လူမှုပတ်ဝန်းကျင်တွင် အထောက်အကူပြုပစ္စည်းများကို အသုံးပြုရန် ထောက်ပံ့ပေးခြင်း

ခေါင်းစဉ်တိုးတက်မှု -

လူအများအတွက် အထောက်အကူပြုပစ္စည်းများရရှိခြင်းသည် ၎င်းတို့လိုချင်သော (သို့) လိုအပ်သည့် လုပ်ဆောင်မှုများတွင် ပါဝင်နိုင်ခြင်းအတွက် အရေးပါသည်။

သို့သော်လူတို့သည်မှန်ကန်သောအထောက်အကူပြုပစ္စည်းဖြင့်ပင် မိမိတို့ပါဝင်ပတ်သက်မှုကို ကန့်သတ်ထားသည့် အတားအဆီးများကို ရင်ဆိုင်ကြရပေမည်။

ဤအတားအဆီးများတွင် -

  • ပတ်ဝန်းကျင်အတားအဆီးများ
  • ကဲ့ရဲ့ ရှုတ်ချမှုနှင့် ခွဲခြားဆက်ဆံမှု
  • ဝင်ရောက်ကြည့်ရှုနိုင်သောသတင်းအချက်အလက်များမရှိခြင်း
  • ထောက်ပံ့ပေးသောဝန်ဆောင်မှု(သို့)မူဝါဒများ မရှိခြင်း

အထောက်အကူပြုပစ္စည်းအသုံးပြုသူများသည် အခြားသူများနှင့်တန်းတူလိုအပ်သည့် လုပ်ဆောင်မှုများတွင် ပါဝင်နိုင်ကြောင်းသေချာစေရန်လူတိုင်းတွင်တာဝန်ရှိသည်။

ခရမ်းရောင် တီရှပ်ကိုဝတ်ထားသောလီသည်မတ်တပ်ရပ်နေသည်။ သူ၏ညာဘက်တံတောင်ဆစ်သည်ကောက်နေသည်။

လီနှင့်တွေ့ဆုံခြင်း

လီသည် လေဖြတ်ပြီး သမီးနှင့်အတူ အိမ်မှာနေသည်။ လီ၏ညာဘက်သည်အားနည်းပြီး တစ်ခါတစ်ရံစကားမပီသပါ။ သူမသည် လမ်းလျှောက်သွားလာရန်တုတ်ကောက်ကိုအသုံးပြုသည်။

လေမဖြတ်မီ လီသည် ရပ်ကွက်တွင် တက်ကြွလှုပ်ရှားနေပြီးဈေးတွင် ဟင်းသီးဟင်းရွက်များကို ရောင်းချသူဖြစ်သည်။သို့သော် လေဖြတ်ပြီးနောက်ဈေးသွားသည့်အခါ ဘတ်စ်ကားစီးရန်နှင့် စျေးတွင် အမျိုးသမီးတချို့နှင့်စကားပြောဆိုရန်ခက်ခဲကြောင်းသတိပြုမိသည်။

ဘတ်စ်ကားတစ်စီးသည်ဈေးအနီးတွင်ရပ်ထားသည်။ အမျိုးသားတစ်ယောက်သည် တုတ်ကောက်ကိုင်ထားသော အမျိုးသမီအပါအဝင်လူနှစ်ယောက်အတွက် တံခါးဖွင့်ပေးနေသည်။

လီသည်တစ်ယောက်တည်းဖြစ်နေတယ်လို့ ခံစားရပြီး ဈေးသို့ မကြာခဏ မသွားဖြစ်ခဲ့ပါ။ သို့သော် တစ်နေ့တွင် ဘတ်စ်ကားမောင်းသူသည်ရွေ့လျားနိုင်သောခြေနင်းအသုံးပြုလိုက်သောအခါလီအတွက်ဘတ်စကားပေါ်တက်ဖို့ပိုမိုလွယ်ကူလာသည်။

လီ နှင့် သူမ ၏ သူငယ်ချင်း သည် ဟင်းသီးဟင်းရွက်များရောင်းချနေသောဈေးဆိုင် နောက်တွင်ဘေးချင်းယှဉ် ရပ် နေ ကြ သည် ။

ဈေးတွင်လီ၏ သူငယ်ချင်းကသူမကို ကူညီပေးခဲ့ပြီးအခြားအမျိုးသမီးများနှင့်စကားပြောရန်လီသည်နားလည်ပြီးရှင်းလင်းစွာစကားပြောဆိုနိုင်ရန်အချိန်လိုအပ်ကြောင်းရှင်းပြခဲ့သည်။ အခြားအမျိုးသမီးများမှသူမအကြောင်းနားလည်လာပြီးစကားပြောဆိုမှုတွေမှာအချိန်ပိုပေးလာကြသည်။

လီသည်ဈေးတွင်ဟင်းသီးဟင်းရွက်များကို ပုံမှန်ပြန်လည်ရောင်းချနိုင်ပြီး အခြားသူများနှင့် ပေါင်းသင်းရသည်ကိုနှစ်သက်လာသည်။

မေးခွန်း

၁။ မည်သည့်အတားအဆီးများကိုလီရင်ဆိုင်ခဲ့ရသနည်း။

၁။ လီ ရင်ဆိုင်ခဲ့ရသည်မှာ -

  • ရုပ်ပိုင်းဆိုင်ရာ အတားအဆီးများ (ဘတ်စ်ကားထဲဝင်ရန် အခက်တွေ့ခြင်း)
  • အပြုအမူဆိုင်ရာအတားအဆီးများ (ဈေးရှိ အမျိုးသမီးများသည်သူတို့၏စကားဝိုင်းမှလီကိုဖယ်ရှားခဲ့သည်)။

၂။ သူတို့မည်သို့အောင်မြင်ခဲ့ကြသနည်း။ မည်သည့် အခန်းကဏ္ဍမှပါဝင်ခဲ့ကြသနည်း။

၂။ အတားအဆီးများကိုရပ်ကွက်ရှိ လူများ၏ ကူညီထောက်ပံ့မှုဖြင့် ကျော်လွှားနိုင်ခဲ့ပါသည်။

  • ဘတ်စ်ကားမောင်းသူက လီအား ရွေ့လျားနိုင်သောခြေနင်းတစ်ခုပြုလုပ်ပေးခြင်းဖြင့်ကူညီပေးခဲ့ရာ ဘတ်စကားပေါ်တက်နိုင်ခဲ့သည်။
  • လီ ၏ သူငယ်ချင်း သည် အခြား အမျိုးသမီး များ နှင့် စကားပြော ရန် သူမ ကို ကူညီပေး ခဲ့ သည် ၊ ထို့ကြောင့် လီ သည် သူ တို့ ၏ စကားဝိုင်းတွင် ပါဝင် နိုင်ကြောင်းနားလည် စေခဲ့ သည် ။

သင်သည် သင်ခန်းစာ၄ကို ပြီးစီးခဲ့ပြီ

မေးခွန်းများ (သို့)မှတ်ချက်များ ရှိလျှင်ဆွေးနွေးပွဲ ဖိုရမ်မှာ တင်ထားပါ။

ဆွေးနွေးပွဲ ဖိုရမ်