
ခြေဖဝါး ဒဏ်ရာ တစ် ခု သည်ခြေဖဝါး မည်သည့် နေရာ တွင် မဆို အရေပြား စုတ်ပြဲ ခြင်း ဖြစ် သည် ။
အောက်ပါတို့ကြောင့် ဖြစ်ပေါ်လာနိုင်ပါသည်-
- ဥပမာ၊ထက်မြက်သည့်အရာဝတ္ထုတစ်ခုကို နင်းခြင်းမှရရှိသော ခြေဖဝါးဒဏ်ရာ
- ဥပမာ၊ အံဝင်ခွင်ကျမဖြစ်သည့် ဖိနပ်ကြောင့်ဖြစ်သောဖိအား သို့မဟုတ် ပွတ်တိုက်ခြင်း
ခြေဖဝါးဒဏ်ရာက သွားလာလှုပ်ရှားမှုကို ဆုံးၡုံးစေနိုင်သည်။ ကူးစက်ခံရသောဒဏ်ရာများသည်ခြေထောက်ဖြတ်ခြင်းနှင့် သေခြင်းကိုပင် ဖြစ်စေနိုင်သည်။
ဆွေးနွေးခြင်း
တစ်ကမ္ဘာလုံးတွင် စက္ကန့် ၃၀ တိုင်းတွင် ဆီးချိုရောဂါကြောင့် ခြေဖဝါးဒဏ်ရာရပြီးခြေထောက်ဖြတ်ပစ်မှုရှိသည်ဟု ခန့်မှန်းသည်။
- ခြေဖဝါးဒဏ်ရာရနိုင်သူကို သိပါသလား။
- ၎င်းသည်မည်သို့အစပြုခဲ့ကြောင်း သင်သိပါသလား။
- ၎င်းကိုမည်သို့စီမံခန့်ခွဲခဲ့သနည်း။
- အနာကျက်ပါသလား(သို့) ပိုမိုဆိုးရွားလာပါသလား။
ခြေထောက်ဖြတ်ခြင်းကို အောက်ပါတို့ဖြင့်ရှောင်ရှားနိုင်သည်–
ခြေဖဝါးတွင်ဖြစ်သောအနာမျာကာကွယ်ခြင်းသို့မဟုတ်- ခြေဖဝါး ဒဏ်ရာ များ ဖြစ် ပေါ်လာ သည်နှင့်ခွဲခြား သတ်မှတ် ပြီး ကုသ ပေး ခြင်း ။
ခြေဖဝါးဒဏ်ရာများဖြစ်ရသည့် အကြောင်းနှင့်ဖြစ်နိုင်ခြေအများဆုံးရှိသူများအကြောင်း ပိုမိုသိရှိရန်ဆက်လက်ဖတ်ကြည့်ပါ။
ခြေဖဝါး ဒဏ်ရာ များ သည် အောက်ပါ ကျန်းမာရေး ပြဿနာ ရှိ သူ များ တွင်ပြဿနာ တစ် ခု ဖြစ် နိုင် သည် ။
ခြေဖဝါးတွင်အာရုံခံစားမှု ပြဿနာရှိသူများ
ခြေဖဝါးတွင်အာရုံခံစားမှုပြဿနာရှိသူသည် နာကျင်မှု၊ ဖိအား၊ အပူ (သို့) ထိခိုက်မှုများကိုခံစားနိုင်ခြင်းမရှိပါ။
ခြေဖဝါးတွင် အာရုံခံစားမှုမရှိသူတစ်ဦးသည် ခြေဖဝါးကို ထိခိုက်မိသည့်အခါ ထိခိုက်သည်ဟု မခံစားရသောကြောင့်ခြေဖဝါးဒဏ်ရာရရှိနိုင်မှုပိုများခြင်းဖြစ်သည်။
ဆီးချိုရောဂါ၊ အနာကြီးရောဂါ၊ ကျောရိုးရှိပင်မအာရုံကြောဒဏ်ရာရသူများသည်ခြေဖဝါးတွင် အာရုံခံစားမှုများ လျော့နည်းသွားတတ်သည့် အတွက် ခြေဖဝါးဒဏ်ရာရရှိနိုင်သည်။
အရက်အလွန်အကျွံသောက်သုံးသူအချို့သည်လည်း မိမိတို့၏ခြေဖဝါးတွင် ခံစားမှု လျော့နည်းသွားပြီး အန္တရာယ်ရှိနိုင်သည်။
ခြေဖဝါး တွင် ခံစားမှုမရှိ သူ မည်သူမဆို ဖိနပ်မ စီး ဘဲ လမ်းလျှောက် ခြင်း သည် ထိခိုက် ဒဏ်ရာ ရ ခြင်း နှင့် ခြေဖဝါးအနာဖြစ်နိုင်သည့် အန္တရာယ် ကို တိုးများ စေသည် ။

မေးခွန်း
ဂျိုစီနာမှာ အသက် ၄၅ နှစ်ရှိပြီး ဆီးချိုရောဂါရှိသည်။ သူ့ခြေဖဝါးမှာ သွေးစီးဆင်းမှုလျော့နည်းနေပြီးအာရုံခံစားမှုနည်းပါးသည်။
ဂျိုစီနာသည် တံငါသည်တစ်ယောက်ဖြစ်ပြီး ကမ်းခြေနှင့် လှေပေါ်တွင်အချိန်အများဆုံးကုန်ဆုံးသည်။သူမသည်ဖိနပ်မစီးပဲသွားလာလေ့ရှိသည်။
ဂျိုစီနာသည် ခြေဖဝါးဒဏ်ရာရဖို့ အန္တရာယ်ရှိသလား။
ဂျိုစီနာသည် အာရုံခံစားမှုလျော့နည်းသည့်အပြင် ဖိနပ်မစီးသောကြောင့် အန္တရာယ်အတော်အသင့်ရှိသည်။သူမသည်ဖိနပ်မစီးပဲကမ်းခြေ၊ရေထဲ (သို့) လှေပေါ်မှာ သွားလာခြင်းသည်ခြေဖဝါးဒဏ်ရာရစေနိုင်သည်။ သွေးစီးဆင်းမှုလျော့နည်းခြင်းကအနာကျက် နှေးခြင်းနှင့် ကူးစက်ရောဂါအန္တရာယ်ကို တိုးများစေပါလိမ့်မည်။
သွေးစီးဆင်းမှုလျော့နည်းခြင်း
ခြေဖဝါးသို့သွေးစီးဆင်းမှု လျော့နည်းလာသည့် အခါ ခြေဖဝါးဒဏ်ရာကုသဖို့ အချိန်ပိုကြာပြီး ရောဂါကူးစက်နိုင်သောအန္တရာယ် ပိုများလာမည်။
လူများတွင်ဆီးချိုရောဂါ၊ နှလုံး(သို့) ကျောက်ကပ်ရောဂါရှိပါက သွေးစီးဆင်းမှုကို လျော့နည်းစေသည်။
ဆေးလိပ်သောက်သူများတွင်လည်း သွေးစီးဆင်းမှုကို လျော့နည်းစေနိုင်တယ်။

ရာဗီအကြောင်း
ရာဗီသည် ဆီးချိုရောဂါရှိသော အသက်ကြီးသူတစ်ဦးဖြစ်သည်။ သူ့အိမ်ထဲရှိ ဖန်ကွဲကို တက်နင်းမိသည်။သူ့တွင်အာရုံခံစားမှု လျော့နည်းနေသည့် အတွက်ပြတ်ရှမှုကို ရက်အနည်းငယ်သတိမထားမိခဲ့ပါ။ သတိပြုမိချိန်တွင် ပြတ်ရှမှုကိုကုသရန်ကြိုးစားခဲ့သည်။
ရာဗီသည် ဆီးချိုရောဂါကြောင့် ခြေဖဝါးသို့ သွေးစီးဆင်းမှု လျော့နည်းနေသဖြင့် ဒဏ်ရာမပျောက်ပဲ ရောဂါကူးစက်လာကာအလွန်ဖျားနာလာလေသည်။
ရာဗီကိုမိသားစုက ဆေးရုံခေါ်လာပြီး ရောဂါပိုးမွှားမပျံ့နှံ့စေရန် သူ၏ခြေဖဝါးနှင့်ခြေထောက် အောက်ပိုင်းကို ဖြတ်ပစ်ရန်လိုကြောင်းသိရှိခဲ့သည်။ မဖြတ်ပါက ရာဗီကွယ်လွန်သွားနိုင်သည်။
မေးခွန်း
ခြေဖဝါးတွင်ဖြစ်သောအနာများ ကိုကြိုတင် ကာကွယ်ခြင်းဖြင့်ခြေထောက်ဖြတ်တောက်မှုကို လျှော့ချဖို့ကူညီပေးနိုင်ပါတယ်
ရာဗီကို ခြေဖဝါးဒဏ်ရာမရအောင် ကူညီပေးနိုင်တဲ့ တချို့အရာတွေက ဘာတွေလဲ။
- ဒဏ်ရာကို နေ့စဉ် စစ်ဆေးခြင်းအပါအဝင် သူ့ခြေဖဝါးကို မည်သို့ ကြည့်ရှုစောင့်ရှောက်ရမည်ကို ရာဗီအား ပညာပေးခြင်း
- သူ၏ခြေဖဝါးကိုကာကွယ်ရန် သင့်တော်သောဖိနပ်များကို အိမ်တွင်းနှင့် အိမ်ပြင်တွင် စီး၍သွားလာခြင်း
ခြေဖဝါး ဒဏ်ရာ များ ကို စောလျင်စွာ ဖော် ထုတ် ခြင်း နှင့် ကုသ ခြင်း သည် ခြေထောက်ဖြတ် မှု များ ကို လျှော့ချ ရန် အခြား နည်း တစ် နည်း ဖြစ် သည် ။
မည်သည်ကရာဗီကို ခြေထောက်မဖြတ်ရန် ကူညီပေးခဲ့သနည်း။
- ရာဗီသည် သူ၏ခြေဖဝါးနာကျင်သည်နှင့်တစ်ပြိုင်နက် ဒေသန္တရကျန်းမာရေးဆေးခန်းသို့ သွားနိုင်ခဲ့ခြင်း
- ကျန်းမာရေး ဝန်ထမ်း များ၏ပုံမှန် ကုသ မှု နှင့် သူ ၏ ခြေဖဝါး ဒဏ်ရာ ကို စောင့် ကြည့် ခြင်း
- ဆီးချိုရောဂါကိုပုံမှန်စစ်ဆေးကုသခြင်း
ပုံမှန်မဟုတ်သော ခြေဖဝါးပုံစံ၊ ခြေချောင်း (သို့) ခြေဖဝါးဖြတ်ခြင်း
ကျွန်ုပ်တို့ရပ်နေသည့်အခါ ကိုယ်ခန္ဓာအလေးချိန်သည် မြေပြင်ပေါ် ရှိခြေဖဝါးမှတစ်ဆင့် ညီမျှစွာပျံ့နှံ့သွားသည်။
လမ်းလျှောက်သည့်အခါ ခြေလှမ်းတိုင်းအတွက်ခြေဖဝါးသည် လူတစ်ဦး၏ ကိုယ်အလေးချိန် စုစုပေါင်း ၁ဆခွဲကိုသယ်ဆောင်သည်။ကိုယ်အလေးချိန် မျှတစွာပျံ့နှံ့စေခြင်းသည်အရေးကြီးသည်။
ခြေဖဝါးပုံစံမမှန်ခြင်းက ခြေဖဝါးအစိတ်အပိုင်းများအပေါ် ဖိအားများလွန်းစေနိုင်ပြီး ခြေဖဝါးဒဏ်ရာရစေနိုင်သည်။
ပုံမှန်မဟုတ်သော ခြေချောင်းသို့မဟုတ် ခြေဖဝါးရှိသူများ(သို့) ခြေချောင်းဖြတ်ထားသူများသည် ကိုယ်အလေးချိန်သယ်သည့်အခါ ဖိအားကြောင့် ခြေဖဝါးဒဏ်ရာရရန် အန္တရာယ်ရှိသည်။

ရူဘီနှင့်တွေ့ဆုံခြင်း
ရူဘီသည် အသက် ၅၅ နှစ်ရှိပြီး ဆီးချိုရောဂါရှိသည်။ သူမသည်ရောဂါကူးစက်ခံရသောခြေဖဝါးဒဏ်ရာကြောင့် ခြေချောင်းဖြတ်ထားရသည်။
ရူဘီသည်ယခင်က ခြေဖဝါး၂ဖက်လုံးဖြင့် ကိုယ်အလေးချိန်ကိုထိန်းညှိသွားလာနိုင်သော်လည်း ယခုအခါ ကျန်ရှိသည့် ခြေဖဝါးအစိတ်အပိုင်းဖြင့် ထိန်းညှိသွားလာရသည်။
သူမ ၏ ကျန် ရှိ သော ခြေဖဝါး အပေါ် ဖိအား တိုး လာ ခြင်း ကြောင့် နောက်ထပ် ခြေဖဝါး ဒဏ်ရာ ရရှိ ရန် အန္တရာယ် ရှိ နေ သည် ။
ရူဘီသည်ဆီးချိုရောဂါကို ပုံမှန်ကုသနေသည်။ သူမ သည် နောက်ထပ် ခြေဖဝါး ဒဏ်ရာ ရရှိ နိုင် သည့် အန္တရာယ် ရှိ နေ သောကြောင့် ဆီးချိုရောဂါ အထူးကုဆေးခန်း ကို လည်း ပြသ ခဲ့ သည် ။ နောက်ထပ် ခြေဖဝါး ဒဏ်ရာ ကို ကာကွယ် ရန် ၊ ရူဘီ ကို သူမ ၏ ကျန် ရှိ သော ခြေဖဝါး အပေါ် ဖိအား ကို လျှော့ချ ရန် ကူညီ ပေး သော အထူး ဖိနပ် တစ် ရံထောက်ပံ့ ပေး ခဲ့ သည် ။ ၎င်းကို ဝန်လျှော့ဖိနပ်ဟုခေါ်သည်။ ထို့ပြင် သူ၏ခြေဖဝါးဖိအားကို လျော့နည်းစေရန် လက်ထောက်များဖြင့်သွားလာစေသည်။
သင်သည်သင်ခန်းစာ၁ပြီးစီးပြီဖြစ်ပါသည်။
နောက်သင်ခန်းစာတွင် သွားလာလှုပ်ရှားမှုအတွက်အထောက်အကူပြု ပစ္စည်းကိရိယာများအမျိုးမျိုးကို သင်ယူရပါလိမ့်မည်။