အိမ်သာ (သို့)ရေချိုးခန်းသုံးကုလားထိုင်ကိုရက်ချိန်းလာပြခြင်း
ရက်ချိန်းလာပြခြင်း
လူတို့သည် အိမ်သာ(သို့)ရေချိုးခန်းသုံးကုလားထိုင်တွင်ပြဿနာရှိပါက မည်သည့်အချိန်၌မဆို ဝန်ဆောင်မှုအတွက် ဆက်သွယ်နိုင်ကြောင်း သိထားဖို့ အရေးကြီးသည်။
အချို့ ဝန်ဆောင် မှု များ ကအထောက်အကူပြုပစ္စည်းပေါ်တွင် ဝန်ဆောင် မှု ဆက်သွယ်ရေး အသေးစိတ် အချက်အလက် များပါသောစတစ်ကာ တစ် ခု ကို ဖြည့်စွက်ထားသည် ။
အများအားဖြင့် အိမ်သာ (သို့) ရေချိုးခန်းသုံး ကုလားထိုင်ကို အသုံးပြုသူတွင် အခြားသော အထောက်အကူပြုပစ္စည်းများ ရှိတတ်သည်။ သင်နောက်ဆက်တွဲအနေနဲ့ အခြားအထောက်အကူပြုပစ္စည်းအတွက် သွားရောက်ကြည့်ရှုနေတယ်ဆိုရင် အိမ်သာ (သို့) ရေချိုးခန်းသုံး ကုလားထိုင်ကိုလည်း စစ်ဆေးပါ။
ရက်ချိန်းလာပြခြင်းသည် သင့်အား သိရှိနိုင်ရန် ကူညီပေးလိမ့်မည်-
- အိမ်သာ (သို့)ရေချိုးခန်းသုံးကုလားထိုင်က လူတစ်ယောက်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေဆဲလား
- အိမ်သာ (သို့)ရေချိုးခန်းသုံးကုလားထိုင်က ပြုပြင်ဖို့လိုလား (သို့)အစားထိုးဖို့လိုလား
အိမ်သာ (သို့)ရေချိုးခန်းသုံးကုလားထိုင်က သူတို့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေဆဲလားဆိုတာသိဖို့ အောက်ပါမေးခွန်းတွေကိုမေးပါ–
- အိမ်သာ (သို့)ရေချိုးခန်းသုံးကုလားထိုင်သုံးနေပါသလား။
- အိမ်သာ (သို့)ရေချိုးခန်းသုံးကုလားထိုင်သုံးရာတွင်ပြဿနာတွေ ရှိပါသလား။
- အိမ်သာ (သို့)ရေချိုးခန်းသုံးကုလားထိုင်နဲ့ပတ်သက်ပြီး မေးခွန်းတွေ ရှိပါသလား။
အကယ်၍ ထိုသူသည် အိမ်သာ (သို့)ရေချိုးခန်းသုံးကုလားထိုင်ကို အသုံးမပြုပါက(သို့)ယင်းကိုအသုံးပြုခြင်းတွင် ပြဿနာများရှိနေပါက ဘာကြောင့်လဲဆိုတာ စုံစမ်းကြည့်ပါ။ အဲဒီနောက် ဖြေရှင်းနည်းကို အတူတူရှာတွေ့နိုင်ပါသည်။
လုပ်ဆောင်မှုတစ်ခုခု လိုအပ်မယ်ဆိုရင် စုဆောင်းထား တဲ့ အချက်အလက်တွေကို အသုံးပြုပြီး ထိုသူနဲ့အတူ ဆုံးဖြတ်ဖို့ပါ။ ယေဘုယျလုပ်ဆောင်မှုများကို အောက်တွင်ဖော်ပြထားသည်။
ကုလားထိုင်ကိုပြုပြင်ခြင်း (သို့)ထိန်းသိမ်းခြင်း
ချောင်နေသောဝက်အူနှင့်ဘရိတ်များအား သာမာန်ကိရိယာတွေဖြင့် ကျပ်နိုင်တယ်။
ဒေးဗစ်ကိုမှတ်မိပါသလား
ဒေးဗစ်ဟာ ချည့်နဲ့သူ သက်ကြီးရွယ်အိုတစ်ယောက်ဖြစ်ပြီးသူ့ဇနီးဒေါ်လေးခင်နဲ့အတူ နေထိုင်ပါတယ်။ သူဟာအိမ်သာနဲ့ ရေချိုးရန်သုံးသော ကုလားထိုင်ကို အသုံးပြုတယ်။
ရက်ချိန်းလာပြသည့်ကာလအတွင်းဒေးဗစ်က ထိုင်ခုံကို အသုံးပြုတဲ့အခါ လှုပ်နေသလို ခံစားရတယ်လို့ ရှင်းပြတယ်။ သင်သည် ကုလားထိုင်ကိုစစ်ဆေးပြီး ပြုပြင်ပြောင်းလဲနိုင်သောခြေထောက်တစ်ဖက် ချောင်နေသည်ကို တွေ့လိုက်ရသည်။ ဒါကို တင်းကျပ်ပေးပြီးပြန်ဖြစ်လာမယ်ဆိုရင်ဒေးဗစ်နဲ့ သူ့ဇနီး ဒေါ်လေးခင်ကိုဘယ်လိုလုပ်ရမယ်ဆိုတာ ပြလိုက်တယ်။ ကုလားထိုင်က အခု ဘေးကင်းပြီးငြိမ်နေပါပြီ။
အစိတ်အပိုင်းများကို အစားထိုးခြင်း
အိမ်သာသုံးကုလားထိုင်ရဲ့ ဖြုတ်တပ်လို့ရတဲ့ပုံးပျက်သွားပါက ထိုင်ခုံတစ်ခုလုံးကို အစားမထိုးဘဲ ပုံးအစားထိုးနိုင်ပါတယ်။
မည်သည့်အစိတ်အပိုင်းအပိုတွေကို သိုလှောင်ထားသင့်တယ်ဆိုတာ စဉ်းစားကြည့်ပါ။
မေးခွန်း
အများအားဖြင့် လိုအပ်သော အပိုပစ္စည်းများကို မည်သူက ကူညီဖော်ထုတ်ပေးနိုင်မည်နည်း။
- သင်သည် အသစ်ကိုစဝယ်သောအခါတွင် မည်သည့်အပိုပစ္စည်းများကို လိုအပ်မည်ဖြစ်ကြောင်း ထုတ်လုပ်သူသည် သိလိမ့်မည်။
- သင့်လုပ်ငန်းက လုပ်ဆောင်ခဲ့တဲ့ ပြုပြင်မှုမှတ်တမ်းကို သိမ်းထားပါ။ အချိန်ကြာလာတာနဲ့အမျှဘယ်အစိတ်အပိုင်းတွေကို အစားထိုးဖို့လိုတယ်ဆိုတာဒီအချက်အလက်တွေဖြင့်ခွဲခြားသိရှိစေပါလိမ့်မယ်။
ကုလားထိုင်ကိုအစားထိုးခြင်း
သံချေး (သို့)အက်ကြောင်းများ တွေ့ရှိပါက ကုလားထိုင်ကို အစားထိုးသင့်သည်။
ကုလားထိုင်ရဲ့ဘောင်(သို့)ထိုင်ခုံထဲရှိ သံချေး (သို့)အက်ကြောင်းတွေဟာ အန္တရာယ်ရှိနိုင်တယ်။
နောက်ထပ်လေ့ကျင့်မှု
လူတဦးနှင့် ၎င်းတို့၏ ပြုစုစောင့်ရှောက်သူသည်ထိုင်ခုံကိုအသုံးပြုပုံ၊ (သို့)မည်သို့မည်ပုံ ရွှေ့ပြောင်းရန်ကိုနောက်ထပ်လေ့ကျင့်မှု လိုအပ်နိုင်ပါသည်။
ဒေါ်အေးကို မှတ်မိပါသလား
ဒေါ်အေးက နေ့ဘက်မှာ အိမ်သာပေါ်မှာ နေရာချထားတဲ့ အိမ်သာသုံးကုလားထိုင်ကိုသုံးပြီး သူ့သမီးက အဲဒီကိုရောက်အောင် ကူညီပေးတယ်။
ညအချိန်မှာ ဒေါ်အေးက သူ့အိပ်ရာနားမှာ အိမ်သာသုံးကုလားထိုင်ကိုထားတယ်။
နောက်ဆက်တွဲလုပ်ဆောင်နေစဉ်တွင် သင်သည် အိုင်ဒါအားသူမရဲ့ အိမ်သာ(သို့)ရေချိုးခန်းသုံးတဲ့ကုလားထိုင်မှာ ပြဿနာရှိပါသလား' လို့ မေးပါ။
တစ်ခါတလေ အိမ်သာကို အချိန်မီရောက်နိုင်လောက်အောင် မြန်မြန်မသွားနိုင်ဘူးလို့ အိုင်ဒါက ရှင်းပြတယ်။ ယင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေသော မတော်တဆမှုနှစ်ခု ဖြစ်ပေါ်စေခဲ့ပြီဟုပြောပါတယ်
သင်က ပုံမှန်အချိန်အပိုင်းခြားများဖြင့် အိမ်သာကို (နေ့စဉ်) ပုံမှန်သွားအောင်အကျင့်လုပ်ခြင်းက အထောက်အကူဖြစ်နိုင်ကြောင်း ရှင်းပြသည်။
ဒေါ််အေးနဲ့ သူ့သမီးတို့က ဒါကို ၂ နာရီခြားတခါစမ်းကြည့်ဖို့ သဘောတူကြပါတယ်။ ပြောင်းလဲမှုမရှိပါကဒေါ််အေးသည် ကျန်းမာရေးပြဿနာအရင်းခံမရှိကြောင်း သေချာစေရန်အတွက် ကျန်းမာရေးပညာရှင်တစ်ဦးနှင့် ပြသသင့်သည်ဟုလည်း သဘောတူပါသည်။
ပြန်လည်စမ်းသပ်စစ်ဆေးခြင်း
လူတစ်ယောက်သည် ၎င်းတို့၏လိုအပ်ချက်များ ပြောင်းလဲသွားပါက မတူညီသော အိမ်သာသုံးကုလားထိုင်၊ ရေချိုးခန်းသုံးကုလားထိုင်ခုံ (သို့)အခြားအထောက်အကူပြုပစ္စည်းများအတွက် အကဲဖြတ်မှုအသစ်တစ်ခု လိုအပ်နိုင်ပါသည်။
လွှဲပြောင်းခြင်း
ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူတစ်ဦးကို လွှဲပြောင်းပါ–
- လူတစ်ယောက်ကျန်းမာရေးအခြေအနေ စိုးရိမ်နေပါက
- ၎င်းတို့၏ သွားလာလှုပ်ရှားမှု(သို့) အိမ်သာလိုအပ်မှုများသည် မကြာသေးမီက ပြောင်းလဲခဲ့ပါက
အကယ်၍ထိုသူသည် တခြားဝန်ဆောင်မှုဆီက သင်ထောက်ပံ့မပေးနိုင်တဲ့ အထောက်အကူပြုပစ္စည်း တွေကနေ အကျိုးခံစားရမယ်ဆိုရင် လွှဲပြောင်းပါ။
လူများသည် ၎င်းတို့၏မိမိကိုယ်ကိုပြုစုစောင့်ရှောက် ရန်လိုအပ်ချက်များအတွက်ကူညီပေးရန် ပြန်လည်ထူ ထောင်ရေးမှ အကျိုးရရှိနိုင်မည်ဆိုလျှင် ၎င်းဝန်ဆောင် မှုသို့လွှဲပြောင်းပေးပါ။
မေးခွန်း
ဒေါ် လီလီကို မှတ်မိပါသလား
ရက်ချိန်းလာပြသည့်ကာလအတွင်း ဒေါ် လီလီသည် သင့်အား၎င်း၏ကျန်းမာရေးအခြေအနေဆိုးရွားလာပြီး ယခုရေချိုးခန်းသုံးကုလားထိုင်ပုကိုအသုံးပြုရာမှာ အန္တရယ်ကင်းသည်ဟုမခံစားရကြောင်းပြောပြသည်။သူမသည် အထောက်အပံ့မပါဘဲ မတ်မတ်ထိုင်ရခက်နေပြီး ခုံပေါ်ကနေ လဲကျသွားမှာကို စိုးရိမ်နေတယ်။
မည်သည့် လုပ်ရပ်များကိုဒေါ် လီလီနှင့်သူ၏သမီးတို့နှင့် သင်ဆွေးနွေးမည်နည်း။
- ဒေါ် လီလီ၏ ကျန်းမာရေးသည် ပိုဆိုးလာသည်နှင့်အမျှ သူမသည် မကြာသေးမီက ကျန်းမာရေးဝန်ထမ်းတစ်ဦးကို ပြသဖူးခြင်းရှိမရှိ မေးသင့်သည်။ မရှိဘူးဆိုရင် လွှဲပြောင်းပေးပါ။
- ဒေါ် လီလီရဲ့ လိုအပ်ချက်တွေ ပြောင်းလဲသွားတဲ့အတွက်သူမရဲ့ အိမ်သာနဲ့ ရေချိုးရန်သုံးသောကုလားထိုင်အတွက်စမ်းသပ်စစ်ဆေးခြင်း အသစ်တစ်ခါလုပ်ထားသင့်သည်။
- အကဲဖြတ်စစ်ဆေးနေစဉ်တွင် ဒေါ် လီလီသည် ခက်ခဲသော အခြားလုပ်ဆောင်မှုများ ရှိ၊ မရှိ ရှာဖွေပါ။သူမသည်အခြားအထောက်အကူပြုပစ္စည်းများမှလည်းအကျိုးခံစားရပေမည်။
သင်သည် သင်ခန်းစာငါးပြီးပါပြီ!
မေးခွန်းတွေ (သို့)မှတ်ချက်များ ရှိမယ်ဆိုရင် ဆွေးနွေးပွဲ ဖိုရမ်မှာ တင်ထားပါ။