စစ်ဆေးအကဲဖြတ်ခြင်း

ခေါင်းစဉ်တိုးတက်မှု -

စစ်ဆေးအကဲဖြတ်ခြင်းသည် အိမ်သာ (သို့)ရေချိုးခန်းသုံးကုလားထိုင်တစ်ခုပေးအပ်ခြင်းအတွက် အရေးကြီးသော ပထမအဆင့်ဖြစ်သည်။

ပုံစံမရှိသေးဘူးဆိုရင် စစ်ဆေးအကဲဖြတ်ချက်ပုံစံကိုကူးယူပြီးမိတ္တူတစ်စောင်အဖြစ်ပြုလုပ်ပါ။

ပုံစံကိုဒေါင်းလုဒ်လုပ်၍မရပါက စိတ်မပူပါနှင့်။ ဤသင်ခန်းစာကို သင်ယူစဉ်တွင် ပုံစံပေါ်ရှိ မေးခွန်းတစ်ခုစီကို ပြထားသည်။

ဤ TAP ပုံစံသည် ဤမော်ဂျူးကိုပံ့ပိုးရန် ဖန်တီးထားသော နမူနာအကဲဖြတ်ပုံစံဖြစ်သည်ကို သတိရပါ။

သင်၏လုပ်ငန်းတွင်မတူညီသောပုံစံကို အသုံးပြုပါက၎င်းကို သင့်ကြီးကြပ်ရေးမှူးနှင့် ဆွေးနွေးပါ။

အိမ်သာနှင့် ရေချိုးရန်သုံးသောကုလားထိုင် စမ်းသပ်စစ်‌ဆေးခြင်း ပုံစံက သင်နှင့်လူတစ်ယောက်ကို ကူညီပေးဖို့ မေးခွန်းတွေကနေတစ်ဆင့် လမ်းညွှန်ပေးပါလိမ့်မယ်။

  • အိမ်သာသွားခြင်း (သို့)ကိုယ်တိုင်ရေချိုးခြင်း ခက်ခဲရသည့် အကြောင်းရင်းများနှင့်းအိမ်သာသုံးကုလားထိုင် (သို့) ရေချိုးခန်းသုံကုလားထိုင်က ကူညီပေးနိုင်လိမ့်မည်ကိုနားလည်စေသည်။
  • အိမ်သာ(သို့)ရေချိုးရန်သုံးသောကုလားထိုင်ကို ဘယ်နေရာမှာဘယ်လိုအသုံးပြုမလဲဆိုတာ စီစဉ်ပါ။
  • ထိုလူအတွက် အိမ်သာ (သို့)ရေချိုးခန်းသုံးကုလားထိုင်၏ အရေးကြီးသောသွင်ပြင်လက္ခဏာများကို ရွေးချယ်ပါ။

ပုံစံအဆုံးတွင် လှုပ်ရှားမှုအစီအစဉ်တစ်ခုကို မှတ်တမ်းတင်နိုင်သည်။ ယင်းတွင် အခြားအထောက်အကူပြုပစ္စည်းများနှင့်/(သို့)တခြား ဝန်ဆောင်မှုများသို့လွှဲပြောင်းခြင်း များပါဝင်သည်။

TAP အိမ်သာနှင့် ရေချိုးရန်သုံးသောကုလားထိုင်များ စမ်းသပ်စစ်‌ဆေးခြင်း ပုံစံစာမျက်နှာတစ်ခု။

ဤပုံစံကို မြင်ပါက ထိုသူသည်လွှဲပြောင်းပေးဖို့လိုအပ်သည်ဟု ဆိုလိုသည်။

အကယ်၍ သူ့တွင် အိမ်သာ (သို့)ရေချိုးခန်း သုံးကုလားထိုင် ရှိပြီးသားဖြစ်ပါက၊ ၎င်းတို့၏ အိမ်သာ (သို့)ရေချိုးခန်းသုံးကုလားထိုင်သည် ၎င်းတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးရန် အကဲဖြတ်မှု လုပ်ငန်းစဉ်ကို အသုံးပြုပါ။

၎င်းတို့၏ အိမ်သာ (သို့)ရေချိုးခန်းသုံးကုလားထိုင်ကို ချိန်ညှိရန်၊ ပြုပြင်ရန် (သို့)အစားထိုးရန် လိုအပ်နိုင်သည်။

စမ်းသပ်စစ်‌ဆေးခြင်းဆောင်ရွက်ရန်ထိုသူနဲ့အတူထိုင်ဖို့ တိတ်ဆိတ်တဲ့သီးသန့် နေရာကို ရှာပါ။

ထိုသူကိုမေးခွန်းတချို့မေးမယ့်အကြောင်းရှင်းပြပါ။ သူတို့ရဲ့အဖြေတွေက သူတို့နဲ့အတူအစီအစဥ်ဆွဲဖို့ သင့်ကို ကူညီပေးပါလိမ့်မယ်။

ဖြစ်နိုင်ပါက မိသားစုဝင်များ (သို့)ပြုစုစောင့်ရှောက်သူများပါဝင်ပါစေ။

ခြေထောက်အောက်ဖြတ်ထားတဲ့ အမျိုးသားတစ်ယောက် ဆေးခန်းခုတင်ပေါ်မှာထိုင်ပြီး အမျိုးသမီးနှစ်ယောက်နဲ့ စကားပြောနေတယ်။

လူတစ်ဦးနှင့်ပတ်သက်သည့်အချက်အလက်များ

TAP အကဲဖြတ်မှု၏ ပထမအပိုင်းတွင် ၎င်းတို့၏အမည်၊ ကျား၊ မ၊ အသက်၊ တယ်လီဖုန်းနှင့် လိပ်စာတို့အပါအဝင်ဆက်သွယ်ရန်အချက်အလက်များကို စုဆောင်းခြင်းပါဝင်သည်။

လိင်၊ အသက်အရွယ်နဲ့ ကိုယ်အလေးချိန်အပါအဝင်ပတ်သက်တဲ့ ယေဘုယျအချက်အလက်တွေကို စုဆောင်းခြင်းဖြင့် စတင်ပါ။

'လူတစ်ယောက်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်' စမ်းသပ်စစ်‌ဆေးခြင်း ပုံစံပါ။

ကိုယ်အလေးချိန်

ထိုသူ၏ကိုယ်အလေးချိန်ကိုလည်း မှတ်တမ်းတင်ဖို့လိုသည်။ သူတို့မသိပါပဲသင့်တွင်လည်း ပေါင်ချိန်စက်များမရှိပါက ခန့်မှန်းနိုင်သည်။

ကိုယ်အလေးချိန်စမ်းသပ်စစ်‌ဆေးခြင်းအပိုင်း။အနီရောင်ဖြင့် ဝိုင်းထားသည်။

တူညီသော အိမ်သာနှင့် အိမ်သာသုံးကုလားထိုင်ပုံပါသည့် ဘူးတစ်ခု။ စာသား ကျစ်ကျစ်လစ်လစ်။ အမြင့် ချိန်ညှိနိုင်သည်။ အလေးချိန်ကန့်သတ်ချက်၁၃၀ ကီလိုဂရမ်ကိုဝိုင်းထားသည်။

မေးခွန်း

ထိုသူ၏ကိုယ်အလေးချိန်ကို မှတ်သားရန် အဘယ်ကြောင့်အရေးကြီးသနည်း။

အိမ်သာနှင့် ရေချိုးခန်းသုံးကုလားထိုင်များတွင် ဘေးကင်းစွာ သုံးနိုင်ရန် အလေးချိန်ကန့်သတ်ချက်ရှိသောကြောင့် လူ၏အလေးချိန်သည် အရေးကြီးပါသည်။

စမ်းသပ်စစ်‌ဆေးခြင်း အင်တာဗျူး

အကဲဖြတ်အင်တာဗျူး၏ ပထမအပိုင်းတွင် ထိုသူသည် အိမ်သာသွားရန် အဘယ်ကြောင့် ခက်ခဲရသနည်းဆိုသည်ကို စူးစမ်းလေ့လာသည်။

အကြောင်းရင်းများကို နားလည်ခြင်းသည်အိမ်သာ (သို့) ရေချိုးခန်းသုံးကုလားထိုင်က အကူအညီဖြစ်မဖြစ် (သို့)အခြားဖြေရှင်းနည်းတစ်ခု လိုအပ်ခြင်းရှိမရှိ ဆုံးဖြတ်ရာတွင် ကူညီပေးပါမည်။

မေး– သင့်မှာ အိမ်သာသွားဖို့(သို့)ကိုယ့်ကိုယ်ကိုယ် ဆေးကြောဖို့ ဘာကြောင့် အခက်အခဲရှိသလဲ။

အိမ်သာသွားဖို့ (သို့)ကိုယ့်ကိုယ်ကိုယ် ဆေးကြောဖို့ ဘာကြောင့် အခက်တွေ့ရသလဲ။ စမ်းသပ်စစ်‌ဆေးခြင်း ပုံစံအပိုင်း

ပထမဦးဆုံး ပတ်ဝန်းကျင်အကြောင်းရင်းတချို့ကို သုံးသပ်ကြည့်ပါစို့။

ပတ်ဝန်းကျင်အတားအဆီးများ

ပတ်ဝန်းကျင်အတားအဆီးများ စမ်းသပ်စစ်‌ဆေးခြင်း ပုံစံအပိုင်း

လူ တွေ မှာ အခက်အခဲ ရှိ နိုင် ပါ တယ် ဘာ ကြောင့် လဲဆို တော့-

  • အိမ်သာ (သို့)ရေချိုးတဲ့နေရာအကွာအဝေးက သိပ်ဝေးလွန်းခြင်း
  • အိမ်သာ(သို့)ရေချိုးတဲ့နေရာဆီ သွားတဲ့လမ်းကို မရောက်နိုင်ခြင်း
  • အိမ်သာ (သို့)ရေချိုးသည့်နေရာသို့ သွားသောလမ်းသည် သွားလာ၍မရခြင်း

မေးခွန်း

ပတ်ဝန်းကျင်အတားအဆီးများရှိပါက မည်သည့် လုပ်ဆောင်မှုများက အကူအညီဖြစ်စေနိုင်သနည်း။

မကြည့်ခင် သင့်အဖြေကို စဉ်းစားကြည့်ပါ။

  • အိမ်သာ(သို့)ဆေးကြောတဲ့နေရာကို အနီးကပ်ထားပါ (သို့) အတားအဆီးတွေကို ဖယ်ရှားပါ။ ဥပမာ- တံခါးဝကို ထပ်ချဲ့ပါ (သို့)တံခါးဝတွင်ဆင်ခြေလျှောတပ်ပါ။
  • အိမ်သာ (သို့) ရေချိုးခန်သုံးကုလားထိုင်ကို သီးသန့်နေရာ (အိမ်သာ (သို့)ရေချိုးသည့်နေရာ) တွင် တပ်ဆင်ပါ။

ပတ်ဝန်းကျင် အတားအဆီး များ ကို ဖယ်ရှား ခြင်း အပြင် အိမ်သာ (သို့)ရေချိုးခန်းသုံး ကုလားထိုင် တစ် ခု သည် လည်း အသုံးဝင် နိုင် ကြောင်း သတိရ ပါ ။

အခုလူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်တွေကို ကြည့်ကြစို့။

ရုပ်ပိုင်ဆိုင်ရားစွမ်းရည်များ

ရုပ်ပိုင်းဆိုင်ရာစွမ်းရည်စမ်းသပ်စစ်‌ဆေးခြင်း ပုံစံအပိုင်း

လူတို့သည် မိမိတို့၏ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ကြောင့် အခက်အခဲကြုံရပေမည်။

အိမ်သာ (သို့)ရေချိုးခန်းသုံးကုလားထိုင်သည် အောက်ပါလူများအတွက် အထောက်အကူဖြစ်နိုင်ဖွယ်ရှိပါသည်။

  • အိမ်သာ (သို့)ရေချိုးသည့်နေရာသို့သွားရန် ရုပ်ပိုင်းဆိုင်ရာအရ ခက်ခဲသူ
  • ဆောင့်ကြောင့်ထိုင်ရန်၊ထိုင်ရန်၊ မတ်တတ်ရပ်ရန် အခက်အခဲရှိသူ
  • ချည့်နဲ့သူ(သို့)မနှစ်ကတစ်ကြိမ်ထက်ပို၍ လဲကျဖူးသူ (သို့)လဲကျမည်ကို ကြောက်သူ
  • မတ်တတ်ရပ်ရန်ခက်ခဲသူ(သို့)မတ်တပ်မရပ်နိုင်သူ
  • ရေချိုးနေစဉ် မောပန်းခြင်း (သို့)မူးဝေခြင်းဖြစ်တတ်သူ

အပြောင်းအရွှေ့နှင့် မိမိကိုယ်ကို ဂရုစိုက်မှု ပိုမိုဘေးကင်းလွယ်ကူစေရန်အတွက်ဆုပ်ကိုင်ရန် လက်ရမ်း၊ဘားများကို အိမ်သာနှင့် ရေချိုးခန်းသုံးကုလားထိုင်များနှင့် ပေါင်းစပ်အသုံးပြုလေ့ရှိသည်။

ဆုပ်ကိုင်ရန် လက်ရမ်း၊ ဘား များအကြောင်း ပိုမိုလေ့လာရန် TAP ဆုပ်ကိုင်ရန် လက်ရမ်း၊ ဘား မော်ဂျူးကို ကိုးကားပါ။

ကာလီဟာ ရေချိုးဝတ်ရုံဝတ်ပြီး ရေချိုးတဲ့ခုံပုပေါ်မှာထိုင်နေတယ်။

ဒေါ်လီလီနှင့်တွေ့ဆုံခြင်း

ဒေါ်လီလီမှာအရိုးဆစ်ရောင်ရမ်းနာရှိပြီး လမ်းလျှောက်တဲ့အခါ တင်ပဆုံ နဲ့ဒူးတွေ နာကျင်မှုရှိတယ်။

ဒေါ်လီလီသည် သူမကိုယ်သူမ စွမ်းအင်ချွေတာရန်အတွက် ရေချိုးရန် ထိုင်ခုံပုကို အသုံးပြုသည်။ ရေချိုးဖို့ မတ်တပ်ရပ်တာထက် ပိုလုံခြုံတယ်လို့ ခံစားရတယ်။

သူမသည် ဘိုထိုင်အိမ်သာအပေါ်မှ အိမ်သာသုံးကုလားထိုင်ကို အသုံးပြုသည်။ အိမ်သာသုံးကုလားထိုင်သည်ဘိုထိုင်အိမ်သာထက် ပိုမြင့်ပြီး လက်ရမ်းများပါရှိသည်။ယင်းက သူ့အတွက် ထိုင်ရန်၊မတ်တတ်ရပ်ရန် ပို၍လွယ်ကူပြီး နာကျင်မှုလျော့နည်းစေသည်။

အိမ်သာ (သို့)ရေချိုးရန် ကုလားထိုင်တစ်လုံးသည် အိမ်သာသို့ သွားရန် (သို့)ရေချိးရန် ခက်ခဲစေသော အခြား ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများ ရှိနေပါက ဖြေရှင်းချက် မဟုတ်ပါ။

တခြား ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတချို့ကိုကြည့်ကြရအောင်။

အဝတ်အစားဝတ်ဆင်ရန် အခက်အခဲများ

၀တ်စားဆင်ယင်ရန် အခက်အခဲရှိသူတစ်ဦးသည် ၎င်းတို့၏အဝတ်အစားများကို အမြန်မဖယ်ရှားနိုင်သောကြောင့် အိမ်သာသွားရန်ခက်ခဲနေပါသည်။

သူတို့ကိုယ်တိုင်ရေချိုးခြင်းကလည်း ပို၍ခက်ခဲပြီး အချိန်ပိုကြာပေမည်။

သူတို့သည်ဖော်ပြပါပစ္စည်းများမှ အကျိုးခံစားရနိုင်သည်–

  • အဝတ်အစားဝတ်ရန်အကူပစ္စည်းများ
  • လွယ်ကူစွာ ဝတ်နိုင်ချွတ်နိုင်သော အထည်များ
  • ဝတ်စားဆင်ယင်ပုံအမျိုးမျိုးကို သင်ယူနိုင်အောင်ကူညီပေးခြင်း
  • အခြားသူတစ်ဦးထံမှ အကူအညီပေးခြင်း

ဒေးဗစ်နဲ့ လီတန်ီဂတို့က ခုံတန်းပေါ်မှာ ဘေးချင်းယှဉ်ထိုင်နေကြတယ်။

ဒေးဗစ်နဲ့တွေ့ဆုံခြင်း

ဒေးဗစ်ဟာ အသက်ကြီးသူဖြစ်ပြီးသူ့ဇနီး ဒေါ်လေးခင်နဲ့အတူ နေထိုင်ပါသည်။ ဒေးဗစ်သည်ချည့်နဲ့ပြီးသွားလာလှုပ်ရှားမှုအကန့်အသတ်ရှိပါသည်။

ဒေါ်လေးခင် က သူ့ကိုပြုစုစောင့်ရှောက်ဖို့ကူညီပေးပေမယ့်ဒေးဗစ်ကသူကိုယ်တိုင်တတ်နိုင်သလောက် လုပ်ရတာကို နှစ်သက်ပါတယ်။ အထောက်အကူပြုပစ္စည်းများသည်သူ့ကို ပိုမိုအမှီအခိုကင်းစေရန် ကူညီပေးသည်။

သူသည် ရေချိုးခန်းတွင် ရေချိုးရန် ထိုင်ခုံအနိမ့်နှင့် ဘိုထိုင်အိမ်သာအပေါ်တွင်အိမ်သာသုံးကုလားထိုင်ကို အသုံးပြုသည်။

ဒေးဗစ်သည် ဖိနပ်စီးရန် တုတ်တံကိုင်ကာ လက်တင်ခုံပေါ်ထိုင်နေသည်။

အဝတ်အစားဝတ်ခြင်းနှင့်ချွတ်ခြင်းတွင် ကူညီရန် ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ရန် ဖိနပ်ချွတ်ရန်တုတ်တံအပါအဝင် အဝတ်အစားဝတ်ရန်အကူပစ္စည်းများကို အသုံးပြုခဲ့သည်။

အဝတ်အစားဝတ်ရန်အကူပစ္စည်း နမူနာအချို့အတွက် TAP မိမိကိုယ်ကိုပြုစုစောင့်ရှောက်နိုင်သောအကူပစ္စည်းကိရိယာများ မော်ဂျူးကို ကြည့်ပါ။

ဆီးဝမ်းမထိန်းနိုင်ခြင်း

အကယ်၍ လူတစ်ဦးသည်ဝမ်းသွားရန် (သို့) ဆီးသွားရန်အခက်အခဲရှိပါက ကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်သူနှင့် (မကြာသေးမီက) ပြသခဲ့သလားကိုမေးကြည့်ပါ။ မဟုတ်ပါကလွှဲပြောင်းပေးပါ။

ကျန်းမာရေး စောင့်ရှောက်မှု ပညာရှင်သည် ဆီးဝမ်းမထိန်းနိုင်သော အကြောင်းရင်းကို စစ်ဆေးအကဲဖြတ်ပြီးကုသရန် (သို့)စီမံခန့်ခွဲရန် လုပ်ဆောင်မည်ဖြစ်သည်။

ဆီး၊ ဝမ်း မထိန်းနိုင်ခြင်းတစ်ခုတည်းကသာ အိမ်သာသုံးကုလားထိုင်လိုအပ်ရန်အကြောင်းပြချက် တစ်ခုမဟုတ်ပါ ။

သို့သော် ဆီးဝမ်းမထိန်းနိုင်သူအချို့သည် အိမ်သာသုံးကုလားထိုင် လိုအပ်ပေမည်။ ယင်းသည် သူတို့၏အခြားရုပ်ပိုင်းဆိုင်ရာစွမ်းရည်များနှင့် ဝမ်းနှင့် ဆီးသွားရန် မည်သို့စီမံသည့်အပေါ် မူတည်သည်။

အိမ်သာ (သို့) ရေချိုးခန်း သုံးကုလားထိုင်ကအခက်အခဲတွေ ကြုံလာရရင် သူတို့ကို ကူညီပေးမှာလား ဆိုတာ ဆွေးနွေးပါ။

မေးခွန်း

ပီတာသည် ဘီးတပ်ကုလားထိုင်ကို၎င်းဘေးတွင် ဆုပ်ကိုင်ရန်လက်ရမ်းရှိသော ဆင်ခြေလျှောပေါ်တွန်းတင်လိုက်သည်။ဆင်ခြေလျှောထိပ်တွင်အိမ်သာသို့ဝင်ရောက်နိုင်သော ပွင့်နေသောတံခါးတစ်ခုရှိသည်။

ပီတာသည် မိမိ၏ဝမ်း(သို့)ဆီးကိုမထိန်းချုပ်နိုင်ပါ။

သူ၏ ကျန်းမာရေး စောင့်ရှောက်မှု ပညာရှင်၏ ပံ့ပိုးမှုဖြင့် ဆီးထိန်းနည်းကို သင်ယူခဲ့သည်။ သူသည်နေ့ဘက်တွင် ဆီးသွားစေရန် ဆီးပိုက်ကို အသုံးပြုသည်။ သူသည် ဘီးတပ်ကုလားထိုင်တွင် ထိုင်နေချိန်တွင်ပြုလုပ်သည်။

ပီတာသည် ဝမ်းသွားချင်လာသောအခါဘိုထိုင်အိမ်သာကိုရွှေ့ပြောင်းပါတယ်။ သူ့အိမ်သာဘေးမှာဆုပ်ကိုင်ရန် ဘားတစ်ခုရှိပြီး သူပြောင်းတဲ့အခါကူညီဖို့အသုံးပြုပါတယ်။

ပီတာသည် အိမ်သာသုံးကုလားထိုင် လိုအပ်ပါသလား။

အိမ်သာသုံးကုလားထိုင်မလိုပါ။ သူသည် ယခုအချိန်တွင် ၎င်းမ ပါဘဲ သူ၏ ဝမ်းနှင့် ဆီးကို စီမံခန့်ခွဲနိုင်သည်။

အကယ်၍ ပီတာသည် ပြောင်းရွှေ့ရန် (သို့)အိမ်သာတွင် သက်သောင့်သက်သာထိုင်ရန် အခက်အခဲရှိမည်ဆိုလျှင် အိမ်သာသုံးကုလားထိုင်သည် အသုံးဝင်ပေမည်။

သတိပေးချက်! တစ်စုံတစ်ယောက်သည် ဆီး(သို့)ဝမ်းကိုစွန့်နေစဉ် နာကျင်ခြင်း (သို့)ဆီး(သို့)ဝမ်းကိုစွန့်ထုတ်ရန် ကြိုးစားစဥ်နာကျင်ပါက ၊ ကျန်းမာရေး ကျွမ်းကျင်သူနှင့် ပြသရန် လိုအပ်ပါသည်။ နာကျင်မှုက ကျန်းမာရေး ပြဿနာအချက်ပြမှုဖြစ်နိုင်တယ် ။

ချက်ချင်း လွှဲပြောင်းပါ။

အထောက်အပံ့မပါဘဲ မတ်မတ်ထိုင်၍မရခြင်းး

ပံ့ပိုးမှုမရှိဘဲမတ်မတ်မထိုင်နိုင်သော ကလေး (သို့) အရွယ်ရောက်ပြီးသူသည်အိမ်သာ(သို့)ရေချိုးခန်းသုံးကုလားထိုင်ကိုအသုံးမပြုနိုင်ပါ။

သူတို့သည်အထူးပြုလုပ်ထားသော အိမ်သာနှင့်/(သို့) ရေချိုးခန်းသုံးကုလားထိုင်ကို အသုံးပြုနိုင်ကြပေမည်။

ဆာကူရာ၊ မိန်းကလေးငယ်တစ်ယောက်။

မစံပယ်နှင့် တွေ့ဆုံခြင်း

မစံပယ်သည် အသက် ၁၁နှစ်ရှိပြီး မိဘများနှင့်အတူ နေထိုင်သည်။ သူမမှာသူငယ်နာအကြောရောဂါရှိသည်။ သူမသည် သက်တောင့်သက်သာထိုင်နိုင်ရန် ကိုယ်ဟန်အနေအထားပံ့ပိုးမှုပါသော ဘီးတပ်ကုလားထိုင်ကို အသုံးပြုရပြီး ပြောဆိုဆက်သွယ်ရာတွင်လည်း အခက်အခဲရှိသည်။

မစံပယ်၏မိဘများကသူမသည်အရပ်ရှည်လာသည်နှင့်အမျှ၎င်းတို့သည်သူမအတွက်မိမိကိုယ်ကိုပြုစုစောင့်ရှောက်မှုကိုစီမံခန့်ခွဲပေးရာတွင်ပိုမိုခက်ခဲကြောင်းပြန်လည်ထူထောင်ရေး၀န်ထမ်းများအားရှင်းပြခဲ့သည်။

မစံပယ်သည်အိမ်သာပေါ်တွင်မထိုင်နိုင်သောကြောင့် လျှော်လို့ရသည့်စုပ်ယူနိုင်သည့်အဝတ်များကိုဝတ်ဆင်ထားသည်။သူမ အိပ်ရာပေါ်တွင် ရေပတ်တိုက်သည့်ရေမြုပ်ထားရှိသည်။

ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုသည်မစံပယ်နှင့်သူမ၏မိသားစုအား အခုအခံနှင့်ကိုယ်ဟန်အနေအထားအပိုပံ့ပိုးမှုများပါရှိသောအိမ်သာရေချိုးခန်သုံးရန်ကုလားထိုင်ကိုစမ်းသပ်ရန်ကူညီပေးခဲ့သည်။

ဆာကူရာသည် ရေချိုးခန်းသုံးပုဝါကို ၀တ်ဆင်ထားပြီး ရေပန်းအောက်နှင့် ရေချိုးခန်းရှေ့တွင်ကိုယ်ဟန်အနေအထား အပိုပံ့ပိုးမှုများပါရှိသော ရေချိုးခန်သုံးထိုင်ခုံတွင် ထိုင်နေသည်။သူ့အမေက အနီးအနားမှာ ရပ်နေတယ်။

မစံပယ်သည် မိသားစုရေချိုးခန်းရှိ ကုလားထိုင်တွင်ထိုင်ရသည်ကိုချက်ချင်းလက်ငင်း ပျော်မွေ့ခဲ့သည်။ သူ့အမေရဲ့ အကူအညီနဲ့ အခုတော့ နေ့တိုင်းရေချိုးနေပြီ။

အခြားအကြောင်းရင်းများ

အခြားအကြောင်းရင်းများစမ်းသပ်စစ်‌ဆေးခြင်း ပုံစံအပိုင်း

လူတစ်ဦးတွင် အိမ်သာသွားရန်နှင့်/(သို့) မိမိကိုယ်ကို ဆေးကြောရန်ရုပ်ပိုင်းဆိုင်ရာအခက်အခဲ(သို့)ပတ်ဝန်းကျင်အပြင်အခြားအကြောင်းရင်းများ ရှိပေမည်။

အကြောင်းရင်းပေါ်မူတည်၍ အိမ်သာ (သို့)ရေချိုခန်းသုံးကုလား ထိုင်သည် အသုံးဝင်နိုင်သည် (သို့)အသုံးမပြုနိုင်ချေ။

ဥပမာအားဖြင့်၊ စဉ်းစားတွေးခေါ်မှုနှင့်/(သို့)မှတ်မိရန်ခက်ခဲသောကလေးများ(သို့)အရွယ်ရောက်ပြီးသူများသည် နေ့စဥ်မိမိကိုယ်ကို ပြုစုစောင့်ရှောက်ရန် ခက်ခဲသည်ကို တွေ့ရှိနိုင်သည်။ ရေချိုးခန်း (သို့)အိမ်သာသုံးကုလားထိုင်သည် အိမ်သာသွားစဉ်နှင့်/(သို့)ရေချိုးသည့်အခါ ထိုင်ရန် ဘေးကင်းသောနေရာတစ်ခုအဖြစ်ကူညီပေးနိုင်သည်။

အိမ်သာ/ရေချိုးခန်းသွားဖို့ အခက်တွေ့နေတဲ့အကြောင်းရင်းတွေကို စူးစမ်းလေ့လာပြီးတဲ့နောက် အိမ်သာ(သို့)ရေချိုးခန်းသုံးကုလားထိုင်က အသုံးဝင်နိုင်မလားဆိုတာ ဆွေးနွေးပါ။ အိမ်သာ (သို့)ရေချိုးခန်းသုံးကုလားထိုင်သည် အသုံးဝင်နိုင်သည်ကိုနှစ်ဦးစလုံး သဘောတူပါက အကဲဖြတ်စစ်ဆေးချက်ကို ဆက်လက်လုပ်ဆောင်ပါ။

အိမ်သာ(သို့)ရေချိုးကုလားထိုင်ကိုဘယ်နေရာမှာဘယ် လိုအသုံးပြုမလဲ

မေးပါ– အိမ်သာ(သို့)ရေချိုးခုံကို ဘယ်လိုနဲ့ ဘယ်နေရာမှာသုံးမလဲ။

အိမ်သာ(သို့)ရေချိုးကုလားထိုင်ကို ဘယ်လိုနဲ့ ဘယ်နေရာမှာသုံးမလဲစမ်းသပ်စစ်‌ဆေးခြင်း ပုံစံအပိုင်း

အိမ်သာသုံးကုလားထိုင်ကို အိမ်သာပေါ်မှာ အသုံးပြုမယ်ဆိုလျှင် စစ်ဆေးရန်-

  • အိမ်သာသို့အလွယ်တကူဝင်ရောက်နိုင်သလား (လက်လှမ်းမှီ)။
  • သန့်စင်ခန်းထဲမှာ အိမ် သာသုံးကုလားထိုင်အံဝင်ခွင်ကျအောင်တပ်ဆင်ဖို့နေရာရှိပါသလား။
  • အိမ်သာကုလားထိုင် ခြေထောက်တွေဟာ ကြမ်းပြင်ပေါ် ချထားလို့ ရပါသလား။
  • တခြားသူတွေ ဒီအိမ်သာသုံးကြသလား။ သုံးပါက တခြားသူတွေ အိမ်သာသုံးတဲ့အခါ အိမ်သာသုံးကုလားထိုင်ကို ရွှေ့ဖို့ နေရာရှိပါသလား။

ဆောင့်ကြောင့်ထိုင်အိမ်သာပေါ်မှာ တင်ထားတဲ့ ဘီးငယ်တွေပါတဲ့ အခုအခံပါတဲ့ ရေချိုးခန်းသုံးကုလားထိုင်တစ်လုံး။ နံရံတွေမှာ ဆုပ်ကိုင်ရန်ဘားတန်းတွေ ရှိတယ်။

အိမ်သာကုလားထိုင်ကို တခြားနေရာမှာ အသုံးပြုမယ်ဆိုလျှင် စဉ်းစားရန်–

  • သင့်တော်တဲ့ သီးသန့် နေရာ
  • အသုံးပြုသူ(နှင့် ကူညီပေးသူ မည်သူမဆို) လက်ဆေးမည့်နေရာ
  • မည်သူကပုံးကိုရှင်းလင်းပြီးသန့်ရှင်းရေး လုပ်ပေးမလဲ။

ခုတင်ဘေးတွင်လက်ရမ်းကိုချထားပြီးပုံးပါတဲ့ အိမ်သာကုလားထိုင်ကိုအိပ်ရာဘေးမှာနေရာချထားတယ်။

ရေချိုးရန်သုံးသောကုလားထိုင်သုံးရန်အတွက်ထိုသူသည် အဝတ်အစားလဲမည့်နေရာကို လည်းစဉ်းစားကြည့်ပါ။

ရေချိုးသည့်နေရာနှင့် ဝေးရာ (ဥပမာ အိပ်ခန်း)တွင် လုပ်ရန် ပိုလွယ်ကူပါက ရေချိုးခန်သုံးကုလားထိုင်ဖြင့်ရေချိုးသည့်နေရာကို ရွှေ့ရန် လိုအပ်ပေမည်။ ကုလားထိုင်သည် ဘီးများနှင့် ခြေတင်ခုံများလိုအပ်မည်ဖြစ်သည်။

ဆာကူရာ၏မိခင်သည်ဘီးများနှင့်အထောက်အပံ့အပိုများပါသော ရေချိုးခန်းသုံးကုလားထိုင်ပေါ်၌ထိုင်နေသောရေချိုးပုဝါကို ၀တ်ဆင်ထားသည့် ဆာကူရာကိုတွန်းနေသည်။

မစံပယ်ရဲ့ အိမ်သာနှင့်ရေချိုးရန်သုံးသောကုလားထိုင်တွင်ဘီးများပါ ရှိပါတယ်။

မစံပယ်သည် အလွယ်တကူမတ်မတ်မထိုင်နိုင်သောကြောင့် သူမ၏မိခင်သည်အိပ်ရာပေါ်တွင် အဝတ်ဝတ်ဆင်ပေးသည်။ ထို့နောက် သူမ၏မိဘများကရေချိုးခန်းသုံးကုလားထိုင်ပေါ်သို့ မ တင်ပြီးနောက်ရေချိုးသည့်နေရာသို့ တွန်းပို့ပေးသည်။

အိမ်သာနှင့်ရေချိုးရန်သုံးသောကုလားထိုင်များအတွက် ထိုသူသည် အိမ်သာ (သို့)ရေချိုးခန်းသုံးကုလားထိုင်ပေါ် မည်သို့အတက်အဆင်းပြုမည်ကို စဉ်းစားပါ။

သွားလာလှုပ်ရှားမှုအခက်အခဲရှိသူများသည် ၎င်းကို ဘေးကင်းစွာအသုံးပြုနည်းကိုလေ့လာရန် အကြံဉာဏ်နှင့် အလေ့အကျင့် လိုအပ်နိုင်ပါသည်။

ရေချိုးဝတ်စုံဝတ်ဆင်ထားတဲ့ ကာလီက အိမ်သာကုလားထိုင်ရဲ့ လက်ကိုင်တွေကိုသုံးပြီးထိုင်တယ်။ သူ့ရဲ့ လမ်းလျှောက်အကူက ရှေ့မှာရှိတယ်။

အိမ်သာနှင့် ရေချိုးရန်သုံးသောကုလားထိုင်များအပေါ်အတက်အဆင်းပြုလုပ်ခြင်းအကြောင်းပိုသိရန်သင်ခန်းစာ ၃ ကိုကြည့်ပါ

ဖိအားအနာများဖြစ်နိုင်ခြေကို စစ်ဆေးပါ

ဖိအားပေးတဲ့ ဒဏ်ရာအပိုင်းရဲ့ အန္တရာယ်ကို စစ်ဆေးသည့်စမ်းသပ်စစ်‌ဆေးခြင်း ပုံစံ

ဖိအားဒဏ်ရာတစ်ခုမှာ အရေပြားပျက်စီးခြင်းဖြစ်သည်။ များသောအားဖြင့် အရိုးနေရာပေါ်တွင် ဖြစ်လေ့ရှိသည်။

အိမ်သာနှင့် ရေချိုးရန်သုံးသောကုလားထိုင်များမှာမာကျောတဲ့ မျက်နှာပြင်တွေ ရှိပါတယ်။ ယင်းကရေကို ပို၍ခံနိုင်စွမ်းရှိစေပြီး သန့်ရှင်းရေးလုပ်ရန် ပို၍လွယ်ကူစေသည်။

သို့သော် လူတစ်ဦးသည် ဖိအားအနာဖြစ်နိုင်ချေရှိလျှင် အခုအခံမျက်နှာပြင်များပါရှိသော ထိုင်ခုံကို ရွေးချယ်ပါ။ ဒါက ဖိအားအနာဖြစ်နိုင်ချေကို လျှော့ချပေးပါလိမ့်မယ်။

အိမ်သာ (သို့)ရေချိုးခန်သုံးကုလားထိုင်မှ ဖိအားအနာရနိုင်ခြေရှိသူများတွင် အောက်ပါတို့ပါဝင်သည်-

  • တင်ပါး၊ ပေါင်၊ နောက်ကျော (သို့)ကုလားထိုင်နှင့် ထိတွေ့သည့် အခြားနေရာများတွင် အာရုံခံစားမှု (ခံစားမှု) လျော့ကျသွားခြင်း
  • ယခင်က ဖိအားဒဏ်ရာအနာရခဲ့ခြင်း
  • ပိန်ပြီးချည့်နဲ့သူ
  • အိမ်သာ (သို့)ရေချိုးရန်သုံးသောကုလားထိုင်ပေါ်တွင် မိမိတို့၏ကိုယ်အလေးချိန်ကို အလွယ်တကူပြောင်းလို့မရခြင်း

အကဲဖြတ်ချိန်အတွင်း ဖိအားအနာရှိသလားဆိုတာအမြဲမေးပါ။ရှိတယ်ဆိုရင်  ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူဆီ လွှဲပြောင်းပါ

အိမ်သာ (သို့)ရေချိုးခန်းသုံးကုလားထိုင်ပေါ်ထိုင်နေသည့်အခါ ဖိအားဒဏ်ရာသည် ကုလားထိုင်နှင့် ထိတွေ့နေမည်ဆိုလျှင် ဒဏ်ရာအပြည့်အဝပျောက်သွားသည်အထိ ကုလားထိုင်အသုံးပြုခြင်းကို ရှောင်သင့်သည်။

ဖိအားဒဏ်ရာများအကြောင်း နောက်ထပ်အချက်အလက်များအတွက် TAP သွားလာလှုပ်ရှားမှုအတွက် အထောက်အကူပြုပစ္စည်းကိရိယာများမော်ဂျူးကို ကြည့်ပါ။

ဆွေးနွေးပွဲ ဖိုရမ်