ခဏာတစ်ခုဖြစ်နိုင်သည်။
၂။ အိမ်သာကို အချိန်မီရောက်ရန်တစ်ယောက်ယောက်ကို မည်သည်က နှောင့်နှေးစေနိုင်သလဲ။
- ကိုယ်ခန္ဓာအချက်ပြများကိုအသိအမှတ်မပြုခြင်း (သို့) လျစ်လျူရှုခြင်း
- တခြားအရာတစ်ခုခုကို အာရုံစိုက်နေသဖြင့် အိမ်သာသွားဖို့ 'အရမ်းနောက်ကျနေ'ခြင်း
- အိမ်သာသို့ ပြောင်းရွှေ့ရန် ကိုယ်ခန္ဓာအခက်အခဲရှိခြင်း
- အိမ်သာသွားတဲ့လမ်းမှာအဟန့်အတားများပိတ်ဆို့ထားခြင်း
၃။ အိမ်သာသွားတိုင်းဆီးလုံးဝမစွန့်နိုင်ရင် ပြဿနာရှိလား။
မှန် ပါသည် ၊မပြည့်မစုံစွန့်ထုတ်ခြင်းသည် ဆီးအိမ်အတွက် ပြဿနာတစ်ခုဖြစ်သည်။၎င်းသည် ဘက်တီးရီးယား (ပိုးမွှားများ) ကြီးထွားမှုကို အားပေးပြီး ဆီးပိုးဝင်ခြင်းကို ဖြစ်စေကာ ဆီးအိမ်ကျောက်တည်စေနိုင်သည်။။ဆီးအိမ်ကျောက်တည်တာက ဆီးလမ်းကြောင်းကို ပိတ်ဆို့စေနိုင်သဖြင့်အန္တရာယ်ရှိပါတယ်။
၄။ တစ်စုံတစ်ယောက်သည်ဝမ်းပုံမှန်မသွားပါက ပြဿနာရှိပါသလား။
မှန် ပါသည် ၊ ဝမ်းမှန်မှန်မသွားခြင်း( သို့)ဝမ်းသွားရန် ညှစ်ရခြင်း/ဝမ်းမာခြင်းကို ဝမ်းချုပ်ခြင်းဟုခေါ်သည်။ ။ အကြောင်းမှာ ၎င်းသည် မသက်မသာဖြစ်ပြီး ဝမ်းမထိန်းနိုင်သောကြောင့် ပြဿနာတစ်ခုဖြစ်သည်။ ဝမ်းချုပ်ခြင်းသည်ဆီးအိမ်ကိုလည်း ထိခိုက်စေနိုင်သဖြင့် ဆီးမထိန်းနိုင်ခြင်းကိုဖြစ်စေသည်။
ဆီး၊ ဝမ်း မထိန်းနိုင်ခြင်းသည်အထက်မှာဖော်ပြထားတဲ့ အချက်တစ်ခု(သို့)တစ်ခုစီနဲ့ ဆက်စပ်နေနိုင်ပါတယ်။
မေးခွန်း
အောက်ပါလူတစ်ဦးစီသည်မည်သည့်အဆင့်များတွင် အခက်အခဲကြုံနေရပါသလဲ။
လူစီယာနာနှင့် တွေ့ဆုံခြင်း
လူစီယာနာသည် သူ၏ခင်ပွန်းဂျိုးဇ်နှင့်အတူ နေထိုင်သည်။ လူစီယာနာသည်မှတ်မိရန်နှင့် စီစဉ်ခြင်းလုပ်ငန်းများကို အခက်အခဲရှိသည်။ သူမသည် အိမ်သာသွားရမည့်အချိန်ရောက်ပြီဟု ပြသော ခန္ဓာကိုယ်အချက်ပြမှုများကို သတိမပြုမိဘဲ ဝမ်းနှင့် ဆီး မတော်တဆထွက်ကျမှုမကြာခဏဖြစ်တတ်ပါသည်။
လူစီယာနာသည်ဘယ်အဆင့် မှာ အခက်အခဲရှိသလဲ။
လူစီယာနာဟာ အဆင့်၁မှာ အခက်အခဲရှိတယ်။
ဒေးဗစ်ကိုမှတ်မိပါသလား
ဒေးဗစ်ဟာ အသက်ကြီးသူပြီး ချည့်နဲ့သူဖြစ်ကာလေးချောင်းထောက်နဲ့ လမ်းလျှောက်သွားပါတယ်။ သူသည်အိမ်သာဘယ်အချိန်သွားရမည်ကို သိသော်လည်း ထိုနေရာသို့ ရောက်သည်အထိ ထိန်းထားရန် ခက်ခဲသည်။။ သူ၏ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများသည် အိမ်သာသို့ လမ်းလျှောက်ရန် အချိန်ပိုကြာသောကြောင့် ပိုမိုခက်ခဲစေသည်။ သူ့တွင် ဆီးမတော်တဆထွက်ကျမှု အနည်းငယ်ရှိခဲ့ပြီး ယခုအခါ အပြင်ထွက်ရန် စိတ်ပူနေပါသည်။
ဒေးဗစ်မှာ မည်သည့်အဆင့်တွင်အခက်အခဲရှိသလဲ။
ဒေးဗစ်သည် အဆင့်၂မှာ အခက်အခဲကြုံနေရတယ်။
ပီတာကို မှတ်မိပါသလား
ပီတာမှာ ကျောရိုးရှိပင်မအာရုံကြောဒဏ်ရာရထားသဖြင့်ခါးအောက်ရှိသူ့ခြေထောက်များလှုပ်ရှားမှုကိုမခံစားနိုင်ဘူး၊၊ ဒါ့အပြင် သူ့ရဲ့ဆီးနဲ့ ဝမ်းကိုလည်း မထိန်းချုပ်နိုင်ဘူး။
ပီတာသည် မည်သည့်အဆင့်မှာအခက်အခဲရှိသနည်း။
ပီတာသည် အဆင့်၁၊၂နှင့်၃မှာအခက်အခဲရှိတယ်။ကျောရိုးရှိပင်မအာရုံကြောဒဏ်ရာရခြင်းသည်ခန္ဓာကိုယ်အချက်ပြမှုများကို မခံစားနိုင်ခြင်း(သို့)အလိုအလျောက် မထိန်းချုပ်နိုင်ခြင်း (သို့)ဆီးအိမ် (သို့)ဝမ်းကိုမစွန့်ထုတ်နိုင်ခြင်းဖြစ်သည်ဟု ဆိုလိုသည်။။
ဂါဘရီရယ်နှင့် တွေ့ဆုံခြင်း
ဂါဘရီရယ်ဟာ အသက်ခုနစ်နှစ်ရှိပြီး သူ့မိခင်၊အစ်ကိုနဲ့အတူ နေထိုင်တယ်။ သူသည်ကစားစရာကားတွေနဲ့ နာရီပေါင်း များစွာ ကစားနေပြီး အနှောင့်အယှက်ပေးတာမကြိုက်ဘူး။ ဂါဘရီရယ်သည် စကားပြောဖို့ အခက်တွေ့နေတယ်။ သူသည်အိမ်သာသွားဖို့လိုတဲ့အခါ မငြိမ်မသက်ဖြစ်သွားပြီး သူ့အဝတ်ကို ဆွဲတင်လိုက်တယ်။ သူ့မိခင်က ဒီလက္ခဏာတွေကို အသိအမှတ်ပြုမိပြီး အိမ်သာသွားဖို့လိုတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ အိမ်သာပေါ်မှာ အချိန်အတော်ကြာထိုင်ခိုင်းဖို့ အခက်တွေ့နေတယ်။ သူ့မှာ ဝမ်းမတော်တဆထွက်ကျမှုတွေ အများကြီးရှိတယ်။
ဂါဘရီရယ်မှာ မည်သည့်အဆင့်တွင် အခက်အခဲရှိသလဲ။
ဂါဘရီရယ်သည် ကိုယ်ခန္ဓာအချက်ပြများ (အဆင့်၁) ကိုသိသော်လည်း သူသည် အဆင့် ၃မှာ အခက်အခဲကြုံနေရသည်– သင့်တော်သောနေရာ၌ဝမ်းသွားရန် အသင့်ဖြစ်နေခြင်း။
လူတွေဟာ နည်းအမျိုးမျိုးနဲ့ ဆီးဝမ်းမထိန်း နိုင်မှုဖြစ်နေကြတယ်
မေးခွန်း
မာရီနာ၊ ဆာကူရာနဲ့ ဒမ်ဘီတို့၏ဆီးဝမ်းမထိန်းနိုင်မှုဖြစ်ခဲ့တဲ့ အတွေ့အကြုံကို ဖတ်ကြည့်ပါ။ ထို့နောက် မေးခွန်းများကို ဖြေဆိုပါ။
မာရီနာနှင့် တွေ့ဆုံခြင်း
မာရီနာသည် အသက် ၅၂ နှစ်ရှိသည်။ လွန်ခဲ့တဲ့ ၂၅ နှစ်ထဲက ဒုတိယကလေးကို မွေးဖွားခဲ့တဲ့အချိန်ကစပြီး ချောင်းဆိုးတဲ့အခါ (သို့)လေ့ကျင့်ခန်းလုပ်တဲ့အခါ တစ်ခါတလေ ဆီး ယိုစိမ့်ခဲ့တယ်။
လွန် ခဲ့ သော ခြောက် လ အတွင်း မာရီနာ သည် အိမ်သာ သို့ အချိန်မီသွား ရန် အလျင်စလို သွား ရ သည် ကို သတိပြု မိ ခဲ့ သည် ။ သူမ သည် မ ကိုင်တွယ် နိုင် သောကြောင့် ဆီး ယိုစိမ့် မှု ကို ပုံမှန် ကြုံ နေ ရ သည် ။
မာရီနာသည် အိမ်သာသွားရန် ညဘက်တွင် နိုးလာပြီး ထိုနေရာသို့မရောက်မချင်း ဆက်ထိန်းထားနိုင်မည်မဟုတ်ချေ။
၁။ မာရီနာသည် ဘယ်လို ယိုစိမ့်မှုမျိုး ကြုံတွေ့နေနေလဲ။
ဆီးသည်မှန်ပါသည်။
၂။ ယိုစိမ့်မှုဘယ်လောက်ဖြစ်လေ့ရှိလဲ။
ပုံမှန်သည်မှန် ပါသည် ၊ မာရီနာသည် အချိန်မီ အိမ်သာမရောက်နိုင်သည့်အခါ ပုံမှန် ယိုစိမ့်သည်။ ဒါ့အပြင် ချောင်းဆိုးတဲ့အခါ(သို့) လေ့ကျင့်ခန်းလုပ်တဲ့အခါ ယိုစိမ့်တာကိုလည်း ကြုံတွေ့ရတယ်။
၃။ ဘယ်အချိန်မှာယိုစိမ့်တာလဲ။
နှစ်မျိုးစလုံးက မှန်ကန်တဲ့ အဖြေပါ။ မာရီနာသည် နေ့ရောညပါ ဆီး ယိုစိမ့်မှုများကို တွေ့ကြုံရသည်။
မစံပယ်နှင့် တွေ့ဆုံခြင်း
မစံပယ်ဟာ အသက် ၁၁ နှစ်ရှိပြီး သူ့မိသားစုနဲ့အတူ နေထိုင်တယ်။ မစံပယ်မှာ သူငယ်နာအကြောရောဂါရှိပြီးလှုပ်ရှားမှုတွေနဲ့ ဆက်သွယ်ရေးကို ထိန်းချုပ်ဖို့ အခက်အခဲရှိပါတယ်။မစံပယ်သည် ဆီး ယိုစိမ့်လေ့ရှိပြီး တစ်ခါတစ်ရံ နံနက်စာစားပြီးနောက် ဝမ်းများ ထွက်ကျလေ့ရှိသည်။
၁။ မစံပယ်ဟာ ဘယ်လို ယိုစိမ့်မှုမျိုး ကြုံတွေ့နေသလဲ။
နှစ်မျိုးစလုံးက မှန်ကန်တဲ့ အဖြေပါ။
၂။ ယိုစိမ့်မှုဘယ်လောက်ဖြစ်လေ့ရှိလဲ။
ရံဖန်ရံခါနှင့် ပုံမှန်နှစ်မျိုးစလုံး မှန်ကန်ကြသည်။ ဆာကူရာသည် ဆီးပုံမှန် ယိုစိမ့်ပြီး ရံဖန်ရံခါ ဝမ်းများ ထွက်ကျသည်ကို ကြုံတွေ့ရသည်။
၃။ ဘယ်အချိန်မှာယိုစိမ့်တာလဲ။
နေ့(သို့) နှစ်မျိုးစလုံး မှန်ကန်နိုင်ပါတယ်။ ဆာကူရာမှာ ညဘက်မှာ ဆီး ယိုစိမ့်နေတာ ဖြစ်နိုင်တယ်။ ဆာကူရာသည်နေ့တွင် ဝမ်းများ ထွက်ကျနေသည်။ နောက်ထပ်မေးခွန်းများမေးခြင်းက ရှင်းလင်းပြတ်သားရန် အထောက်အကူပြုမည်။
ဒမ်ဘီနဲ့ တွေ့ဆုံခြင်း
ဒမ်ဘီ သည် အသက် ၁၃ နှစ် ရှိ ပြီး သူငယ်ချင်း များ နှင့် ဘောလုံး ကစား ခြင်း ကို နှစ်သက် သည် ။ သူ့အသင်းသည် ဒေသန္တရပွဲအတွက် ဖိုင်နယ်သို့ရောက်နေပြီဖြစ်သော်လည်း ပွဲကစားရန် ခရီးရှည်ကြီးဖြစ်ပြီး ညအိပ်ရန် လိုအပ်မည်ဖြစ်သည်။ ။ ဒမ်ဘီက မကစားဖို့ ဆုံးဖြတ်ထားတဲ့အတွက် အရမ်းဝမ်းနည်းနေတယ်။ ရံဖန်ရံခါ အိပ်ရာထဲဆီးထွက်ကျပြီး ဘယ်အချိန်ဖြစ်မယ်ဆိုတာ မသိတဲ့အတွက် သူ့အိမ်ကလွဲပြီး ဘယ်မှာမှ မအိပ်ဖူးကြောင်း သူ့သူငယ်ချင်းတွေ မသိစေချင်ပါ။
၁။ ဒမ်ဘီမှာ ဘယ်လို ယိုစိမ့်မှုမျိုး ကြုံတွေ့နေသလဲ။
ဆီးသည်မှန်ပါသည်။
၂။ ယိုစိမ့်မှုဘယ်လောက်ဖြစ်လေ့ရှိလဲ။
ရံဖန်ရံခါသည်မှန်သည်။ ဒမ်ဘီသည် တစ်ခါတလေ ဆီးယိုစိမ့်တယ်။
၃။ ဘယ်အချိန်မှာယိုစိမ့်တာလဲ။
ညသည် မှန်ပါတယ်။
ဆီးမထိန်းနိုင်သူ မည်သူမဆို အကြောင်းရင်းကို အကဲဖြတ်နိုင်ပြီး မထိန်းနိုင်ခြင်းကို ကုသနည်းနှင့်/(သို့)စီမံရန် အစီအစဉ်များကို ကူညီပေးနိုင်သော ကျန်းမာရေး ပညာရှင်တစ်ဦးနှင့် ပြသရန် လိုအပ်ပါသည်။။
အသက်အရွယ်မရွေး ဆီး(သို့)ဝမ်းကို ပြန်လည်ထိန်းချုပ်နိုင်စေရန် ကျန်းမာရေးပညာရှင်တစ်ဦးမှ ကူညီပေးနိုင်သည့် နည်းလမ်းများစွာရှိသည်။ လွှဲပြောင်းခြင်းသည် အမြဲတမ်း အကြံကောင်းတစ်ခုဖြစ်သည်။။
ပြန်လည်သုံးသပ်ခြင်း
သင့်ဒေသရှိ မည်သည့်ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်ကို ဆီးဝမ်းမထိန်းနိုင်သူအား လွှဲပြောင်းပေးမည်နည်း။
သူမသည် အပြင်သွားပါက အိမ်သာတက်ရန် အချိန်မီပြန်မရောက်မှာကို စိုးရိမ်သောကြောင့် လေ့ကျင့်ခန်းသင်တန်းသွားခြင်းကိုရပ်လိုက်သည်။သူမကို ဆီးဝမ်းမထိန်းနိုင်မှုစမ်းသပ်စစ်ဆေးခြင်းအတွက် လွှဲပြောင်းပေးခဲ့တယ်။
ကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်သူက အမျိုးသမီးများတွင် ဤပြဿနာဖြစ်လေ့ရှိသော်လည်း ကုသနိုင်ကြောင်း မာရီနာအား စိတ်ချစေသည်။
သူမကိုအိမ်သာကို အလျင်စလို ပြေးဖို့ မလိုအပ်ဲပ ဆီးထိန်းရန်ဆီးအိမ် ထောက်ပံ့ပေးတဲ့ ကြွက်သားတွေ သန်မာဖို့ပြန်လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။
သူတို့သည်အကြံပြုချက် နှင့် ကုသမှုမထိရောက်မချင်းအညစ်အကြေးထိန်းပေးသည့် စုပ်ယူပစ္စည်းအချို့ကိုယာယီအသုံး ပြုခြင်းသည်သူမအားယိုစိမ့်မည်ကိုကြောက်စရာမလိုဘဲ အပြင်သို့ သွားနိုင်စေရန် အကူအညီပေးနိုင်ကြောင်းသဘောတူကြသည်
မာရီနာက အရမ်းပျော်နေတယ်။
မေးခွန်း
လှလှနှင့် တွေ့ဆုံခြင်း
လှလှသည် အသက် ၃၀ ရှိပြီး အိမ်သာသွားရန် ပြဿနာများ ရှိနေသည်။ သူသွားဖို့လိုတဲ့အချိန်ကို မခံစားမိဘူး။ သူမ သည်ဆီး နှင့်ဝမ်း များ ကို မတော်တဆ စွန့်မိ ခဲ့ သည် ။ ဒီပြဿနာတွေဟာ လွန်ခဲ့တဲ့တစ်ပတ်က စတင်ခဲ့တယ်။ အဲဒီမတိုင်ခင်မှာ အခက်အခဲ မရှိခဲ့ပဲကျန်းမာရေးကောင်းတယ်။
အ ဘယ် လုပ် ဆောင် မှု ကို သင် လုပ်ဆောင် သင့် သနည်း ။
လှလှ၏ ခွင့်ပြုချက်ဖြင့် သူမကို ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူတစ်ဦးထံစမ်းသပ်စစ်ဆေးဖို့ချက်ချင်း လွှဲပြောင်းပေးလိုက်ပါ။သူမမှာ အခြေခံကျန်းမာရေး ပြဿနာရှိနိုင်တယ်။
ဆီး(သို့)ဝမ်းများ ထွက်လာခြင်းကို ထိန်းချုပ်နိုင်မှု (သို့)ထိန်းချုပ်နိုင်စွမ်း ရုတ်တရက် ပြောင်းလဲသွားသူတိုင်းကို ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်ထံလွှဲပြောင်းပေးပါ။
လူတို့သည် ၎င်းတို့၏ မိမိကိုယ်ကို ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များကို စီမံခန့်ခွဲရန် အကူအညီရနိုင်သည့် ကွဲပြားခြားနားသော နည်းလမ်းများကို ရှာဖွေရန် ဖတ်ရှုပါ။