အထောက်အကူပြုပစ္စည်းထောက်ပံ့မှုတွင် မတူညီသော အခန်းကဏ္ဍများ

ခေါင်းစဉ်တိုးတက်မှု -

ဘတ်စကားတစ်စီးကို ဈေးအနီးမှာရပ်ထားသည်။ အမျိုးသားတစ်ယောက်သည် အမျိုးသမီးနှစ်ယောက်အတွက် တံခါးဖွင့်ပေးသည်။ အမျိုးသမီးတစ်ယောက်သည် တုတ်ကောက်ကိုအသုံးပြုသည်။ တံခါးရှေ့တွင်ခြေနင်းတစ်ခုရှိသည်။

လူအများစုသည်အထောက်အကူပြုပစ္စည်းများကိုလူတို့အား ထောက်ပံ့ပေးရာတွင်အခန်းကဏ္ဍအမျိုးမျိုးမှပါဝင်ကြသည်။ ၎င်းတို့မှာ-

  • အထောက်အကူပြုပစ္စည်းလိုအပ်သောသူနှင့် ၎င်းတို့၏မိသားစု
  • အထောက်အကူပြုပစ္စည်းအသုံးပြုမည့်သူတစ်ဦးကို‌ရွေးချယ်ပြီး ရရှိနိုင်သည့်နေရာသို့လွှဲပြောင်းပေးသူများ
  • သင့်လျော်သောအထောက်အကူပြုပစ္စည်းများပေးနိုင်ရန်လေ့ကျင့်ထားသောဝန်ထမ်းများ
  • အထောက်အကူပြုပစ္စည်းအသုံးပြုသူများကိုထောက်ပံ့ရာတွင် အခန်းကဏ္ဍအမျိုးမျိုးမှပါဝင်ကြသည့်ရပ်ရွာအဖွဲ့ဝင်များ
  • ဥပမာ၊ ခေါင်းဆောင်များနှင့် ဆုံးဖြတ်ချက်ချသူများသည်အထောက်အကူပစ္စည်းအသုံးပြုသူများအတွက် နေရာနှင့် သယ်ယူပို့ဆောင်ရေးအတွက်စီစဉ်ဆောင်ရွက်ပေးရမည်။

ထောက်ပံ့ပေးမည့်သူတစ်ဦးသည်မိုက်ကယ်နှင့်သူ၏မိဘများ နှင့်အတူအကဲဖြတ်တွေ့ဆုံမေးမြန်းရန်အုပ်စုဖွဲ့ထိုင်နေကြသည်။

မိုက်ကယ်နှင့် သူငယ်ချင်းသည် သဲလမ်းပေါ်တွင် အတူလမ်းလျှောက်နေသည်။ မိုက်ကယ်သည် ရှေ့မှနေ၍တုတ်ကောက်အဖြူရောင်ကိုအသုံးပြုပြီးလမ်းကြောင်းရှာဖွေသွားလာနေသည်။

မိုက်ကယ်နှင့်တွေ့ဆုံခြင်း

မိုက်ကယ်သည်မျက်မမြင်အဖြစ်မွေးဖွားခဲ့ပြီး ကျောင်းစတက်ရန် သူ၏မိဘများသည် မသန်စွမ်းသူများကို ထောက်ပံ့ပေးသည့် ရပ်ရွာအဖွဲ့အစည်းတစ်ခုအကြောင်းကြားသိခဲ့ရသည်။ သူတို့သည် အဖွဲ့အစည်းနှင့် ဆက်သွယ်ပြီး အကူအညီတောင်းခံခဲ့ကြသည်။

ထောက်ပံ့ပေးမည့်ဝန်ထမ်းတစ်ယောက်သည်မိုက်ကယ်နှင့် သူ့မိသားစုအိမ်သို့လာရောက်လည်ပတ်ခဲ့သည်။ မိုက်ကယ်နှင့် သူ၏ မိသားစုက၎င်းကိုယ်တိုင် လှုပ်ရှားသွားလာလိုကြောင်း ရှင်းပြခဲ့သည်။ ထောက်ပံ့ပေးသောဝန်ထမ်းသည်မိုက်ကယ်အား မျက်မမြင်လမ်းလျှောက်တုတ်တစ်ချောင်း အသုံးပြုပြီးလှုပ်ရှားသွားလာနိုင်သည်ဟုအကြံပြုခဲ့ပြီး စင်တာတွင် အကဲဖြတ်ရန်ချိန်းဆိုမှု တစ်ခုပြုလုပ်ခဲ့သည်။

မိုက်ကယ်အားကျောင်းတက်ရန်၊ စာသင်ခန်းနှင့်ကစားကွင်းပတ်လည်တွင် ဘေးကင်းလုံခြုံစွာသွားလာနိုင်ရန်မျက်မမြင်လမ်းလျှောက်တုတ်တစ်ချောင်းထောက်ပံ့ပေးခဲ့သည်။

မိုက်ကယ်သည် စာသင်ခန်းနှင့် ကစားကွင်းပတ်လည်တွင် ဘေးကင်းစွာ သွားလာနိုင်ပုံနှင့်ပတ်သက်၍ သူ၏အတန်းထဲရှိ အခြားကလေးများအားရှင်းပြပေးခဲ့သည်။ ယခုအခါ လူတိုင်းသည် ကျောင်းပတ်လည်လမ်းကြားများနှင့် လမ်းများတွင် အတားအဆီးများကို ဖယ်ရှားရန် ကြိုးစားနေကြသည်။

မေးခွန်း

  • မိုက်ကယ်အား မျက်မမြင်လမ်းလျှောက်တုတ်အသုံးပြုရန် ကူညီပေးရာမှာ မည်သူများပါဝင်ခဲ့သနည်း။
  • လူတစ်ဦးစီသည်မည်သည့်အခန်းကဏ္ဍမှပါဝင်ခဲ့ကြသနည်း။
  • အဖွဲ့အစည်းနှင့် ဆက်သွယ်ခဲ့ပြီး လည်ပတ်ချိန်အတွင်းမိုက်ကယ်ကို ထောက်ပံ့ပေးခဲ့သောမိုက်ကယ့်မိဘများ
  • မိုက်ကယ့်ဆီသို့ လာရောက်လည်ပတ်ခဲ့ပြီး အကဲဖြတ်ပေးသော ရပ်ရွာအဖွဲ့အစည်းမှ ထောက်ပံ့ပေးသောဝန်ထမ်း
  • မိမိကိုယ်တိုင်လှုပ်ရှားသွားလာချင်သည်ဟုရှင်းပြခဲ့သောမိုက်ကယ်
  • ကျောင်းတွင်တုတ်ကောက်အသုံးပြုမှုကိုထောက်ပံ့ပေးပြီး လမ်းကြားများတွင် အတားအဆီးများလျှော့ချရန် ထောက်ပံ့ပေးသော မိုက်ကယ်၏ဆရာများနှင့် အတန်းဖော်များ

မာသီယပ်စ်နှင့် သူ့ဇနီးသည်ဆေးခန်းမှာထိုင်ပြီး သူနာပြုတစ်ယောက်နှင့် စကားပြောနေကြသည်။

မက်သီယပ်စ်ကို မှတ်မိပါသလား
မက်သီယပ်စ်တွင် ဆီးချိုရောဂါရှိပြီး ဆေးခန်းတွင် သူနာပြုတစ်ဦးနှင့်ပုံမှန်ပြသနေသည်။

ကုသနေစဉ် သူနာပြုကမက်သီယပ်စ်လမ်းလျှောက်နေချိန်တွင် မတည်မငြိမ်လမ်းလျှောက်နေသည်ကို သတိပြုမိသည်။ သူသည်ပင်ပန်းလွယ်သောကြောင့် လမ်းလျှောက်ရန်အခက် တွေ့ နေကြောင်းမက်သီယပ်စ်ကရှင်းပြခဲ့သည် ။

သူနာပြုကမက်သီယပ်စ်ကိုရပ်ရွာအခြေပြုလုပ်သားတစ်ယောက်ဆီ သို့လွှဲပြောင်းလိုက်သည်။ရပ်ရွာအခြေပြုလုပ်သားသည်သွားလာလှုပ်ရှားမှုအတွက်စစ်ဆေးမှုကိုပြုလုပ်ခဲ့ပြီးမက်သီယပ်စ်၏ခြေထောက်ကိုကာကွယ်ရန်သင့်တော်သောရှူးဖိနပ်များနှင့်လမ်းလျှောက်အကူပစ္စည်းဖြင့်သွားလာနိုင်ကြောင်း အကြံပြုခဲ့သည်။လမ်းလျှောက်အကူပစ္စည်းအသုံးပြုမှုအကဲဖြတ်ပြီးနောက်ရပ်ရွာအခြေပြုလုပ်သားကမက်သီယပ်စ်ကို ဘီး၄ဘီးပါလမ်းလျှောက်လက်ကိုင်တွန်းလှည်းထောက်ပံ့ပေးလိုက်သည်။

မက်သီယပ်စ်သည် ဘုရားကျောင်းတွင် လမ်းလျှောက်အကူပစ္စည်းကို အသုံးပြုသည့် ဒုတိယမြောက်ပုဂ္ဂိုလ်ဖြစ်သည်။ ဘုရားကျောင်းကော်မတီမှ လူတိုင်း လွယ်ကူစွာ ဝင်ရောက်သွားလာနိုင်ရန်ဆင်ခြေလျှောတစ်ခုတပ်ဆင်ရန်ဆုံးဖြတ်လိုက်သည်။

ဆေးခန်းသို့ ပြန်လည်ခေါ်ယူကြည့်ရှုသည့်အခါတွင်ရပ်ရွာအခြေပြုလုပ်သားကမက်သီယပ်စ်အား မိမိကိုယ်ကို မည်သို့ဂရုစိုက်စောင့်ရှောက်နေကြောင်း (ကိုယ်တိုင်အိမ်သာသွားခြင်းနှင့် (သို့) ကိုယ်တိုင်ဆေးကြောခြင်း) စသည်များကို မေးခဲ့သည်။ သူ သည် ဆီး မထိန်းနိုင်သဖြင့် အပြင်မထွက်နိုင်ကြောင်းမက်သီယပ်စ် က ပြောခဲ့သည် ။ သူနာပြုနှင့် ပြသပြီးနောက် မက်သီယပ်စ်သည် ရပ်ကွက်အတွင်းသွားလာသည့်အခါ အညစ်အကြေးထိန်းပေးသည့် စုပ်ယူနိုင်သောပစ္စည်းများ အသုံးပြုခြင်းဖြင့် ယုံကြည်စိတ်ချစွာသွားလာနိုင်သည်ဟုပြောဆိုခဲ့သည်။

မေးခွန်း

  • မက်သီယပ်စ်ကို ကူညီပေးရန်နှင့် အထောက်အကူပြုပစ္စည်းများ အသုံးပြုရန် ကူညီပေးရာတွင် ပါဝင်ခဲ့တဲ့သူများမှာ မည်သူတွေနည်း။
  • လူတစ်ဦးစီသည်မည်သည့်အခန်းကဏ္ဍမှပါဝင်ခဲ့ကြသနည်း။
  • မက်သီယပ်စ်သည် အထောက်အကူပစ္စည်းများမှ အကျိုးရရှိမည်ကို သတိပြုမိခဲ့သော သူနာပြုတစ်ဦး၊ သူမက လှုပ်ရှားသွားနိုင်မှုစစ်ဆေးမှုအတွက်ရပ်ကျေးဝန်ထမ်းတစ်ယောက်ဆီစေလွှတ်ခဲ့သူ၊ ဆီးမထိန်းနိုင်မှုကိုအကဲဖြတ်ဖို့ကူညီခဲ့သူ
  • မက်သီယပ်စ်ကိုလမ်းလျှောက်အကူအညီအတွက်အကဲဖြတ်ခဲ့သောရပ်ရွာအခြေပြုလုပ်သား
  • လမ်းလျှောက်ဖို့ ခက်နေသည့်အပြင်ဆီးမထိန်းနိုင်မှုကြောင့် အပြင်မထွက်ချင်ဘူးလို့ ရှင်းပြခဲ့သောမက်သီယပ်စ်
  • ဘုရားကျောင်းတွင် သူ၏လမ်းလျှောက်အကူပစ္စည်းကို အောင်မြင်စွာအသုံးပြုနိုင်ရန် သေချာစေခဲ့သောဘုရားကျောင်းအသိုင်းအဝိုင်း။

ကျွန်ုပ်တို့တွေ့ ရှိခဲ့သည့်အတိုင်းလိုအပ်သောအထောက်အကူပြုပစ္စည်းများထောက်ပံ့ပေးရာအခန်းကဏ္ဍတစ်ခုတွင်ပါဝင်သောလူများစွာရှိသည် ။

သင်ခန်းစာ၂ပြီးပါပြီ

မေးခွန်းများ (သို့)မှတ်ချက်များ ရှိလျှင်ဆွေးနွေးပွဲ ဖိုရမ်မှာ တင်ထားပါ။

ဆွေးနွေးပွဲ ဖိုရမ်