အဓိကအကြောင်းအရာသို့ ကျော်သွားပါ။
သွားလာလှုပ်ရှားမှု

သာမန် သွားလာလှုပ်ရှားမှု ပြဿနာ

သင်ခန်းစာ- 1 ၏ 4
ခေါင်းစဉ်- 2 ၏ 3
0% ပြီးမြောက်ပါပြီ

အကြောင်းရင်းများစွာကြောင့် လူတို့သည် လှုပ်ရှားသွားလာရန် အခက်တွေ့နိုင်သည်။

အောက်တွင်ဖြစ်လေ့ရှိသောအကြောင်းရင်းအချို့ကို ဖော်ပြထားသည်။

ချည့်နဲ့မှု (သို့)အားနည်းမှုရှိသူ

ချည့်နဲ့မှု (သို့) အားနည်းမှုရှိသူတစ်ဦးသည် ဟန်ချက်ညီရန်နှင့် ပတ်ဝန်းကျင်သို့ သွားလာပြောင်းရွှေ့ရန်ခက်ခဲပေမည်။

နာကျင်မှု (သို့) တောင့်တင်းမှု

နာကျင်မှု(သို့) တောင့်တင်းမှုသည် လူတစ်ယောက်အား မည်မျှ ရွေ့လျားသွားလာနိုင်သည်ကို ကန့်သတ်နိုင်သည်။

ဥပမာ ၊ အရိုးအဆစ်ရောင်ရမ်းနာ (နာကျင်စေသော အဆစ်များ) သည် လူတစ်ဦး မတ်တတ်ရပ်နိုင်ခြင်း (သို့) လမ်းလျှောက်နိုင်ခြင်းမှ ရပ်တန့်သွားစေနိုင်သည်။

အသက်ကြီးသည့် အမျိုးသမီး ကာလီသည် လက်ထောက်ကို အသုံးပြုပြီး ရပ်နေသည်။

ဒေါ်လီလီနှင့်တွေ့ဆုံခြင်း

ဒေါ် လီလီသည် ချည့်နဲ့ခြင်းနှင့်အဆစ်ရောင်ရောဂါရှိသည်။ သူမတွင်တင်ပဆုံနှင့်ဒူးဆစ်ရံဖန်ရံခါ နာကျင်မှုရှိပြီး လမ်းလျှောက်ရာတွင် နာကျင်စေသည်။

အောက်ပိုင်းသေခြင်း

အောက်ပိုင်းတုံ့ဆိုင်းခြင်းသည် ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုကို ရွေ့လျားနိုင်စွမ်းမရှိခြင်းဖြစ်သည်။

ဥပမာ၊ ကျောရိုးရှိပင်မအာရုံကြောဒဏ်ရာရသူများသည် အများအားဖြင့် ခြေထောက်များလှုပ်ရှားမှုတုံ့ဆိုင်းသွားတတ်ကြသည်။ လူတစ်ယောက်သည် ခြေထောက်များလှုပ်ရှားမှုတုံ့ဆိုင်းသွားပါကမတ်တပ်ရပ်၍ လမ်းမလျှောက်နိုင်ပါ။

ပီတာသည် ဘီးတပ်ကုလားထိုင်ပေါ်ထိုင်နေပြီး ဘီးကိုလက်ဖြင့်တွန်း၍သွားလာနေသူတစ်ယောက်ဖြစ်သည်။

ပီတာကို မှတ်မိပါသလား

ပီတာသည် ကျောရိုးရှိပင်မအာရုံကြော ထိခိုက်ဒဏ်ရာရပြီး ခါးအောက်ပိုင်းမလှုပ်ရှားနိုင်တေ့ာပေ၊သူ့တွင်အကူပစ္စည်းမပါလျှင် သွားလာလှုပ်ရှား မှု ပြဿနာအမြဲတမ်း ရှိ နေ ပါ သည်။

ခြေထောက်ဖြတ်ခြင်း

ခြေထောက် သို့မဟုတ် ခြေဖဝါးဖြတ်ထားသူများသည် သွားလာလှုပ်ရှားမှုအတွက်အထောက်အကူပြု ပစ္စည်းကိရိယာများကို အသုံးပြု၍သွားလာနိုင်သည်။

အာဆစ်သည် လက်ထောက်နှစ်ဖက်ဖြင့် လှုပ်ရှားသွားလာနေသူတစ်ယောက်ဖြစ်သည်။သူ၏ညာဖက်ခြေထောက်သည် ဒူးအောက်မှဖြတ်ထားရသည်။

အာဆစ်ကို မှတ်မိပါသလား

အာဆစ်သည် ညာဒူးအောက်ဖြတ်ထားသည်။

ဟန်ချက်မညီခြင်း (သို့)ချိတ်ဆက်ဆောင်ရွက်နိုင်မှုအားနည်းခြင်း

ဟန်ချက်မညီခြင်း (သို့)ချိတ်ဆက်ဆောင်ရွက်နိုင်မှုအားနည်းသူများသည် ပတ်ဝန်းကျင်တွင် လှုပ်ရှားသွားလာရန် အခက်အခဲရှိနိုင်သည့်အပြင် လဲကျဖို့လည်း အန္တရာယ်ရှိနိုင်သည်။ သင့်တော်သောဖိနပ်များစီးရန်အကြံဉာဏ်ပေးခြင်းက လဲကျခြင်းအန္တရာယ်ကို လျော့နည်းစေနိုင်သည်။

ဟန်ချက်မညီခြင်း (သို့)ချိတ်ဆက်ဆောင်ရွက်နိုင်မှုအားနည်းသူတွေဟာ ထောက်ပံ့မှုမပါဘဲ မတ်မတ်ထိုင်နိုင်မှာ မဟုတ်ပါ။

အလီရှာသည် နောက်ဖက်မှထိန်းပေးသည့် ဘီးပါသည့်လမ်းလျှောက်ဘောင်ဖြင့် မတ်တပ်ရပ်နေသည့်မိန်းကလေးငယ်တစ်ဦးဖြစ်သည်။ သူမသည် ခြေတစ်ဖက်စီတွင် သင့်တော်သောအကူပစ္စည်းနှင့် ဖိနပ်ကိုဝတ်ဆင်ထားသည်။

အလီရှာနှင့်တွေ့ဆုံခြင်း

အလီရှာ ရှိတယ် သူငယ်နာအကြောရောဂါ သူမရဲ့ လှုပ်ရှားမှုတွေကို ညှိနှိုင်းထိန်းချုပ်ဖို့ ခက်ခဲပါတယ်။ သူမ လှုပ်ရှားဖို့ အကူအညီ လိုအပ်ပါတယ်။

သင်ခန်းစာ၃တွင်သင့်တော်သောဖိနပ်များအကြောင်း လေ့လာနိုင်ပါသည်။

အာရုံခံစားမှုနှင့်ပတ်သက်သောပြဿနာများ (ထိတွေ့ခံစားမှု)

လူတစ်ယောက်၏ခြေထောက် (သို့)ခြေဖဝါးတွင် အာရုံခံစားမှုမရှိခြင်းသည် သွားလာလှုပ်ရှားမှုနှင့် လဲကျခြင်းအန္တရာယ်များကိုပိုမို ဖြစ်စေနိုင်သည်။

ခြေဖဝါးတွင်အာရုံခံစားမှုပြဿနာ ရှိသူ များသည် ထိခိုက်ဒဏ်ရာရ ခြင်း (သို့) ခြေဖဝါး ဒဏ်ရာ ဖြစ်ပေါ်လာနိုင်သည်။

နောက်ခေါင်းစဉ်တွင်ခြေဖဝါးဒဏ်ရာများနှင့်ပတ်သက်သောအချက်အလက်များလေ့လာနိုင်ပါသည်။

ခြေဖဝါးတွင်အာရုံခံစားမှုအခက်အခဲရှိသူ မည်သူမဆိုသင့်တော်သောဖိနပ်များစီးရန်အမြဲ တိုက်တွန်းပါ။

အသက်ကြီးသူ မာသီယပ်စ်သည် သူ့ရှေ့တွင် လမ်းလျှောက်ဘောင်ထားပြီးခုံတန်းရှည်တွင်ထိုင်နေသည်။

မာသီယပ်စ်ကို မှတ်မိပါသလား

ဦးမှတ်သည်ချည့်နဲ့နေသူဖြစ်ပြီးဆီးချိုရောဂါကြောင့် ခြေဖဝါးတွင် အာရုံခံစားမှုပြဿနာများရှိသည်။ သူသည်လမ်းလျှောက်ဘောင်ကို အသုံးပြုပြီးဘေးကင်းစွာဖြင့်လမ်းလျှောက်သည်။

တတ်နိူင်သမျှသွားလာလှုပ်ရှားခြင်းသည် ကျန်းမာရေးကောင်းရန်နှင့်ပူးပေါင်းပါဝင်ဆောင်ရွက်ရန်အတွက်အလွန်အရေးကြီးပါသည်။

သွားလာလှုပ်ရှားနိုင်ရန်အခက်အခဲရှိသူများသည် အောက်ပါများမှတစ်ဆင့်သွားလာလှုပ်ရှားနိုင်စွမ်းကို မြှင့်တင်နိုင်ပါသည်-

  • သွားလာလှုပ်ရှားမှုအတွက်အထောက်အကူပြု ပစ္စည်းကိရိယာများ
  • ပြန်လည်ထူထောင်ရေး(လိုအပ်ပါက)
  • ဝင်ရောက်ကြည့်ရှုနိုင်သည့်ပတ်ဝန်းကျင်။

ရိုဘာတိုသည် ‌သွားလာလှုပ်ရှားမှုကသူ့အတွက် မည်သို့အဓိပ္ပာယ်ရှိသည်ကို ရှင်းပြနေသောဗီဒီယိုကို ကြည့်ပါ။