မိမိကိုယ်ကိုပြုစုစောင့်ရှောက်ခြင်း လှုပ်ရှားမှုများအားစီမံခန့်ခွဲခြင်း

ခေါင်းစဉ်တိုးတက်မှု -

ကလေး၊လူငယ်(သို့)လူကြီးမည်သူမဆိုအခက်အခဲရှိသူသည်-

  • ရုပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့်/(သို့)
  • တွေးတောစဥ်းစားကျွမ်းကျင်မှုများနဲ့/(သို့)
  • ဆီး နဲ့ ဝမ်းထိန်းချုပ်နိုင်မှု

တစ်နေရာ(သို့)ဒီထက်မကမှာမိမိကိုယ်ကိုပြုစုစောင့်ရှောက်ခြင်းအခက်အခဲတွေ ရှိနိုင်ပါတယ်

မိမိကိုယ်ကိုပြုစုစောင့်ရှောက်ခြင်းအခက်အခဲတွေနဲ့ ပတ်သက်ပြီးဇာတ်ကောင်အချို့နဲ့ တွေ့ဆုံကြရအောင်

ရော်နင်သည် အိပ်ရာထဲမှာ လဲလျောင်းနေတယ်။ သူ ၏ ဘယ်ဘက် လက်မောင်း နှင့် ခြေထောက် သည်ကျောက်ပတ်တီးကိုင်ထားပြီး ခြေထောက် ကို ခေါင်းအုံး တစ် လုံး ပေါ်တွင် မြှင့်တင်ထားသည် ။

ရော်နင်နှင့် တွေ့ဆုံခြင်း

ရော်နင်ဟာ လူငယ်တစ်ယောက်ဖြစ်ပြီးမကြာသေးခင်က မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်။
သူ့ရဲ့ ဘယ်လက်နဲ့ ဘယ်ခြေကျိုးသွားတယ်။ သူသည်အရိုးမကျက်သေးသဖြင့်ခြေထောက်ပေါ် ကိုယ်အလေးချိန်မတင်နိုင်သည့်အပြင် လက်မောင်းကိုလည်းမသုံးနိုင်ပါ။

သူ၏အရိုးများ ဆက်နေစဉ် အိမ်သာသွားရန်၊ ရေချိုးရန်နှင့် ဝတ်ဆင်ရန် အကူအညီလိုအပ်သည်။

မေးခွန်း

ရော်နင်ရဲ့မိမိကိုယ်ကိုပြုစုစောင့်ရှောက်ခြင်းအခက်အခဲတွေဟာအမြဲတမ်းလား (သို့)ယာယီလား။

ယာယီ ဖြစ် သည်။သူ ၏ ဒဏ်ရာ များ ကို ကုသ ပြီးသည် နှင့် လွတ်လွတ်လပ်လပ် ပြန်လည် ရွေ့လျားသွားလာနိုင်မည် ဖြစ် သောကြောင့် ဖြစ်သည် ။

စမြူးသည်  မျက်မှန်တပ်ပြီး ဝှိုက်ဘုတ်ရှေ့တွင်ရပ်ကာ ရေးထားသည့်စာများ (ရေချိုးပါ၊ နံနက်စာစားပါ၊ ကျောပိုးအိတ်ကို သတိရပါ) ဖတ်နေသည်။

ဆမ်မြူနှင့်တွေ့ဆုံခြင်း

ဆမ်မြူသည်ဆယ်ကျော်သက်အရွယ်မျိုးရိုးဗီဇကြောင့် ဥာဏ်ရည်မပြည့်သည့်ရောဂါရှိသူဖြစ်သည်။ခလုတ်နှိပ်ခြင်းနှင့် ဖိနပ်ကြိုးများချည်ခြင်းစသည့် အလုပ်များအတွက် သူ၏လက်ချောင်းများ၏ လှုပ်ရှားမှုများကို ပေါင်းစပ်လုပ်ဆောင်ရန် ခက်ခဲသည်။ဤအလုပ်များကိုကူညီရန် ဆမ်မြူသုံးသောမိမိကိုယ်ကိုပြုစုစောင့်ရှောက်နိုင်သော အကူပစ္စည်းကိရိယာများကို နောက်သင်ခန်းစာတွင်သိရှိနိုင်မည်ဖြစ်သည်။

ဆမ်မြူသည်မိမိကိုယ်ကိုပြုစုစောင့်ရှောက်ခြင်း လှုပ်ရှားမှုများကို အမြဲမမှတ်မိဘူး။သူလုပ်ရမယ့်အရာတွေကို သတိရအောင်အိမ်မှာသင်ပုန်းအဖြူနဲ့ မိုဘိုင်းလ်ဖုန်း ပရိုဂရမ်ကိုသုံးတယ်။

မေးခွန်း

ဆမ်မြူသည် သင်ပုန်းအဖြူကို အဘယ်အရာအတွက် အသုံးပြုသနည်း။

ဆမ်မြူသည်မိမိကိုယ်ကိုပြုစုစောင့်ရှောက်ခြင်း လုပ်ရမယ့် လုပ်ဆောင်မှုတွေကိုမှတ်မိအောင် သင်ပုန်းအဖြူကိုသုံးပါတယ်။

အိုင်ဒါသည်အမျိုးသမီးတစ်ဦးဖြစ်ပြီးသူငယ်ချင်းဘေးမှာ လမ်းလျှောက်သွားဖို့ တုတ်ကောက်အသုံးပြုတယ်။

ဒေါ် အေးနှင့် တွေ့ဆုံခြင်း

ဒေါ် အေးမှာ လေဖြတ်ရောဂါရှိသောကြောင့် သူ့ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းမှာ အားနည်းသွားတယ်။
သူမသည်လမ်းလျှောက်ဖို့၊ ဟန်ချက်ညီဖို့နဲ့ ဘယ်ဘက်လက်ကို အသုံးပြုဖို့ ခက်နေတယ်။ သူမသည် ပတ်ပတ်လည်ကို ပြောင်းရွှေ့သွားလာဖို့တုတ်ကောက်အသုံးပြုခဲ့တယ်။

ဒေါ် အေးသည် အိမ်သာသွားချင်သည့်အခါ ခံစားမှုရှိသည်။ ဒါပေမဲ့ အိမ်သာကို မြန်မြန်ဆန်ဆန် ပြောင်းရွှေ့ဖို့ အခက်တွေ့နေတယ်။ အိမ်သာထိုင်ခုံပေါ်ထိုင်ပြီး နောက် မတ်တတ်ပြန်ရပ်ဖို့ အကူအညီလိုတယ်။ ထို့ပြင် ရေချိုးခြင်းနှင့် အဝတ်အစားကို ဝတ်ဆင်ရာတွင်လည်း ခက်ခဲကြောင်းတွေ့ရှိရသည်။ သူမ ၏ သမီး က သူမ အား မိမိကိုယ်ကိုပြုစုစောင့်ရှောက်ခြင်းအများ စု ကို ကူညီ ပေးတယ်

မေးခွန်း

အိုင်ဒါက အိမ်သာသွားဖို့ ဘာကြောင့် အခက်တွေ့နေတာလဲ။

အိုင်ဒါသည် လမ်းလျှောက်ရန်ခက်ခဲသောကြောင့် အိမ်သာသွားရန် အခက်တွေ့နေသည်။ သူ့မှာ သွားလာလှုပ်ရှားမှုအခက်အခဲရှိတယ်

ဂျင်ဆန်သည်လက်ဝဲလက်တွင် တုတ်ကောက်ကို ကိုင်ပြီးမတ်တပ်ရပ်နေသည်။

ဂျင်ဆန်ကို မှတ်မိပါသလား

ဂျင်ဆန်သည် အသက် ၆၀ ရှိပြီး ဆီးချိုရောဂါရှိသည်။ ဂျင်ဆန်ဟာ သူ့ခြေဖဝါးမှာ အပြည့်အဝခံစားချက်မရှိသည့်အပြင်တုတ်ကောက်ကိုအသုံးပြုသည်။

အိမ်သာသွားရန် ခန္ဓာကိုယ် အချက်ပြမှုကို မခံစားရဘဲ ဆီးများ ယိုစိမ့်လာသည်ကို ခံစားရပြီး တခါတရံတွင် သူ၏ ဝမးအကုန်အစင်မသွားနိုင်ဖြစ်နေသည်ဟု ခံစားရသည်။။
ဂျင်ဆန်သည် ဝတ်စားဆင်ယင်သည့်အခါ ဇစ်များနှင့် ကြယ်သီးများတပ်ရန်ကိုလည်း ခက်ခဲကြောင်း တွေ့ရှိရသည်။ ကူညီပေးနိုင်တဲ့မိမိကိုယ်ကိုပြုစုစောင့်ရှောက်နိုင်သောအကူပစ္စည်းကိရိယာများကိုနောက်သင်ခန်းစာမှာ ရှာဖွေပါ 

မေးခွန်း

ဂျင်ဆန်သည် အိမ်သာသို့ အဘယ်ကြောင့် အောင်မြင်စွာမသွားနိုင်သနည်း။

ဂျင်ဆန်သည် အိမ်သာသွားရန် ကိုယ်ခန္ဓာအချက်ပြမှုများကို ခံစားရရန် အခက်တွေ့နေသည်။ ထို့ပြင် သူ၏ဝမ်းကို အပြည့်အဝစွန့်ထုတ်ရန်လည်း အခက်တွေ့နေသည်။

မိမိကိုယ်ကိုပြုစုစောင့်ရှောက်ခြင်းပြဿနာများသည်လူတွေအတွက်အခက်အခဲတွေကိုနည်းအမျိုးမျိုးနဲ့ဖန်တီးနိုင်ပါတယ်။

ဆွေးနွေးခြင်း

မိမိကိုယ်ကိုပြုစုစောင့်ရှောက်ခြင်း အခက်အခဲအချို့ကလူတစ်ယောက်ရဲ့ ဘဝကို ထိခိုက်နိုင်ကြောင်းကိုလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးပါ(သို့)ဆွေးနွေးပွဲ ဖိုရမ်မှာ တင်ထားပါ

အောက်ဖော်ပြပါများသည် သာမန်အကျိုးသက်ရောက်မှုအချို့ဖြစ်သော်လည်း သင့်ပတ်ဝန်းကျင်ရှိလူများနှင့် သက်ဆိုင်မှုအချို့အပါအဝင် အခြားဖြစ်နိုင်ချေများရှိပါသည်။။

မိမိကိုယ်ကို ပြုစုစောင့်ရှောက်ရန် အခက်အခဲ၏ သက်ရောက်မှုများ

  • လူအချို့သည် အကူအညီလိုသောကြောင့် ရှက်မိကြသည်။
  • လူနှင့်အကူအညီပေးသော မိသားစုဝင်များအတွက် အလုပ်များပြီးမြောက်ရန် အချိန်ပိုကြာစေသောကြောင့် အခြားအရာများအတွက် အချိန်ပိုနည်းပါသည်။
  • ဝမ်း(သို့)ဆီးမတော်တဆမှုဖြစ်သည့်အခါ အချို့လူများသည်ရှက်ကိုးရှက်ကန်းဖြစ်မှုနှင့်အရှက်ကို တွေ့ကြုံရနိုင်သည်။
  • အချို့သောလူများသည် အထီးကျန်ခြင်း (သို့) ဖယ်ထုတ်ခြင်းခံရတတ်ပြီး ကျောင်း၊ အလုပ်၊ လူမှုဘဝတွင် မပါဝင်နိုင်ကြပါ။
  • အပိုပစ္စည်းများဝယ်ရန် (သို့) အလုပ်မလုပ်နိုင်ခြင်းကြောင့် မိသားစုဝင်တစ်ဦးချင်းစီနှင့် ၎င်းတို့၏မိသားစုများအတွက် ကုန်ကျစရိတ်များရှိပါသည်။

မိမိကိုယ်ကို တတ်နိုင်သမျှ လွယ်ကူစွာ ပြုစုစောင့်ရှောက်ခြင်းသည် လူတို့၏ ဘဝအရည်အသွေးအတွက် အရေးကြီးပါသည်။။

မိမိကိုယ်ကိုပြုစုစောင့်ရှောက်ခြင်းပိုမိုလွယ်ကူစေမည့် အဓိကနည်းလမ်းသုံးရပ်ကို ကြည့်ရှုရန် ဆက်လက်ဖတ်ရှုပါ။

၁။မိမိကိုယ်ကိုပြုစုစောင့်ရှောက်နိုင်သောအကူပစ္စည်းကိရိယာများကို အသုံးပြုပါ။

မိမိကိုယ်ကိုပြုစုစောင့်ရှောက်နိုင်သောအကူပစ္စည်းကိရိယာများသည် လူတစ်ဦး၊ မိသားစုဝင်များ(သို့) ပြုစုစောင့်ရှောက်ပေးသူများအတွက် မိမိကိုယ်ကိုပြုစုစောင့်ရှောက်မှု ပိုမိုလွယ်ကူစေသည်။

နောက်သင်ခန်းစာမှာမိမိကိုယ်ကိုပြုစုစောင့်ရှောက်နိုင်သောအကူပစ္စည်းကိရိယာအမျိုးမျိုးကို သင်ယူရပါလိမ့်မယ်။

၂။ ပတ်ဝန်းကျင်ကို လိုက်လျောညီထွေဖြစ်အောင်ပြုပြင်ပါ

ပီတာသည် ဘီးတပ်ကုလားထိုင်ပေါ်ထိုင်နေပြီး ဘီးကိုလက်ဖြင့်တွန်း၍သွားလာနေသူတစ်ယောက်ဖြစ်သည်။

ပီတာကို မှတ်မိပါသလား

ပီတာမှာ ကျောရိုးရှိပင်မအာရုံကြောဒဏ်ရာရပြီးခါးအောက်တွင် လှုပ်ရှားမှုမရှိ (မရွေ့လျားနိုင်) ပေ။သူ့မှာ သန်မာတဲ့လက်တွေနဲ့ ခန္ဓာကိုယ်အထက်ဟန်ချက်ညီမှုရှိတယ်။ သူသည်ဘီးတပ်ကုလားထိုင်သုံးပြီး လွတ်လပ်စွာသွားလာနိုင်ပါတယ်။

ပီတာသည် သူ့ရဲ့ဘီးတပ်ကုလားထိုင်ကိုသုံးပြီး လှေကားပေါ်မှာတင်ထားတဲ့ဆင်ခြေလျှောမှတက်သွားတယ်။

ပီတာသည် ရေချိုးခန်းထဲသို့ဝင်ရန်ချောမွေ့သောလမ်းနှင့် ဆင်ခြေလျှောရှိသဖြင့် လွတ်လပ်စွာအသုံးပြုနိုင်သည်။

တံခါးသည် သူ၏ဘီးတပ်ကုလားထိုင်ကို အံဝင်ခွင်ကျသွားနိုင်လောက်အောင်ကျယ်ပြီး အတွင်းဘက်သို့လှည့်ရန် နေရာအလုံအလောက်ရှိသည်။

၃။ မိမိကိုယ်ကို ပြုစုစောင့်ရှောက်မှုပုံစံကို ပြောင်းလဲပါ။

အလီရှာဟာ နောက်ကနေထောက်ပံ့ပေးတဲ့ ဘီးတွေနဲ့လေးချောင်းထောက်ဖြင့်မတ်တပ်ရပ်နေတယ်။ သူ့အမေက သူ့ဘေးမှာ ဆောင့်ကြောင့်ထိုင်နေတယ်။

အလီရှာနှင့်တွေ့ဆုံခြင်း

အလီရှာ မှာ သူငယ်နာအကြောရောဂါရှိပြီးသူမရဲ့ လှုပ်ရှားမှုတွေကို ညှိနှိုင်းဖို့နဲ့ ထိန်းချုပ်ဖို့ အခက်တွေ့နေပါတယ်။ သူမ သွားလာနိုင်ဖို့ အနောက်မှထိန်းပေးသောဘီးပါသည့်လမ်းလျှောက်ဘောင်ကိုသုံးတယ်။

အလီရှာသည်လိုအပ်သည့်အခါတွင် သူမ၏မိခင်၏အကူအညီဖြင့်သူ့ကိုယ်သူတတ်နိုင်သမျှပြုစုစောင့်ရှောက်သည်။

အလီရှာသည် လက်မောင်းတင်ရန်ပါသော ကုလားထိုင်ပေါ်တွင်ထိုင်နေပြီး အနီးအနားရှိ ခုံတန်းတစ်ခုမှဝတ်စုံကို ကောက်ယူနေသည်။

သူမသည် အဝတ်အစားဝတ်ရန် ထိုင်ခုံပေါ်တွင်ထိုင်နေပြီး အနီးတွင်အဝတ်အစားများတင်ထားသောအလွယ်တကူလက်လှမ်းမီနိုင်သောအခြားထိုင်ခုံတစ်ခုရှိသည်။သူမသည်ချွတ်ရလွယ်ကူသော အဝတ်အစားများကိုလည်း အသုံးပြုသည်။

သင်သည်သင်ခန်းစာ၁ပြီးစီးပြီဖြစ်ပါသည်။

မေးခွန်းတွေ (သို့)မှတ်ချက်များ ရှိမယ်ဆိုရင် ဆွေးနွေးပွဲ ဖိုရမ်မှာ တင်ထားပါ။

ဆွေးနွေးပွဲ ဖိုရမ်