ဤအကြောင်းအရာတွင် သွားလာလှုပ်ရှားမှုအတွက် အထောက်အကူပြု ပစ္စည်းကိရိယာများအားစစ်ဆေးပုံပထမပိုင်းကိုသင်ယူရပါလိမ့်မည်။

အောက်ပါပုံစံများမရှိသေးလျှင် ဒေါင်းလုတ်ဆွဲပြီး ပုံနှိပ်ပါ။
- TAP သွားလာလှုပ်ရှားမှုအတွက် အထောက်အကူပြု ပစ္စည်းကိရိယာများကို စိစစ်သည့် ပုံစံ
- TAP သွားလာလှုပ်ရှားမှုအတွက် အထောက်အကူပြု ပစ္စည်းကိရိယာများအတွက်ခြေဖဝါး စစ်ဆေးခြင်း လမ်းညွှန်
ဤပုံစံကို ကူးယူမရလျှင် မစိုးရိမ်ပါနှင့်။ မော်ဂျူးမှတဆင့်မေးခွန်းတစ်ခုစီကို ရှင်းလင်းစွာ ပြသထားပါသည်။
TAP သွားလာလှုပ်ရှားမှုအတွက် အထောက်အကူပြု ပစ္စည်းကိရိယာများစစ်ဆေးမှုပုံစံ
စစ်ဆေးမှုပုံစံသည် ရိုးရှင်းပြီးလွယ်ကူသောလမ်းညွှန်အဖြစ်အသုံးပြုနိုင်ပါသည်။
ပုံစံတွင်သွားလာလှုပ်ရှားမှုအခက်အခဲရှိသော လူတစ်ယောက်ကို မေးရန်မေးခွန်းများပါဝင်ပြီး၎င်းကအောက်ပါအချက်များကိုတွေ့ရှိရန် သင့်ကိုကူညီပါလိမ့်မည်။
- အကယ်၍ ထိုသူသည် စစ်ဆေးပုံစံတွင် ပါဝင်သော သွားလာလှုပ်ရှားမှုအတွက် အထောက်အကူပြု ပစ္စည်းကိရိယာများမှ အကျိုးခံစားရပါက
- ကျန်းမာရေး စောင့်ရှောက် မှု ၊ ပြန်လည်ထူထောင်ရေးဝန်ဆောင် မှု၊ခြေတုလက်တုဝန်ဆောင်မှု နှင့် အခြားဝန်ဆောင်မှုများလိုအပ်လျှင်လွှဲပြောင်းလိုပါက
ဤပုံစံကို မြင်ပါက ထိုသူသည်လွှဲပြောင်းပေးဖို့လိုအပ်သည်ဟု ဆိုလိုသည်။
ဤပုံစံသည် သွားလာလှုပ်ရှားမှုအထောက်အကူပြု ပစ္စည်းများအတွက်ဖြစ်ပါသည်။ သို့သော် သွားလာလှုပ်ရှားမှုအထောက်အကူပြုပစ္စည်းကို အသုံးပြုသူတစ်ဦးသည် အခြားအထောက်အကူပြုပစ္စည်းများမှလည်း အကျိုးခံစားရနိုင်ပါသည်။
ပုံစံအဆုံးတွင် မှတ်စုရေးရန်နှင့် ထိုသူအတွက် အစီအစဉ်ဆွဲရန် နေရာရှိသည်။
အခုသွားလာလှုပ်ရှားမှုစစ်ဆေးခြင်းအပိုင်းများကို လေ့လာကြရအောင်။
လူတစ်ဦးနှင့်ပတ်သက်သည့်အချက်အလက်များ
ကျား/မ၊အသက်အရွယ်၊လိပ်စာအပါအဝင်လူတစ်ဦးနှင့်ပတ်သက်သည့် ယေဘုယျအချက်အလက်များကို စုဆောင်းခြင်းဖြင့် စတင်ပါ။
ရိုးရှင်းသည့် သွားလာလှုပ်ရှားမှုနှင့် ကျန်းမာရေးအန္တရာယ်စစ်ဆေးခြင်း
သွားလာလှုပ်ရှားမှုအတွက် အထောက်အကူပြု ပစ္စည်းကိရိယာတစ်ခုကို မထောက်ပံ့မီလိုအပ်သည့်သွားလာလှုပ်ရှားမှု (သို့)ကျန်းမာရေးအန္တရာယ်များကိုစစ်ဆေးရန် အရေးကြီးပါသည်။

လူတစ်ဦးတွင် သွားလာလှုပ်ရှားမှု(သို့) ကျန်းမာရေးအန္တရာယ်ရှိမရှိသိရှိရန် ဤစစ်ဆေးရေးပုံစံကို အသုံးပြုပါ။
ရုတ်တရက်သွားလာလှုပ်ရှားမှုဆုံးရှုံးသွားလျှင်
မေးခွန်းမေးပါ–
လွန်ခဲ့သည့်၃လအတွင်း သွားလာလှုပ်ရှားမှု အများကြီး လျော့နည်းသွားပါသလား။
ရုတ်တရက် သွားလာလှုပ်ရှားမှုလျော့နည်းသွားခြင်းက လူတစ်ဦးတွင်စစ်ဆေးကုသရန်လိုအပ်သည့် ကျန်းမာရေးအခြေအနေရှိကြောင်းပြသသည့် လက္ခဏာဖြစ်နိုင်သည်။
ထပ်ဆင့်အကြံဉာဏ်အတွက် ကျန်းမာရေး(သို့) ပြန်လည်သန်စွမ်းရေး ပညာရှင်တစ်ယောက်ထံ လွှဲပြောင်းပါ။
ထိုသူသည် သွားလာလှုပ်ရှားမှုအတွက် အထောက်အကူပြု ပစ္စည်းကိရိယာမှ အကျိုးခံစားနေရပါက စစ်ဆေးမှုကိုပြီးအောင် လုပ်ဆောင်ပါ။
ပြန်လည်သုံးသပ်ခြင်း
ရုတ်တရက် ကျန်းမာရေးမကောင်းဖြစ်သွားသူ (သို့)သွားလာလှုပ်ရှားမှု ပျောက်ဆုံးသွားသူ မည်သူ့ကိုမဆို စဉ်းစားမိပါသလား။
သူတို့တွင် ကျန်းမာရေးအခြေအနေ မကောင်းခြင်း (ဖျားနာမှု) ရှိခဲ့သလား။
ကလေးများ၏သွားလာလှုပ်ရှားမှု
ကလေးငယ်များ၏မိဘများ (သို့) ပြုစုစောင့်ရှောက်သူများကို မေးမြန်းပါ –
ကလေးသည် အသက်၂နှစ်ပြည့်ပြီး လမ်းမလျှောက်သေးသူဖြစ်ပါသလား။
ကလေးအများစုသည်အသက်၂နှစ်ပြည့်လျှင် လမ်းလျှောက်နိုင်ကြသည်။
ကလေးတစ်ဦးသည် အသက်၂နှစ်ပြည့်ပြီး လမ်းမလျှောက်နိုင်သေးလျှင် ကျန်းမာရေးကျွမ်းကျင်သူ (သို့) ပြန်လည်သန်စွမ်းရေးဌာနသို့လွှဲပြောင်းပါ။
စောစော လွှဲပြောင်းခြင်း သည် ကလေး တစ် ယောက် ၏ စွမ်းရည် များ ဖွံ့ဖြိုး တိုးတက် ရန် အ ကောင်း ဆုံး အခွင့်အရေး ဖြစ်သည် ။

လဲကျနိုင်သောအန္တရာယ်များ
မေးခွန်းမေးပါ–
လဲကျမှာကို စိုးရိမ်သလား (သို့)မကြာခဏ လဲကျဖူးသလား။
လူတစ်ယောက်သည် ဟန်ချက်မညီသည့်ပြဿနာရှိပါက လဲကျသွားမည်ကို စိုးရိမ်ကြပေမည်။
လဲကျခြင်းသည် သက်ကြီးရွယ်အိုများအတွက် အထူးအန္တရာယ်ရှိသည်။ သူတို့သည်ထိခိုက်ဒဏ်ရာရလွယ်ပြီး နာလန်ပြန်ထူရန် အချိန်ပိုကြာနိုင်သည်။
အမြင်အာရုံ/အကြားအာရုံခက်ခဲခြင်း၊ တွေးတောခြင်း/မှတ်မိရန်ခက်ခြင်း၊ ချည့်နဲ့ခြင်းနှင့် ဟန်ချက်မညီသော အခက်အခဲများကြောင့် လဲကျခြင်းအန္တရာယ် တိုးပွားလာနိုင်သည်။
သက်ကြီးရွယ်အိုတစ်ဦးသည် လွန်ခဲ့သော ၁၂ လအတွင်း တစ်ကြိမ်ထက်မက လဲကျဖူးပါကနောက်ထပ် ပြန်လဲကျမည့် အန္တရာယ်ရှိသည်။
သွားလာလှုပ်ရှားမှု(သို့) တခြားအထောက်အကူပစ္စည်းများသည် လဲကျမသွားအောင် တားဆီးပေးမလားဆိုသည်ကိုသူတို့နှင့်ဆွေးနွေးပါ။
ထို့ပြင် လဲကျမှုအတွက်အပြည့်အစုံ စမ်းစစ်ရန် ပြန်လည်ထူထောင်ရေးဌာနသို့လွှဲပြောင်းပေးပါ။

ဆိုဖီယာနှင့်တွေ့ဆုံပါ
ဆိုဖီယာသည် အသက် ၆၈ နှစ်ရှိပြီး မကြာသေးမီကအိမ်တွင် လဲကျမှုရှိခဲ့သည်။ စစ်ဆေးပြီးနောက် ၊ ဆိုဖီယာ ကို သွားလာလှုပ်ရှားမှုအတွက်အကူအညီဖြစ်စေရန် လမ်းလျှောက်ဘောင်တစ် ခု ပေး ခဲ့ သည် ။ အနီးဝန်းကျင်ဆိုင်များသို့လမ်းလျှောက်ရသည်ကို သူမနှစ်သက်သည်။သို့သော်ဆိုဖီယာသည် ညဘက်အိမ်သာသွားချိန်တွင်ထပ်မံချော်လဲခဲ့သည်။
လုပ်ဆောင်မှု
အောက်မှာဖော်ပြထားသည့်အချက်များအနက်မည်သည်ကဆိုဖီယာအတွက် အထောက်အကူပြုသနည်း။
ဆိုဖီယာကို လဲကျခြင်းစစ်ဆေးမှုအပြည့်အဝပြုလုပ်ရန်အတွက်ပြန်လည်ထူထောင်ရေးဌာနသို့လွှဲပြောင်းရန်ဆွေးနွေးပါ
မှန်ပါ့
ပြန်လည်သန်စွမ်းရေးဌာနတွင် ဆိုဖီယာ၏ခွန်အား၊ ဟန်ချက်ညီမှု(သို့) ထိန်းညှိနှိုင်မှု တိုးတက်ရန် လေ့ကျင့်ခန်းများလုပ်နိုင်ပါသည်။ ထို့အပြင်ဆိုဖီယာအားလဲကျခြင်း ကို ကာကွယ်ရန် ပတ်ဝန်းကျင်ကိုတတ်နိုင်သမျှအန္တရယ်ကင်းအောင်လုပ်ဆောင်ရန်အကြံဉာဏ်ကို လည်း ပေး နိုင် သည် ။
မှန်ပါ့
ဆုပ်ကိုင်ရန်လက်ရန်း/ဘားသည်ဆိုဖီယာအိပ်ရာမှထပြီးဟန်ချက်ညီစွာ မတ်တပ်ရပ်နိုင်ရန်ကူညီပေးသည်။
မှန်ပါ့
သူမသည် တခြားအထောက်အကူပစ္စည်းများလိုအပ်နိုင်ပါသည် - ဥပမာ၊ အကြား/အမြင်အာရုံချို့တဲ့မှုသည်ဟန်ချက်ညီမှုကို လျော့နည်းစေပြီး လဲကျခြင်းအန္တရာယ်ကို တိုးများပေးသည့်အတွက် လဲပြီးမထနိုင်ပါကကိုယ်ပိုင်အချက်ပြကိရိယာတစ်ခုကို အသုံးပြုနိုင်သည်။
ဖိအားအနာများ
ဖိအားအနာတစ်ခုသည် အရေပြားစုတ်ပြဲပျက်စီးခြင်းကြောင့်ဖြစ်သည်။ ၎င်းသည် အများအားဖြင့် တင်ပါးအနောက်ဘက်(သို့) တင်ပဆုံ အရိုးများကဲ့သို့သောအရိုးများပေါ်တွင် ဖြစ်လေ့ရှိသည်။
ဖိအားအနာများသည် ခံစားမှု(အာရုံခံစားမှု)ဆုံးၡုံးခြင်း (သို့) ရွေ့လျားမှုနှင့်အနေအထားပြောင်းရန်အခက်အခဲရှိသူများ ဖြစ်လေ့ရှိသောပြဿနာတစ်ခုဖြစ်သည်။
လူတစ်ယောက်သည် ဖိအားအနာဖြစ်ဖူးပါက နောက်ထပ်ဖြစ်ဖို့ အန္တရာယ်ရှိသည်။
ဖိအားအနာ တစ် ခုသည်အမှတ်ဒဏ်ရာ တစ် ခုအဖြစ်စတင်နိုင်ပြီး ပိုမိုကြီးမားနက်နဲလာနိုင်ကာရောဂါ ကူးနီုင်သည်အထိ ဖြစ်လာနိုင် ကြောင်းပြသထားသည့် ပုံ များ ကို ကြည့်ပါ ။
အရေပြားအရောင်ရင့်ပေါ်တွင် အနာတစ်ခု၏ ပထမအဆင့်ကို မြင်ရခက်ပေမည်။ အရေပြားသည် အခြားနေရာများထက် ပို၍ပူနွေးခြင်း/(သို့) ရောင်နေခြင်းရှိမရှိစစ်ဆေးပါ။
ဖြူသည့်အရေပြားပေါ်တွင် အနီရောင်၊ပီုမဲသည့်အရေပြားပေါ်တွင် အပြာရောင် (သို့) ခရမ်းရောင်အမှတ်အသားဖြစ်နိုင်သည်။
အနာ များ ပိုမို မဆိုးရွား လာစေရန် အရေးတကြီး ကုသမှု လိုအပ် သည် ။




မပျောက်ကင်းသည့် ဖိအားပေးအနာသည် ပြင်းထန်သောကျန်းမာရေးအန္တရာယ်ဖြစ်သည်။ စောလျင်စွာကုသမှုဖြင့် ပိုမိုဆိုးရွားခြင်းမှကာကွယ်ရန်အရေးကြီးသည် ။
မေးခွန်းမေးပါ–
သင့်မှာ ဖိအားအနာများ ရှိသလား။
လူတစ်ဦးတွင် ဖိအားအနာရှိပါက ဒဏ်ရာကို ဖိအားပေးမှုမှန်သမျှကို ရှောင်ကြဉ်ရန် အကြံပေးပါ။
အနာကုသရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူတစ်ဦးထံလွှဲပြောင်းပါ။
မေးခွန်း
သက်ကြီးရွယ်အိုတစ်ဦးသည် ချည့်နဲ့ပြီး ကျန်းမာရေးမကောင်းချေ။ သူသည် အိပ်ရာထဲတွင် လဲလျောင်းနေပြီး အနေအထားပြောင်းလဲရန် အခက်တွေ့နေသည်။ သူ၏တင်ပါးတွင် ဖိအားအနာရှိသည်။
မည်သည့်လုပ်ဆောင်မှုများကို သင်လုပ်ဆောင်နိုင်သနည်း။
အားလုံး မှန်ကန်ပါသည်
လေးခုစလုံးသည် လုပ်ဆောင်သင့်သည်များဖြစ်ပါသည်။
ခြေဖဝါးဒဏ်ရာ အန္တရာယ်
ခြေဖဝါးစစ်ဆေးရန်လိုအပ်ပါကစစ်ဆေးမှုပုံစံ
မေးခွန်းမေးပါ–
ခြေဖဝါးဒဏ်ရာ(သို့) ဖြတ်တောက်မှု ရှိခဲ့ဖူးပါသလား။
ခြေဖဝါး ဒဏ်ရာ (သို့)ဖြတ်တောက် ခံ ခဲ့ ရ သူ မည်သူမဆို ဒဏ်ရာအကျက်နှေးခဲ့လျှင် ၊ နောက်ထပ် ခြေဖဝါး ဒဏ်ရာရရှိနိုင်သည် ။
ခြေဖဝါးဒဏ်ရာ (သို့) ဖြတ်တောက်ခံခဲ့ရသူတစ်ယောက်သည် ခြေဖဝါး စစ်ဆေးခြင်းကိုအမြဲပြုလုပ်ပါ။
မေးခွန်းမေးပါ–
ခင်ဗျားမှာ(အောက်ပါတို့) ရှိပါသလား
- ဆီးချိုသွေးချိုရောဂါ
- အနာကြီးရောဂါ
- နှလုံး(သို့)ကျောက်ကပ်ရောဂါ
- အနာ၊ ထိခိုက်ဒဏ်ရာ(သို့)ခြေဖဝါးရောင်ရမ်းခြင်း
ဆီးချိုရောဂါ၊ အနာကြီးရောဂါ၊ နှလုံး(သို့)ကျောက်ကပ်ရောဂါရှိသူများသည် ခြေဖဝါးဒဏ်ရာ ဖြစ်နိုင်ခြေရှိသည်။
ဤ အခြေအနေ များ ရှိ သော (ဒဏ်ရာ ၊ ထိခိုက် ဒဏ်ရာ ရ သူ(သို့)ခြေဖဝါးရောင်ရမ်း နေ သူ)မည်သူမဆို ခြေဝါးစစ်ဆေးမှုကိုအမြဲပြုလုပ်ပါ။
မေးခွန်းမေးပါ–
- ဆေးလိပ် သောက် သလား
- အရက် သောက် သလား
- ဖိနပ်မစီးပဲလမ်းလျှောက်လေ့ရှိသလား
ဆေးလိပ်နှင့် အရက် သောက် ခြင်းသည် လူတစ်ယောက်အားခြေဖဝါးဒဏ်ရာ ရရှိခြင်း အန္တရာယ် ကို တိုး များ စေ နိုင် ပြီး ကုသ ရန်အချိန် ကြာ စေစေင် သည် ။
ခြေဖဝါးသည် အကာအကွယ်နည်းသောကြောင့် ဖိနပ်မစီးဘဲ လမ်းလျှောက်ပါက ခြေဖဝါးဒဏ်ရာရရှိခြင်းစေသည်။
ဆေးလိပ်/အရက်သောက်သူ (သို့)ဖိနပ်မစီးပဲလမ်းလျှာက်သူလူတစ်ယောက်သည် ခြေဖဝါး စစ်ဆေးခြင်းကို အမြဲပြုလုပ်ပါ။
မေးခွန်း

အသက် ၆၀ ရှိသည့်ဂျင်ဆန်သည်လမ်းလျှောက်နိုင်သော်လည်းတည်ငြိမ်မှုမရှိဟုခံစားရသဖြင့်လဲကျသွားမည်ကိုစိုးရိမ်နေသည်။
ဂျင်ဆန်တွင် ဆီးချိုရောဂါရှိပြီး လွန်ခဲ့သောတစ်နှစ်က ကျောက်တုံးပေါ် တွင်ခြေဖဝါးပြတ်ရှဒဏ်ရာရခဲ့သောကြောင့် ခြေဖဝါးဖြတ်လိုက်ရပြီး ဒဏ်ရာကုသရန် အချိန်အတော်ကြာခဲ့သည်ဟု ပြောသည်။
ဂျင်ဆန်အား ခြေဖဝါးစစ်ဆေးခြင်းပြုလုပ်သင့်သလား။
ဟုတ်ကဲ့၊ခြေဖဝါးစစ်ဆေးခြင်းပြုလုပ်သင့်ပါသည်။ဂျင်ဆန်သည် ဆီးချိုရောဂါကိုပုံမှန်ကုသမှုခံယူနေခြင်းရှိမရှိကိုလည်းစစ်ဆေးပါ။
မရှိပါကလွှဲပြောင်းပါ။
ခြေဖဝါးစစ်ဆေးမှုမည်သို့လုပ်ဆောင်ရမည်ကိုနောက်ခေါင်းစ်တွင်သင်ယူရပါလိမ့်မည်။