အဓိကအကြောင်းအရာသို့ ကျော်သွားပါ။
သွားလာလှုပ်ရှားမှု

၅။ သင်ကြားပေးပါ။

သင်ခန်းစာ- 3 ၏ 4
ခေါင်းစဉ်- 5 ၏ 5
0% ပြီးမြောက်ပါပြီ

ဤခေါင်းစဉ်တွင်အောက်ပါ အချက်အလက်များကိုတွေ့ရှိနိုင်သည်။

  • ခြေဖဝါးကြည့်ရှုစောင့်ရှောက်ပုံ
  • သင့်တော်သောဖိနပ်များ
  • ခြေဖဝါးကို အထူးဂရုစိုက်ပြီး သင့်တော်သောဖိနပ်များ စီးရန်လိုအပ်သူများကို သင်ပေးရမည့်အဓိကအချက်များ။

ခြေဖဝါးစစ်ဆေးမှုပုံစံက ဤအချက်အလက်ကို အကျဉ်းချုပ်ဖော်ပြထားပါသည်။

ခြေဖဝါး ကြည့်ရှုစောင့်ရှောက်ခြင်း

လူအားလုံးအားခြေဖဝါးဒဏ်ရာအန္တရာယ်နှင့် ခြေဖဝါးကို မည်သို့စောင့်ရှောက်ရမယ်ဆိုသည်ကို သင်ပေးပါ။

ခြေဖဝါးကိုနေ့စဉ်စောင့်ရှောက်ခြင်းဖြင့် ခြေဖဝါးအနာကို ကာကွယ်ပေးနိုင်ကြောင်းခြေဖဝါးအနာအန္တရာယ်ရှိသူတွေကို ရှင်းပြပါ။

သင်ကြားပေးရမည့်အချက်များ-

  • အနီရောင်၊ အရေပြားပျက်စီးမှု၊ ပြတ်ရှခြင်း (သို့) ရောင်ရမ်းခြင်းတို့အတွက် နေ့စဉ် ခြေဖဝါးများကို စစ်ဆေးပါ။ သူတို့သည်-
    • ခြေဖဝါးတစ်ဖက်စီ၏ခြေချောင်းထိပ်ပိုင်း၊ အောက်ခြေနဲ့ ခြေချောင်းကြားကို အနီးကပ်ကြည့်ပါ။ သို့မဟုတ်ပါက မှန်အသုံးပြုပြီးကြည့်ပါ။
    • ပြဿနာတစ်ခုခုရှိပါက ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူတစ်ဦးကို ချက်ချင်းပြသပါ။
  • နေ့စဉ်ရေချိုးပြီးခြေချောင်းများကိုခြောက်သွေ့အောင်ထားပါ
  • ဖိနပ်မစီးပဲ လမ်းလျှောက်ခြင်းကိုရှောင်ကျဉ်ပါ။သင့်တော်သည့် ဖိနပ်များ(ကျန်းမာရေးအထောက်အကူပြု ဖိနပ် (သို့) ဝန်လျှော့ဖိနပ်များ) ဝတ်ဆင်အသုံးပြုပါ။
  • ဆီးချိုရောဂါရှိပါက ကုသမှု မှန်မှန်ယူပါ
  • ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းတို့သည် ခြေဖဝါးဒဏ်ရာအန္တရာယ်ကို တိုးများစေသဖြင့်ရှောင်ကျဉ်ပါ။

လူတစ်ယောက်သည်ကုလားထိုင်ပေါ်တွင်ထိုင်ပြီး ခြေဖဝါးအောက်ခြေကို အနီးကပ်ကြည့်နေသည်။

သင့်တော်သောဖိနပ်များ

သင့်တော်သည့် ဖိနပ်များသည် ခြေဖဝါး ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ပေးသည့်အပြင်လဲကျခြင်းအန္တရာယ်ကိုလည်း လျော့နည်းစေနိုင်သည်။

ခြေချောင်းများကို ဖုံးအုပ်ထားသောဖိနပ်သည်အကောင်းဆုံးဖိနပ်အမျိုးအစားဖြစ်သည်။ သို့သော် ပူပြင်းသောရာသီဥတုတွင်မူ လူတို့သည် ခြေညှပ်ဖိနပ်ပါးကိုသာစီးလိုကြပေမည်။

သင့်တော်သောဖိနပ်များ၏ အသွင်အပြင်များမှာ -

  • ခြေဖနောင့်နိမ့် (ဖိနပ်အပါး)
  • ကောင်းစွာအံဝင်ခွင်ကျဖြစ်ပြီးစည်းနှောင်လို့ရသော ကြိုးပါသည့်ရှူးဖိနပ်
  • ဖနောင့် ထောက်ပံ့မှု( ဖနောင့်ပိတ်(သို့)ဖနောင့်သိုင်းကြိုး)
  • ကျယ်ပြန့်သော ခြေချောင်းနေရာ။ ၎င်းသည်ဦးချွန်မနေရပါ ။
  • ရော်ဘာကဲ့သို့မချောနိုင်သောအောက်ခြေ
  • လေဝင်လေထွက်ကောင်းပြီးကြာရှည်ခံပစ္စည်းများမှာ- သားရေ၊ တာရှည်ခံအထည် (သို့)ပိုက်ကွန်ပုံအထည် တို့ဖြစ်သည်။
  • ခိုင်မာသည့်ထောက်ပံ့မှုဖြစ်ရမည်။ သင့်တော်သောဖိနပ်တစ်ရံသည် ခြေချောင်းများအကွေးအဆန့်ပြုလုပ်နိုင်ရမည်။အလယ်တွင် ခုံးမနေသင့်ပါ။

ခြေချောင်းနေရာများ၊ အတိုးအလျော့ပြုလုပ်နိုင်သည့်ဖိနပ်သိုင်းကြိုးများ၊ ဖနောင့်ထိန်းပါသည့်တပြေးညီကြိုးသိုင်းဖိနပ်

အလျှော့အတင်းလုပ်၍ရသည့်ဖိနပ်ကြိုးများ၊ ဖနောင့်အခံ၊ ဒေါက်နိမ့်၊ အပြင်ခြေနင်းပြား နှင့် ခြေချောင်းနေရာများပါဝင်သည့်အားကစားဖိနပ်။

ခြေချောင်းနားတွင်ကွေးထားသည့်အားကစားဖိနပ်။ အညွှန်းတွင် 'ခြေချောင်းများသာကွေးသည်'ဟု ဖတ်ရသည်။

ရှူးဖိနပ်ရဲ့ အသွင်အပြင်တွေကို ဘယ်လိုစစ်ဆေးရမလဲဆိုတာသိဖို့ ဒီဗီဒီယိုကို ကြည့်ပါ။

လုပ်ဆောင်မှု

အောက်မှာဖော်ပြထားသည့် ဖိနပ်များတွင်မည်သည့် ဖိနပ်က သင့်တော်သည်ဟုထင်သနည်း။

ခြေချောင်းထိပ်တွင်သာအထိန်းပါပြီးထိပ်ချွန်နေသောဖိနပ်ပါး တစ်ရံ။
အောက်ခြေသည်အရမ်းပါးပြီးဖိနောင့်သေးသည်



မသင့်တော်ပါ။

ဖိနပ်၏ ဖနောင့်ပတ်လည်တွင် အခိုင်အမာထောက်ပံ့မှုမရှိပါ။

ချော်လဲ မှု နှင့် ဒဏ်ရာရခြင်း အန္တရာယ် ကို ကာကွယ်ပေးသည့်ထိန်းညှိကြိုးများမပါဝင်သည့်ဖိနပ်ဖြစ်သည်။

ခြေချောင်းများပတ်လည်တွင် နေရာအနည်းငယ်သာရှိပြီးပွတ်တိုက် ခြင်းဖြင့်ဒဏ်ရာများ ဖြစ်ပေါ်လာစေနိုင်သည်။

ဖိနပ်အောက်ခြေက ခြေထောက်ကို မြေပြင်နှင့်ထိခြင်းမှမကာကွယ်ပေးပါ။

ခြေမနှင့် ခြေညိုးကြားတွင် ‌ညှပ်နိုင်သောကြိုးပါသည့် ဖိနပ်အပါးတစ်ဖက်



မသင့်တော်ပါ။

ဖိနပ်၏နောက်တွင် ဖနောင့်ထောက်ပံ့မှုမပါပါ။

ချော်လဲ မှု နှင့် ဒဏ်ရာရခြင်း အန္တရာယ် ကို ကာကွယ်ပေးသည့်ထိန်းညှိကြိုးများမပါဝင်သည့်ဖိနပ်ဖြစ်သည်။

ခြေဖဝါးကိုထောက်ပံ့ပေးရန်အောက်ခြေအထူပါသောဖိနပ်။
ခြေဖဝါး၊ခြေဖမိုးနှင့်နောက်ဘက်တွင် အတိုးအလျော့လုပ်နိုင်သည့်ကြိုးပါရှိပြီး ခြေချောင်းများနေရာနှင့် ခြေဖနောင့်နေရာသည် ပွင့်နေပြီး ကျယ်ပြန့်သောဖိနပ်ပါးတစ်ဖက်။



သင့်တော်ပါသည်။

သူ တို့ တွင် ဖနောင့် နိမ့် ပြီး အောက်ခြေ တွင်သက်သောင့်သက်သာ ရှိ သော ၊ ပျော့ပျောင်း သော ပစ္စည်း များ နှင့် ပြုလုပ် ထား ပြီး ခြေဖဝါး များ ကို မြေပြင် မှ ကာကွယ် ပေး သည် ။

ဖနောင့်ပတ်လည်တွင် အထောက်အပံ့ကောင်းရှိသည်။

ကြိုးကို ချိန်ညှိလို့ရပြီး ခြေချောင်းပတ်လည်တွင်နေရာရှိသည်။

ခြေဖဝါးကိုထောက်ပံ့ပေးရန်အောက်ခြေအထူပါသောဖိနပ်။
ခြေဖဝါး၊ခြေဖမိုးနှင့်နောက်ဘက်တွင် အတိုးအလျော့လုပ်နိုင်သည့်ကြိုးပါရှိပြီး ခြေချောင်းများနေရာနှင့် ခြေဖနောင့်နေရာသည် ပွင့်နေပြီး ကျယ်ပြန့်သောဖိနပ်ပါးတစ်ဖက်။



သင့်တော်ပါသည်။

သူ တို့ တွင် ဖနောင့် နိမ့် ပြီး အောက်ခြေ တွင်သက်သောင့်သက်သာ ရှိ သော ၊ ပျော့ပျောင်း သော ပစ္စည်း များ နှင့် ပြုလုပ် ထား ပြီး ခြေဖဝါး များ ကို မြေပြင် မှ ကာကွယ် ပေး သည် ။

ဖနောင့်ပတ်လည်တွင် အထောက်အပံ့ကောင်းရှိသည်။

ကြိုးကို ချိန်ညှိလို့ရပြီး ခြေချောင်းပတ်လည်တွင်နေရာရှိသည်။

ဆွေးနွေးခြင်း

နမူနာဖိနပ်များ၏အသွင်အပြင်ကို စဉ်းစားကြည့်ပါ။ ၎င်းတို့သည် 'သင့်တော်သည့် ဖိနပ်များ' ဟုသင် ထင်ပါသလား။

သင့်ပတ်ဝန်းကျင်ရှိ အခြားသူများနှင့် သူတို့ဝတ်ဆင်ထားသော ဖိနပ်များကို စဉ်းစားကြည့်ပါ။ ၎င်းတို့သည် သင့်တော်သောဖိနပ်များဖြစ်ပါသလား။

သင့်တော်သည့် ဖိနပ်ပုံစံများအပြင် အံဝင်ခွင်ကျဖြစ်ရန်လည်းလိုအပ်ပါသည်။

လူတစ်ယောက်တွင်ဖိနပ်အံဝင်ခွင်ကျရှိမရှိ စစ်ဆေးခြင်းသည် ကောင်းသော အကြံဖြစ်သည်။သူတို့ကိုယ်တိုင်ဖိနပ်ရွေးချယ်သောအခါ မည်သို့ရွေးချယ်ရမည်ကိုလည်းသင်ပေးနိုင်ပါသည်။

မတ်တတ်ရပ်၍ စစ်ဆေးရန် ထိုသူကို တောင်းဆိုပါ

  • ခြေချောင်းနေရာ -
    • အရှည်ဆုံးခြေချောင်းနှင့်ဖိနပ်ထိပ်သည် လက်မတစ်ခုစာအကျယ်ရှိရမည်။
    • ခြေချောင်းများလွတ်လပ်မြန်ဆန်စွာလှုပ်ရှားနိုင်ရမည်
  • အကျယ် - ဖိနပ်သည် ခြေဖဝါးအကျယ်ဆုံးနေရာတွင် အနီးကပ်ဆုံးအံဝင်ခွင်ကျဖြစ်သင့်သည်။
  • ဖနောင့် -ဖနောင့်နေရာသည်လူ၏ဖနောင့်ပတ်လည်တွင်အနီးကပ်ဆုံး အံဝင်ခွင်ကျ ဖြစ်သင့်ပါသည်။
  • သက်‌တောင့်သက်သာရှိမှု - ဖိအား/ပွတ်တိုက်မှုပေးသည့် နေရာရှိမရှိဆိုတာ စစ်ဆေးပါ။

လမ်းလျှောက်ပြီး စစ်ဆေးဖို့ထို လူကို တောင်းဆိုပါ –

  • သူတို့၏ဖနောင့်သည် ဖိနပ်ထဲတွင်ချော်ခြင်းရှိမရှိ
  • ဖိနပ်သည် သက်သောင့်သက်သာရှိတယ်လို့ ခံစားရပါသလား။

ထို့နောက် ပွတ်တိုက်မှု (သို့)ဖိအားပေးသည့် လက္ခဏာများကို စစ်ဆေးပါ။

ထိပ်ကနေ ပြထားသည့်ဖိနပ်ထဲမှ ခြေဖဝါး။ ခြေချောင်းများနှင့်ဖိနပ်ထိပ်ကြားက နေရာကို မြင်နိုင်ပါသည်။

လူတစ်ဦးသည်အာရုံခံစားမှုလျော့နည်းသွားပါက ဖိနပ်ကို ပွတ်တိုက်နေခြင်း (သို့)ဖိအားပေးခြင်းကို ခံစားရနိုင်မည်မဟုတ်ပါ။

ထိုသူအား ဖိနပ်ဖြင့် မိနစ်အနည်းငယ် လမ်းလျှောက်သွားပြီးလျှင် ဖိနပ် (နှင့် ခြေအိတ်များ ဝတ်ဆင်ထားပါက) ကိုချွတ်ပြီး အနီရောင် (သို့) အခြားဖိအားလက္ခဏာများရှိမရှိခြေတစ်ဖက်စီကို စစ်ဆေးပါ။

အောက်ပါဗီဒီယိုကိုကြည့်ပြီး ဖိနပ်ကို မည်သို့စစ်ဆေးရမည်ကိုကြည့်ပါ။

သင်သည် သင်ခန်းစာ၃ကို ပြီးစီးခဲ့ပြီ